အပိုင်း (၁၁၉) - နတ်ဘုရားမ,လို အလှလေးဖြစ်ရတဲ့ အကျိုးက အခုတော့ သူမကို ဆွဲချနေပီ
~~~~~~~~~~~~~~~~~~~~~~~~~~ဒီလိုနှင့် ယန်ရှုယွီတစ်ယောက် သူမစိတ်သဘောနှင့်ဆန်ကျင်စွာဖြင့် 'ဘော့စ်ကျိုးအား ဧည့်သည်အဖြစ် ဖိတ်ခေါ်ခွင့်ရတာ အရမ်းကို ဂုဏ်ယူစရာကောင်းသည်'ဟူသော မျက်နှာထားဖြင့် သူမတိုက်ခန်းရှိရာသို့ တစ်လှမ်းချင်းစီလျှောက်သွားလိုက်သည်။ ဘော့စ်ကတော့ အနောက်ကလိုက်လာရင်းပေါ့။ သူမသည် သော့ကို ဖြည်းဖြည်းချင်းထုတ်လိုက်ပီး တံခါးကိုဖွင့်လိုက်သည်။
ယန်ရှုယွီတစ်ယောက် တံခါးကိုဖွင့်ရင်း စိတ်ထဲ ဆောက်တည်ရာမရဖြစ်နေသည်။ သူမတို့သားအမိအတွက်ကတော့ အခုလို နှာခေါင်းပေါက်လောက်သာရှိပီး နေရောင်ဝင်နိုင်သည့်ပြတင်းပေါက်သေးသေးလေးရယ် အဝါရောင်ပွင့်ရိုက်နံရံစက္ကူလေးရယ် နှင့် ဖုန်အစက်ပျောက်ကင်းစင်သည့် သစ်သားကြမ်းပြင်လေးတွေရယ်နှင့်ပင် ကျေနပ်နေပီဖြစ်သည်။ သူမတို့လို ကပ်စီးနှဲတွေအတွက်ကတော့ ဒီလောက်လေးကပင် ပြီးပြည့်စုံနေပီဖြစ်သည်။ ဒါပေမယ့် အိပ်ခန်းတစ်ခန်းသာပါဝင်သည့် တိုက်ခန်းတစ်ခန်းက အရွယ်အစားအနေဖြင့် ပတ်လည်မီတာ၅၀ထက်တောင် ကျဉ်းသေးသည်လေ။ ဘော့စ်၏မျက်လုံးထဲတွင်တော့ ဒီတိုက်ခန်းက ခွေးအိမ်သာသာလောက်သာရှိမည်လေ။
သူမ ဒီကိုရောက်လာတာ အရမ်းစောလွန်းသွားသည်။ နဂိုပိုင်ရှင်က ခပ်မိုက်မိုက်အိမ်တော်ကြီးရှိရာကိုတောင် မပြောင်းရသေးသည့်အတွက် ဘော့စ်အိမ်က ဘယ်လိုမျိုးရှိလဲဆိုတာကို ယန်ရှုယွီသိနိုင်စရာအကြောင်းမရှိဘူးလေ။ သို့ပေမယ့် ဟိုတယ်က ဘော့စ်ရဲ့သီးသန့်အခန်းကိုတော့ သူမရင်းနှီးသည်။ ဟိုတယ်ပိုင်ရှင်တစ်ယောက်ဖြစ်သည့် ကျိုးချင်းဟယ်၏ကိုယ်ပိုင်အခန်းက ဧည့်ခန်းကျယ်ပါအဆင့်မြင့်ဆုံးဟိုတယ်ခန်းထက်တော့ ပိုသားနားသည်။
တစ်ခြားအပြင်အဆင်တွေမပြောပါနှင့်ဦး။ ရေချိုးခန်းတစ်ခုတည်းကပင် သူမတိုက်ခန်းထက်တောင် ကြီးသေးသည်လေ။ နေရာကျယ်ရုံလေးတင်တစ်ခုတည်းပင်မဟုတ်ပါပဲ လူနှစ်ယောက်သက်တောင့်သက်သာဝင်ဆန့်သည့် ရေချိုးကန်ကြီးကလည်း ပါဝင်သေးသည်။ နောက်မှီပါသည့်ခုံတန်းရှည်ရယ် လက်တင်စားပွဲခုံပုလေးရယ်ကလည်း နံရံပြည့်မှန်ပြတင်းကို မျက်နှာမူထားသည်။ ဘော့စ်တစ်ယောက် ရေချိုးသည့်အခါတိုင်း ဒီခုံတန်းရှည်တွင်ထိုင်ရင်း ခုံပုလေးပေါ်တွင် ဝိုင်တစ်ခွက်တင်ထားကာ ညဖက် မြို့အလှကို ကြည့်ရှုခံစားနေမည်အား ယန်ရှုယွီ လုံးဝမျက်စိထဲမြင်ယောင်ကြည့်နိုင်သည်။ တကယ်လို့သာ သူ့စိတ်အခြေအနေကောင်းနေရင် နှိပ်နှယ်ပေးရန်အတွက် တစ်စုံတစ်ယောက်ကိုခေါ်ထားပီး သူ့၏ပြီးပြည့်စုံသည့်ဘဝကို ပျော်ရွင်စွာဖြတ်သန်းနေမည်လေ။
YOU ARE READING
RomanceAuthor(s) 清越流歌 Status in COO 100 Chapters + 3 Epilogues (Complete) English Translator(s) Fuyu Neko Fringe Alpaca Bamboo Spirit Fringe Manatee If you want to read original English translation, you all can read at novelupdates. Here link: https://www...