၉၃
5.6K 915 12
အပိုင်း ၉၃
~~~~~~~~~
သူမအရမ်းကို အ​ကောင်းမြင်လွန်းနေတယ်ဆိုတာကို မြန်မြန်လေးပဲသိသွားသည်။ ဘော့စ်ကျိုးတစ်ယောက် အမယန်ကို မြင်ပီးသွားရင် သူ့စိတ်အခြေအနေက ပိုကောင်းသွားမလားဆိုတာကို သူမမသိပေမယ့် သူမပြောနိုင်တာကတော့ ဒါက အမယန်ဖက်က ဖြစ်အောင်လုပ်ထားတာပဲလေ။ ဘော့စ်ကျိုးက လူတိုင်း၏အာရုံကို ဆွဲဆောင်ထားနိုင်ပီး သူ့အဆင့်အတန်းနှင့်ရုပ်ရည်က သူမနှင့်မျက်နှာချင်းဆိုင်တွင်ထိုင်နေသည့် အမျိုးသားထက်တော့မနိမ့်ပေ။
ဒါ့ပြင် ဘော့စ်၏သားလေးက သူမတို့ဆိုင်က လာဘ်​ကောင်အရုပ်လေး ယွမ်ပေါင်လောက်ကို အရမ်းချစ်ဖို့ကောင်းသည်လေ။ သားအဖနှစ်ယောက်လုံးက ဘယ်ကိုသွားသွား လူအများ၏အာရုံစိုက်ခံရမှု အလယ်ကိုရောက်နေမည်သာဖြစ်သည်။ ဒါပေမယ့် အခုတော့ သူတို့ရောက်လာသည့်အချိန်ကနေစပီး ယန်ရှုယွီ၏စားပွဲရှိရာစီသို့သွားနေသည့်တိုင်အောင် ယန်ရှုယွီ၏အာရုံအလုံးစုံက သူမရှေ့တွင်ရှိသည့်လူချောလေးထံတွင်သာရှိနေပီး ဘော့စ်သားအဖရှိရာဖက်ကို တစ်ချက်လေးတောင်လှည့်မကြည့်လာဘူးလေ။
ဒီအသစ်ရောက်လာတဲ့အကိုကြီးက ရုပ်ရှင်စတားလိုမျိုးပုံပေါက်တယ်လို့ လင်းလင်းခံစားရပေမယ့်လည်း ဘော့စ်ကျိုးက သူမတို့ဆီလာနေကြဧည့်သည်တစ်ယောက်လေ။ ဘေးကချစ်စရာကလေးလေးကိုပါထည့်တွက်လိုက်ရင် သူမသည် ဘော့စ်ဖက်ကဖြစ်သည်။
ဘော့စ်ကျိုးကိုယ်စား သူမသည် အမယန်၏ရက်စက်မှုတွေကြောင့် ဒေါသတောင်ထွက်မိသည်။
ထိုသို့တွေးလိုက်ပီးသည့်နောက်တော့ ဘော့စ်ကျိုးကနေပီး ရောက်သည်နှင့် အမယန်ရှိရာဆီသို့ အမြန်ဆုံးလမ်းကနေသွားလိုက်တာက ကောင်းတယ်လို့ လင်းလင်းမထင်တော့ပေ။ သူမသည် စိတ်မကောင်းဖြစ်မိသည်။ ဒါပေမယ့်လည်း သူမက ဒီတိုင်းသာမန်ဘာအာဏာမှမရှိသည့်စားပွဲထိုးလေးတစ်ယောက်လေ။ သူမက ဘာများလုပ်ပေးနိုင်မှာလဲ?
မုန်တိုင်းကြားထဲ ရောပါသွားတာမျိုးမဖြစ်ရလေအောင် လင်းလင်းသည် သူမကို ဘယ်သူမှသတိမထားမိခင် တစ်ချိုးထဲလစ်ထွက်လိုက်ဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။ သူမလစ်မထွက်သွားခင်မှာပဲ ယန်ရှုယွီအတွက် စဉ်းစားပေးလိုက်ပီး "အမယန်ရေ အမဆီထားခဲ့ပီ"လို့ ပြောခဲ့လိုက်သည်။