၆၈
7.6K 1.3K 30
အခန်း (၂၀.၄)
~~~~~~~~~~~~~
ယန်ရှုယွီသည် မျက်နှာပြောင်တိုက်ပီးသာ ညာလိုက်သည်။ "ဥက္ကဌကျိုးကိုကြည့်ရတာ ဘဝကိုပျော်ပျော်ကြီးအချိန်ကုန်တတ်တဲ့သူတစ်ယောက်ပုံပဲလို့!" သူမသည် လက်မနှစ်ချောင်းလုံးတောင်ထောင်ပြလိုက်ပီး သူမပြောသည့်စကားကိုထောက်ပံ့လိုက်သေးသည်။
သူမကတော့ သူ့ကိုရှေ့ထားပီးလိမ်လိုက်မှန်း ကျိုးချင်းဟယ်က သေချာပေါက်ကိုသိပေမယ့် အခုလိုချီးမွမ်းခံရတော့လည်း ပျော်သွားမိသည်လေ။ သူသည်အသံထွက်ရယ်လိုက်ပီး သူမဘေးတွင်ထိုင်လိုက်ကာ လက်ထဲတွင် ပုံမှန်ထက်နှစ်ဆပိုကြီးသည့်ပေါက်ပေါက်ကြီးက သူ့စတိုင်လ်နှင့်လုံးဝတော့မကိုက်ပေ။
ဇာတ်ကားပြဖို့ကလည်း အချိန်နည်းနည်းကျန်သေးသည်။ ယန်ရှုယွီသည် ဒီဘော့စ်နှင့်ဘာအကျိုးမှမရှိသည့်အလာပသလာပစကားတွေဆက်မပြောချင်တာကြောင့် ပါးစပ်ထဲအစားသာဖြည့်နေဖို့ ဆုံးဖြတ်လိုက်သည်။ သူမသည် ဘော့စ်ဒူးပေါ်တင်ထားသည့်ပေါက်ပေါက်ဗူးကို သက်တောင့်သက်သာဖြင့် လက်ကိုလှမ်းလိုက်သည်။
ဒါက အရမ်းကိုမှန်ကန်သည့်ဆုံးဖြတ်ချက်ဖြစ်သွားသည်။ ပေါက်ပေါက်က သကြားအညိုထူထူတစ်ထပ်အုပ်ထားပီး ကြွပ်ရွနေတာကြောင့် လုံးဝသူမအကြိုက်ကိုဖြစ်နေသည်။ သူမသည် စစားပီဆိုကတည်းက မရပ်တော့ပေ။ သူမသည်ပေါက်ပေါက်စားနေရင်း ဘော့စ်ကိုတောင်ပြောလိုက်သေးသည်။ "ဒီကပေါက်ပေါက် တော်တော်အရသာရှိတာပဲ ရှင်လည်းစားကြည့်လေ!"
ကျိုးချင်းဟယ်သည် အခြားသူတွေနှင့်တူညီအောင် ပေါက်ပေါက်ကိုဝယ်လာတာမဟုတ်။ သူဝယ်လာရသည့်အကြောင်းရင်းကတော့ အစောနက သူလက်မှတ်ဖြတ်နေရင်း ဘေးနားက ကောင်မလေးက သူ့ကောင်လေးကိုပေါက်ပေါက်ဝယ်ပေးဖို့ ပူဆာနေတာကိုကြားလိုက်ရတာကြောင့် ယန်ရှုယွီများ ဒီလိုမုန့်ကိုစားရတာနှစ်သက်လောက်မလားဆိုသည့်အတွေးဖြင့် ဝယ်လိုက်ခြင်းဖြစ်သည်။
အကုန်လုံးပြောကြတာကတော့ သူမသည် single momတွေရဲ့စံပြတစ်ယောက်လို့ပြောပေမယ့် သူတို့တွေ တွေ့ဆုံသည့်အခါတော်တော်များများကြော်င့ သူမဘယ်လိုကြိုက်တယ်ဆိုတာကို သူတော်တော်ကောင်းကောင်းလေးသိနေပီဖြစ်သည်။ သူမအကျင့်က အလိုလိုက်ခံထားရသည့်ကောင်မလေးပုံစံမျိုးဖြစ်သည်။ ဒါကြောင့် သူမသည်လည်းပဲ တစ်ခြားကောင်မလေးတွေနှစ်သက်တာကို နှစ်သက်မည်လို့ သူယူဆလိုက်ပီး သူလက်မှတ်ဝယ်ပီးသည်နှင့် ပေါက်ပေါက်ကိုတန်းပီးသွားဝယ်လိုက်တာပဲဖြစ်သည်။