၁၁၃
5.3K 824 35
အပိုင်း ၁၁၃
~~~~~~~~
ကျန်းယွမ်ပေါင်တစ်ယောက် သူ့မေမေမှ စောင်အောက်ထဲ သူ့အားသွင်းလိုက်တာကြောင့် သူ့မေမေ၏လည်ပင်းကို ဖြေးဖြေးချင်းလွတ်ပေးလိုက်သည်။ မကျေနပ်သည့်အကြည့်တွေက သူ့မျက်လုံးထဲတွင် ပြည့်နေသည်။ "မေမေ ဒီနေ့အိမ်ပြန်လာတာ အရမ်းနောက်ကျတယ် ယွမ်ပေါင်လေးတောင် အိပ်ချင်နေပီ"
ဒါက ပထမဆုံးအကြိမ် ယန်ရှုယွီသည် သူမ၏ဖုန်းကို ကြည့်လိုက်တာဖြစ်သည်။ ည၉နာရီတောင်ရှိသွားပီ။ ဒါက တော်တော်လေးနောက်ကျနေပီလေ။ ပုံမှန်အရဆို သူမသည် ဒီအချိန်၌ ရေမိုးချိုးပီးလို့ သူမသားအတွက် အိပ်ယာဝင်ပုံပြင်ဖတ်ပေးဖို့ အဆင်သင့်ဖြစ်နေပီလေ။
ဒါတွေအားလုံးဘော့စ်အပြစ်ပဲ။ သူမကို ဒီချိန်ထိနောက်ကျအောင် အချိန်ဆွဲနေတာ။ အပြစ်တွေအားလုံးကို ဘော့စ်ကျိုးခေါင်းပေါ်ပုံချပီးနောက် ယန်ရှုယွီသည် သူမသားလေးအား နှစ်သိမ့်လိုက်သည်။ "မေမေတောင်းပန်ပါတယ် ယွမ်ပေါင် ဒီနေ့ကိစ္စလေးတစ်ခုပေါ်လာလို့ ဒါကြောင့် မေမေအိမ်ပြန်နောက်ကျသွားတာ မေမေတို့ ဒီလိုလုပ်ရအောင်လေ မေမေက သားအတွက် အိပ်ယာဝင်ပုံပြင်အရင်ပြောပြမယ်လေ သားလေးအိပ်ပျော်သွားမှ မေမေက ရေချိုးလိုက်မယ် ဘယ်လိုလဲ?"
ကျန်းယွမ်ကျားသည် နည်းနည်းကျီကျချင်သေးသည်။ သူသည် အသက်နှင့်မလိုက်အောင် ခေါင်းခါလိုက်ပီး ပြောလိုက်သည်။ "မေမေလည်းပင်ပန်းနေမယ်ဆိုတာ သားသိပါတယ် မေမေအရင်ရေချိုးလိုက်လေ အိပ်ယာဝင်ပုံပြင်အတွက်က ယွမ်ပေါင် မေမေ့ကို စောင့်နေမယ်"
သူမသားသည် ဒီလိုအသက်ငယ်ငယ်လေးမှာတောင် အရမ်းကိုနွေးထွေးသည့်ကောင်လေးဖြစ်နေပီလေ။ စိတ်ထဲထိသွားသည့်ယန်ရှုယွီသည် သူမသားလေးကို နောက်တစ်ကြိမ်ဖက်လိုက်ပီး အသံထွက်သည်အထိ နမ်းလိုက်ကာ ပြောလိုက်သည်။ "ဒါဆိုရင်လည်း အိုကေ မေမေအရင်ဆုံးရေချိုးလိုက်မယ် မေမေချက်ချင်းပြန်လာခဲ့မယ် ဟုတ်ပီလား?"
ကလေးလေးကျန်းယွမ်ပေါင်သည် ခေါင်းညိမ့်လိုက်သည်။ သူ့ပါးနှစ်ဖက်က နီရဲသွား​နေပီး မေးလိုက်သည်။ "မေမေ သား တုန်တုန်နဲ့ သွားကစားလို့ရလား?"