၀၈
11K 1.5K 20
အခန်း (၃.၂)
အိပ်ခန်းတစ်ခန်းပဲပါသည့်အခန်းလေးဆိုပေမယ့်လည်း အထဲတွင်တော့ လိုအပ်သည့်facilityတွေအပြည့်အစုံရှိသည်။ အခန်းဝင်သည့်လမ်းတွင် မီးဖိုခုံနှင့်အနံ့စုပ်စက်ရှိသည်။ ထိုနေရာတွင် အတွင်းစီးဖိနပ်ကိုလဲလှယ်နိုင်ပီး ထိုနေရာတွင်လည်း ချက်ပြုတ်နိုင်သည်။
ယန်ရှုယွီသည် အိမ်တွင်းစီးဖိနပ်ပါးလေးကိုလဲလိုက်သည်။ ရေချိုးခန်းသည် လျှောက်လမ်းလေး၏ညာဖက်တွင်ရှိသည်။ သူမသည်ဖြတ်လျှောက်သွားရင်းမှ အထဲကိုကြည့်လိုက်သည်။ အထဲတွင်အဝတ်လျှော်စက်လေးရှိပီး အဝတ်လှန်းရန်နေရာသေးသေးလေးလဲရှိသည်။
ယန်ရှုယွီတစ်ယောက် အခုတော့ပိုပီးတော့တောင်မှ ပျော်သွားသည်လေ။ ဘာကြောင့်ဆို အဝတ်တွေကိုလက်နဲ့လျှော်စရာမလိုတော့ဘူးလေ။ သူမသည် ပျော်သွားလို့ ပြုံးလိုက်မိသည်။ သူမပျော်ရွင်နေသည့်အပျော်လေးသည် အိပ်ယာပေါ်မှာထိုင်နေသည့်ကလေးလေးကို မတွေ့ခင်သည်အထိသာ ခံလိုက်သည်။
နဂိုပိုင်ရှင်ဆီမှာကလေးလေးတစ်ယောက်ရှိမှန်း ယန်ရှုယွီသိထားပီး ထိုကလေးလေးသည် နဂိုပိုင်ရှင်နှင့်အတူ မကောင်းသည့်လုပ်ရပ်တွေအကုန်လုံးကိုလုပ်မည်ဆိုတာကိုလည်းသိထားပီး နောက်ဆုံးမှာတော့ အရံအမြောက်စာလေးတွေ၏ဇာတ်သိမ်းအတိုင်းဆိုးရွားသည့်ဇာတ်သိမ်းကိုရလိုက်သည်ကိုလည်း သိထားသည်လေ။ ဒါပေမယ့် သူမက အမေတစ်ယောက်လိုပုံစံရှိသည့်မိန်းကလေးတစ်ယောက်မဟုတ်ပေ။ ကလေးတစ်ယောက်လုံးအကောင်အထည်လိုက်မတွေ့ခင်အထိတော့ သူမအတွက် ဒီလိုကလေးတစ်ယောက်ချက်ချင်းရှိလာသည်ကို များများစားစားမတွေးထားပေ။ သူမသည် အမေတစ်ယောက်ဖြစ်သွားဖို့ကိုလည်း မပြင်ဆင်ရသေးပေ။ အခုတော့ သူမမျက်စိရှေ့တည့်တည့်မှာ ကလေးတစ်ယောက်လုံးကိုမြင်လိုက်ရသည့်အခါမှာတော့ သူမသည် ဘာလုပ်လို့လုပ်ရမှန်းမသိတော့ပဲ သူမမျက်နှာပေါ်က အပြုံးကလည်း အတောင့်လိုက်ဖြစ်သွားသည်။
တကယ်ကတော့ ဒီကလေးလေး၏ပုံစံသည် အဆိုးကြီးမဟုတ်ပေ။ မျက်လုံးဝိုင်းဝိုင်းနဲ့ချစ်စရာမျက်နှာလေးရှိပီး ဆံပင်ဆုတ်ဖွားလေးနဲ့အိပ်ယာပေါ်ထိုင်နေတာက တော်တော်လေး ချစ်ဖို့ကောင်းလွန်းသည်လေ။ သူမသည် ထိုကလေးလေးဆီကိုပြေးသွားချင်စိတ်တွေ ဖက်ထားချင်စိတ်တွေ မွှေးမွှေးပေးချင်စိတ်တွေ ချီမပီးလေပေါ်မြောက်တင်လိုက်ချင်စိတ်တွေ တစ်ခုပီးတစ်ခုဖြစ်နေသည်။