၅၅
8.4K 1.4K 22
အခန်း (၁၇.၄)
~~~~~~~~~~~~~
သို့ပေမယ့် ကလေးလေးသည် မြန်မြန်ပဲ သူ့ကိုယ်သူပြန်ထိန်းသွားနိုင်သည်။ စာသားတစ်ကြောင်းဆိုပီးသွားချိန်မှာပဲ သူ့လုပ်ရပ်ကိုယ်သူ ပြန်သတိထားမိသွားတာကြောင့် လျင်မြန်စွာပါးစပ်ကို ပိတ်လိုက်သည်။ တစ်ဖက်က အန်တီယန်ကတော့ စန္ဒယားတီးရင်း သီချင်းကို ဆက်ဆိုနေဆဲဖြစ်ကာ ရပ်သွားမည့်ပုံလည်းမပေါ်ပေ။ သူက သီချင်းအတူလိုက်ဆိုဖို့ သဘောတူပီးသွားပီဖြစ်တာကြောင့် အခုနေမှ ကိုယ့်စကားကိုပြန်ရုပ်သိမ်းရင်လည်း အရမ်းရှက်စရာကောင်းမည်လေ။ သူမမျက်နှာကို အကြိမ်အနည်းငယ်ကြည့်လိုက်ပီး စိတ်ထဲတော်တော်လေးဝေခွဲမရဖြစ်ပီးနောက်ဆုံးမှာတော့ သူသည် သူမနှင့်အတူ သံစဉ်ကို လိုက်ညည်းနေလိုက်သည်။
ဒီတစ်ခေါက်တော့ သင်ခန်းစာရသွားပီဖြစ်သည်။ သူသည် ပါးစပ်ပိတ်လျက်ပဲ လိုက်ညည်းကာ "la la lah"အပိုင်းရောက်တော့မှသာ ပါးစပ်ကိုဖွင့်တော့ဒါကြောင့် သူ့အသံကို တော်ရုံဖြင့် မကြားရပေ။
ယန်ရှုယွီသည် ဒီလိုအသေးစိတ်လေးတွေကို လိုက်ဂရုစိုက်မနေပေ။ သူမဘာသာသီချင်းသာဆိုနေသည်။ ကလေးပေါက်စလေးက သူမနဲ့အတူလာဆိုတာက သူမအတွက် ပိုပီးပျော်စရာတောင်ကောင်းသွားသည်လေ။ သီချင်းပီးသွားသည့်အခါမှာတော့ ယန်ရှုယွီက သူမ၏ဖျော်ဖြေပွဲလေးက အရမ်းကိုပြည့်စုံတယ်လို့ ခံစားလိုက်ရပီး သူမ တွဲဖက်ပေါက်စလေးနှင့် လက်ဝါးခြင်းရိုက်လိုက်သည်။
ဒီလူကြီးနှင့်ကလေးပေါက်စတို့နှစ်ယောက်၏ ပြီးပြည့်စုံတဲ့ဖျော်ဖြေမှုအပီးမှာတော့ တွဲဖက်ပေါက်စလေး၏အဖေကပါ သူမရှိရာသို့ရောက်လာပီး "ရှောင်ယိတော်တော်လေး သဘောကျနေတာပဲ သူက အခုတစ်လောမှ စန္ဒယားသင်တန်းစသင်နေတာလေ ကြည့်ရတာ အန်တီယန်က မင်းကို အခုကစပီး နည်းနည်းပါးပါးသင်ပေးလို့ရပီထင်တယ်?"
ကျိုးချင်းဟယ်၏ခုံက စန္ဒယားဘေးမှာပဲဖြစ်သည်။ အခုလို သီချင်းကပီးသွားချိန်မှာတော့ ယန်ရှုယွီသည် ထိုလူမတ်တပ်ရပ်နေတာမဟုတ်တာတောင်မှ သူ့ကို ရှင်းရှင်းလင်းလင်းမြင်နိုင်လေသည်။ သူမသည် သိချင်စိတ်ကြောင့် ကျိုးယိကို ငုံ့ကြည့်လိုက်ပီး "မင်းက ဒီသီချင်းကို သင်ချင်တာလား?"