၇၈
6.1K 971 4
အခန်း (၂၃.၁) - ဘော့စ်က သူ့စိတ်ထဲမှာ ဘာတွေများတွေးနေတာလဲ?
~~~~~~~~~~~~~~~~~
ရန်ကျီဖန်သည် သူပြောသည့်စကားကိုတည်သူဖြစ်သည့်အလျောက် လျှပ်စစ်စန္ဒယားကို ထုတ်ပိုးပီး ယန်ရှုယွီဆီသို့ အိမ်တိုင်ရာရောက်ပို့ပေးကာ သူမအတွက် တပ်ဆင်ပေးလိုက်သည်။ ဒါကြောင့် ကလေးလေးကျန်းယွမ်ပေါင်မှာ နေ့ကော ညကော စန္ဒယားလေ့ကျင့်ခြင်းကြောင့် အလုပ်များနေတော့သည်။
ယန်ရှုယွီကနေပီး သူမသားကို အရင်က စန္ဒယားသင်ပေးတာသည် ဒီတိုင်း အပျော်သဘောဖြင့်သာဖြင့်ပီး ဘာဖိအားမှမပါပေ။ အခု သူမသားက စန္ဒယားကို တကယ်အလေးအနက်သင်ယူတော့မည်ဖြစ်တာကြောင့် ဖိအားက အဆမတန်ကိုမြင့်မားသွားသည်။ သူမသည် တစ်ချိန်တည်းမှာပဲ အလုပ်လည်းမပျက်မကွက်ဖြစ်အောင်စီစဉ်ရသလို သူမသားကိုလည်း လေ့ကျင့်ပေးတာကို မပျက်ကွက်အောင်ဂရုစိုက်ရပေးသည်။ သူမအတွက် တစ်ခါမှဒီလောက်ထိ အလုပ်မများဖူးပေ။
ဒါပေမယ့်လည်း ဒါက ယန်ရှုယွီ၏ကိုယ်ပိုင်ရွေးချယ်မှုဖြစ်တာကြောင့် သူမအတွက် ညည်းညူနေလို့မရပေ။ ဒါက သူမ၏သဘာဝမိခင်စိတ်ကြောင့်မဟုတ်ပဲ ကလေးပေါက်လေးက ကိုယ်မတ်မတ်ထိုင်ပီး စန္ဒယားကို တီးနေတာမြင်ရတိုင်း သူမမျက်လုံးထဲတွင် မန်နေဂျာရန်ပြောသွားသည့် အနောက်တိုင်းဝတ်စုံပြည့်ဝတ်ထားပီး မိန်းကလေးတိုင်းကစွဲလန်းမြတ်နိုးရသည့်မင်းသားလေးအဖြစ် ပြောင်းသွားကြောင်းကို မြင်မိသွားသည်။
ဝတ္ထုထဲတွင် ဒီကလေးလေးသည် ဇာတ်လိုက်နှင့် အရာရာတိုင်းခြေရာလိုက်တိုင်းချင်နေသည့် အဆိုးတကာ့အဆိုးဆုံးဗီလိန်ဖြစ်သည်လေ။ ဇာတ်လိုက်လေ့လာသင်ယူသမျှကို သူလိုက်သင်ရမှကျေနပ်သည်။ ဒါက နည်းနည်းတော့ကြိုးကိုင်ခြယ်လှယ်သည့်သဘောရောက်ပေမယ့် တကယ်တမ်းမှာတော့ သူက သူ့ကိုယ်ပိုင်ယုံကြည်မှုမရှိတာဖြစ်သည်။
ဒါပေမယ့် အခုတော့ သူမကူးပြောင်းလာတာ တစ်လကျော်လေးမှာပဲ ဒီဗီလိန်လေးက သူမဆီကနေ ကိုယ်တိုင်သင်ယူချင်စိတ်ဖြစ်သွားပီး လူနေမှုအသိုင်းအဝိုင်းအထဲက သာမန်လူတစ်ယောက်လိုဖြစ်လာပီလေ။ ဒါက ဘာလဲဆိုတော့ ဒီကလေးလေးအပေါ် သူမ၏သက်ရောက်မှုက အကောင်းဖက်ရောက်သွားပီး ဗီလိန်လေးကို လမ်းမှန်ရောက်သွားစေနိုင်သည်လေ။ သူမသည် သူမကိုယ်သူမ ဂုဏ်ယူလို့မဆုံးပေ!