၁၂၀
4.8K 580 10
အပိုင်း (၁၂၀)
~~~~~~~~~~
သူမ၏ 'သစ္စာအရှိဆုံးဖန်ကြီး'ကို အခုလိုလန့်ဖြန့်သွားအောင် ဝေးဝေးပို့လိုက်နိုင်တဲ့အတွက် သူမပျော်နေရမှာဖြစ်ပေမယ့် ဒီဖြစ်ရပ်ကြီးက ဒီလိုပဲဖြစ်သွားမယ်ဆိုရင်တော့ သူမပျော်သွားမှာလည်းမဟုတ်ပေ။ တကယ်တော့ သူမတကယ့်ကိုစိတ်ဘဝင်မကျဖြစ်နေတာပင်။ ဘာပဲဖြစ်ဖြစ် သူမကိုယ်သူမ ခေါင်းမော့ရင်ကော့ပီး နေချင်သေးသည်လေ။
နတ်ဘုရားမလိုအလှလေးတစ်ယောက်လိုဖြစ်ရသည့် ဒုက္ခကလည်းရှိသေးတယ်ဆိုတော့ တံခါးဖွင့်နေသည့်သူမ၏လှုပ်ရှားမှုက ပိုပိုပီးနှေးလာတော့သည်။ နှေးလွန်းလို့ သူမဘေးက ကလေးလေးကတောင် မစောင့်နိုင်တော့ပဲ ဝင်ပြောလာတော့သည်။ "မေမေ သားကူပေးမယ်လေ"
ကလေးလေးက သူ့လက်သေးသေးလေးနှစ်ဖက်ကို သူမလက်ပေါ်တင်လာပီး သူမလက်အား တွန်းထုတ်လိုက်သည်။ နောက်ပီး တံခါးကိုတန်းပီးဖွင့်လိုက်တော့၏ ။
အခန်းတွင်းမှာတော့ မီးအလင်းရောင်မရှိပါပဲ ပြတင်းပေါက်ရှိခန်းဆီးလေးကြားကနေ ဝင်လာသည့်အလင်းလေးသာရှိသည်။ လမ်းမီးရောင်နှင့်နီယွန်မီးရောင်တို့နှင့်ပင် အခန်းက လုံလောက်အောင် လင်းနေပီဖြစ်သည်။ တံခါးပေါက်တွင် ရပ်နေရင်း လျှောက်လမ်းကျဉ်းကျဉ်းလေးရယ် မီးဖိုခန်းသေးသေးလေးရယ် နှင့် အိပ်ခန်းရယ်ကို မြင်နေရပီဖြစ်သည်။ လေးပင်လွန်းလှသည့်ပူပန်မှုကြီးကို ထမ်းပိုးထားသည့် ယန်ရှုယွီသည် မနေနိုင်ပါပဲ ဘော့စ်အား တစ်ချက်ခိုးကြည့်လိုက်သည်။
ကြည့်ရတာ သူမကြိုတင်ပြောပြထားတာ အလုပ်ဖြစ်သွားပုံပဲ။ ကျိုးချင်းဟယ်သည် အခန်းအား တစ်ချက်သာကြည့်လိုက်ပီး မျက်မှောင်အနည်းငယ်ကျုံ့သွားပေမယ့် သူ့ပုံမှန်မျက်နှာအနေအထားအတိုင်း ချက်ချင်းပြန်ဖြစ်သွားသည်။ သူသည် ယန်ရှုယွီဖက် ပြန်ကြည့်လိုက်တော့ အကြည့်ချင်းဆုံသွားသည်။ သူ့အကြည့်တွေကတော့ ထုံးစံအတိုင်း တည်ငြိမ်နေမြဲဖြစ်ကာ သူမနေသည့်နေရာက ထင်ထားသည့်အတိုင်းစုတ်ချာနေမည်ဆိုတာကို တွေးထင်ပီးသားလိုပုံစံပင်။
ဘော့စ်ကတော့ တကယ့်ကို ဘော့စ်ပါပဲ။ သူက နည်းနည်းလေးတောင်မှမတုန်လှုပ်သွားဘူး။ ယန်ရှုယွီမှာတော့ ပျော်ရမလား ဝမ်းနည်းရမလားတောင် မသိတော့သည်အထိပေ။ သူမနည်းနည်းအတွေးလွတ်သွားတာကြောင့် သူမခိုးကြည့်နေတာကို မိသွားမှန်း နောက်မှသိလိုက်ရသည်။ အခြေအနေကို ပိုပီးချော့မွေ့သွားအောင် သူမစကားပြောလိုက်သည်။ "အခန်းကတော့ နည်းနည်းရှုပ်နေတယ် ဘော့စ် .... စိတ်ထဲမထားပါနဲ့ ဟဟဟ"