အခန်း (၉.၂)
တကယ်ကိုပင် ထိုကိစ္စနှင့်ပတ်သတ်ပီး ယန်ရှုယွီသည် စုံစမ်းကြည့်သေးသည်။ ဒါကြောင့် ထိုမေးခွန်းကို ကောင်းကောင်းပဲ ပြန်ဖြေလိုက်နိုင်သည်။ “ကျွန်မ အိမ်ပြန်ရောက်တော့ အဲ့ကိစ္စကို စုံစမ်းကြည့်ပီး ဂီတကျောင်းတစ်ခုမှ ဝင်ဖြေဖို့ စဉ်းစားထားတယ် သူတို့တွေက ပိုပီးကျွမ်းကျင်ပီးလုပ်ပိုင်ခွင့်ရှိတဲ့အပြင် သူတို့ရဲ့လက်မှတ်ကလည်း နေရာတော်တော်များများမှာ လက်ခံပေးတယ်လေ ဒါပေမယ့် ကျောင်းတွေအကုန်လုံးက ဖြေဆိုခွင့်ကို နွေရာသီနဲ့ဆောင်းရာသီမှာပဲလုပ်တာဆိုတော့ အခုချိန်ကနေဆိုရင် လအနည်းငယ်လောက် လိုသေးတယ်”
ယမ်ဇီဖန်သည် ခေါင်းညိမ့်ပြီး ထပ်မေးလိုက်သည်။ “ဖြေဆိုခွင့်လျှောက်လွှာကော တင်ပီးသွားပီလား”
“ဟင့်အင်း မတင်ရသေးဘူး” ယန်ရှုယွီသည် အခုချိန်ပိုက်ဆံမရှိသေးဘူးလေ။ သူမသည် လက်သီးကိုဆုပ်လိုက်ပီးပြောလိုက်သည်။ “ကျွန်မလခရတာနဲ့ တင်မှာ”
လျှောက်လွှာကိုမတတ်နိုင်လောက်သည့်အထိ ပိုက်ဆံမရှိတော့ဘူးဆိုတာကို ယမ်ဇီဖန်က မယုံတာကြောင့် သူမထိုသို့ပြောသည်မှာ နောက်ပြောင်ပီးပြောသည်ဟုသာ ယူဆလိုက်သည်။ သူသည် အကျယ်ကြီးအော်ရယ်လိုက်ပီး သူမကိုပြောလိုက်သည်။ “ကျွန်တော့်တူမလေးရဲ့စန္ဒရားဆရာကလည်း ဂီတကျောင်းဆင်းတစ်ယောက်ပဲ သူမဆီမှာ အချက်အလက်တစ်ချို့ရှိလောက်မှာပဲ ဖြေဆိုခွင့်အတွက် အချက်အလက်တွေ ဒါမှမဟုတ်ရင်လည်း ကိုးကားစာအုပ်တွေရှိမလား ကျွန်တော်မေးပေးမယ်”
ယန်ရှုယွီသည် ထိုလူ၏အပြောကို လက်ခံလိုက်သည်။ “ကျေးဇူးအများကြီးတင်ပါတယ် မန်နေဂျာယမ် ကျွန်မလခရတဲ့အခါ ရှင့်ကို တစ်ဝိုင်းလိုက်ကျွေးပါ့မယ်”
သူမသည် ယဉ်ကျေးသည့်အနေဖြင့်သာပြောလိုက်ပေမယ့် မန်နေဂျာယမ်ကတော့ အတည်ပေါက်ဖြင့် ခေါင်းကိုညိမ့်ကာ “အိုကေ အဲ့အချိန်ကို ကျွန်တော်စောင့်နေပါ့မယ်”
ယန်ရှုယွီသည် စက္ကန့်အနည်းငယ်လောက် တန့်သွားပီး နောက်လျင်မြန်စွာပဲ စိတ်သက်သာသွားသည်။ အဲ့ဒါက ဘာမှမဖြစ်ပါဘူး။ သူမ ပိုက်ဆံရတော့မှာပဲ။ သူ့ကို တစ်ဝိုင်းလောက်လိုက်ကျွေးဖို့ သူမတတ်နိုင်လောက်ပါတယ်။
YOU ARE READING
RomanceAuthor(s) 清越流歌 Status in COO 100 Chapters + 3 Epilogues (Complete) English Translator(s) Fuyu Neko Fringe Alpaca Bamboo Spirit Fringe Manatee If you want to read original English translation, you all can read at novelupdates. Here link: https://www...