၁၈၃
1.7K 221 0
အပိုင်း (၁၈၃)
ပိတ်ရက်တွင် ရှော့ပင်းမောလ်က လူပြည့်လျှက်ရှိပြီး အရုပ်ကောက်စက်တွေ၌ ကောင်မလေးတွေနှင့်ကလေးတွေ အများဆုံးပင်။ နေ့လည်စာစားချိန်မှာတောင်မှ လူတွေအများကြီးက အရုပ်ကောက်စက်ကိုဆော့သေးသည်။ ယန်ရှုယွီတို့လည်းပဲ အားနေသည့်စက်တစ်လုံးကိုရှာကာ လေးယောက်သားအလှည့်ကျဆော့ကြသည်။ ယန်ရှုယွီသည် လူကြီးလိုဟန်ထုတ်လိုက်ပြီး ပြောလိုက်သည်။ : "ကလေးတွေအရင်ဆော့ကြ တစ်ယောက်ကို ၁၀ခေါက်ပဲဆော့လို့ရမယ်နော် ၁၀ခေါက်ထပ်အကျော်စေရဘူး"
ကလေးတွေနှင့်လိုက်ကပ်တွက်နေတာကြောင့်အံ့အားသင့်သွားပြီး ကျိုးချင်းဟယ်သည် ယန်ရှုယွီအား ကြိတ်မှိတ်လက်ခံပေးလိုက်ရသည့်အကြည့်မျိုးပေးလိုက်သည်။ ဒါပေမယ့် သူမဘယ်လောက်တောင်စိတ်လှုပ်ရှားနေလဲဆိုတာကို မြင်လိုက်ရတော့လည်း နောက်ဆုံးတော့ သူမပြောသမျှကို အသံတိတ်ပဲသဘောတူလိုက်သည်။
ကျန်းယွမ်ကျားသည် အကိုကြီးတစ်ယောက်လိုမျိုး ကျိုးယိ၏လက်ကို အခုထိတွဲထားသေးတာဖြစ်သည်။ စိတ်လှုပ်ရှားနေတာကြောင့် အသက်ကိုပြင်းပြင်းရှုသွင်းလိုက်ပြီး ပြောလိုက်သည်။ "၁၀ခေါက်ပဲကြိုးစားလို့ရမယ် ဒါကြောင့်ငါတို့အကောင်းဆုံးလုပ်မှရမယ် ငါအရင်စမယ် ငါဘယ်လိုလုပ်လဲဆိုတာ မင်းသေချာကြည့်ထားနော် အိုကေ?"
ကျိုးယိသည် လိမ်လိမ်မာမာလေးဖြင့် ခေါင်းညိမ့်လိုက်ပြီး "အိုကေ"
"အိုကေ ငါအခုစတော့မယ် သေသေချာချာလေးကြည့်ထားနော်" ကျန်းယွမ်ကျားသည် သူ့ထပ်နည်းနည်းမြင့်သည့် အရုပ်ကောက်စက်ရှေ့တွင် ရပ်လိုက်သည်။ သူလေသံက အရမ်းလေးနက်နေပုံက မသိရင် ပြိုင်ပွဲကြီးကြီးမားမားထဲကို ဝင်တော့မည့်အလားပင်။ ကျိုးယိလည်းပဲ မျက်လုံးကိုကျယ်ကျယ်ဖွင့်ထားပြိး ဒီအကိုကြိးပေါက်စမှ ဘယ်လိုလုပ်လဲဆိုတာကို အသေအချာစိုက်ကြည့်နေသည်။
နောက်တစ်စက္ကန့်တွင် ကလေးနှစ်ယောက်ကြားထဲ ခေါင်းအပိုတစ်လုံးထွက်လာသည်။ ယန်ရှုယွီသည်လည်းပဲ စိတ်လှုပ်ရှားစွာဖြင့် လာကြည့်လေသည်။