အပိုင်း (၁၂၈)
ခဏလောက်အသံတိတ်သွားပီးနောက် သူမသည် သူမကံတရားကိုသာ လက်လျော့လိုက်ပီး သူ့အား ခေါင်းညိမ့်ပြလိုက်သည်။ ထိုအချိန်၌ ဘော့စ်ထံမှ နှာခေါင်းရှုံ့သံကို သူမကြားလိုက်ရပီး "ကောင်းပီလေ အနည်းဆုံးတော့ မင်းက ကိုယ့်အကြောင်းကိုယ်တော့ သိသေးတာပဲ"
ယန်ရှုယွီသည် ပြောစရာစကားကင်းမဲ့သွားတာကို နောက်တစ်ကြိမ် ထပ်မံခံစားလိုက်ရသည်။ သူမက နောက်ထပ်ပိုကောင်းတဲ့တစ်ခုအပေါ် အမြဲစိတ်ညွှတ်သွားသည့်သူတစ်ယောက်ဆိုသည့် သူမပုံပြင်ကို ဘော့စ်က အခုယုံသွားတော့ သူ့ဖက်ကနေပီး သူမနှင့်တွဲမည့်အကြောင်းကို ဘာလို့ ဆက်ပြောနေသေးတာလဲ? ဘာကြောင့်လဲ? တကယ်ကို ဘာ ကြောင့် လဲ???
ပြောစရာရှိသမျှလဲ ပြောပီသွားပီ။ အခုတော့ သူမ အရမ်းစိတ်တိုလွန်းလို့ စကားတောင် ထပ်မပြောချင်တော့ဘူး။ ကျိုးချင်းဟယ်ကို ကြည့်ရတာ သူ့စိတ်ဝင်စားမှုက ပြန်ရောက်လာပုံပဲ။ သူသည် ဖန်တီးပီးတော့ကို ပြောလာသည်။ "ကိုယ့်အရည်အချင်းတွေက ကြည့်ကောင်းတာ၊ ချမ်းသာတာ နဲ့ သဘောထားကြီးတာဆိုပီး မင်းဖက်က ထပ်ကာတလဲလဲ အသားပေးပြောနေသလိုပဲ အဲ့လိုဆိုတော့ ဒီလိုအရည်အချင်းတွေကို ပိုင်ဆိုင်တဲ့ ယောက်ျားတွေလိုမျိုးကိုသာ မင်းဖက်က စိတ်ဝင်စားတယ်လို့ ကိုယ်မှတ်ယူလိုက်လို့ရလား?"
ထပ်ကာတလဲလဲပြောမိတယ်လို့ ငါတော့ မမှတ်မိပါဘူး။
ယန်ရှုယွီသည် နည်းနည်းတော့ စိတ်ရှုပ်ကာ ဝေခွဲမရဖြစ်နေပေမယ့် သူ့၏နောက်ဆုံးသုံးသပ်ချက်က တိကျကြောင်းတော့ သူမဝန်ခံရမည်။ ဟုတ်တယ်လေ သူမက အရပ်ရှည်၊ ချမ်းသာပီး ရုပ်ချောမှသာ သဘောကျတာ၊ အဲ့လောက်ကို သူမက စိတ်သဘောထားသေးသိမ်တာ~
ဘော့စ်ရဲ့အကြောင်းအရာလိုရင်းကို အမိအရနားလည်နိုင်သည့် အံ့မခမ်းဖွယ်အရည်အချင်းအပေါ် သူမသည် ကြေကွဲနေမိသလောက် ယန်ရှုယွီသည် ပျော်ပျော်ကြီးကို ဝန်ခံလိုက်သည်။ "ဟုတ်တယ် အနည်းနဲ့အများပေါ့"
"ကောင်းပီလေ ဒါဆိုရင် ..." ကျိုးချင်းဟယ်သည် ရှေ့သို့ အနည်းငယ်ကိုင်းလိုက်ပီး သူမအားတည့်တည့်ကြည့်ကာ မေးလိုက်သည်။ "ဒါဆိုရင် မင်းအခုစိတ်ဝင်စားနေတဲ့အချစ်သစ်က ဘယ်သူလဲ?"
YOU ARE READING
RomanceAuthor(s) 清越流歌 Status in COO 100 Chapters + 3 Epilogues (Complete) English Translator(s) Fuyu Neko Fringe Alpaca Bamboo Spirit Fringe Manatee If you want to read original English translation, you all can read at novelupdates. Here link: https://www...