၁၅၀
3.3K 491 3
အပိုင်း (၁၅၀) - ပထမဆုံးသောအမျိုးသမီး
~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီမိနစ်ပိုင်းအတွင်းမှာပဲ အဆင့်အတန်းမြင့်သည့်မိသားစုကနေပီး ချက်လက်မှတ်ပစ်ပေးလာတော့မည့် အခန်းက သူမဘဝတွင် ဖြစ်လာတော့မည်ဆိုတာကို ယန်ရှုယွီတစ်ယောက် သေချာပေါက်ကို မသိသေးပေ။ သူမသည် ပျော်ရွှင်စရာကောင်းပေမယ့် ထူးခြားတာမရှိသည့် နေ့စဉ်အလုပ်သွားတာနှင့် အမေတစ်ယောက်အဖြစ်နေထိုင်တာ၊ တစ်ခါတစ်ရံ အလုပ်ကဘော်ဒါလေးတွေနှင့် အပြင်ထွက်နေ့လည်စာစားကာ ဈေးဝယ်ထွက်တာ စတာတွေကို လုပ်နေကြအတိုင်းသာ ဆက်လုပ်နေသည်။ သူမနေ့ရက်တွေက အားလပ်တယ်ဆိုတာကို မရှိပဲ ပြည့်စုံနေသည်လေ။
ဂီတကျောင်းပွဲကို သွားဆင်နွဲပီး ရလာသည့်ဆုကို အပိုဆုကြေးယွမ်နှစ်သောင်းကျော်အဖြစ် ​ပြောင်းလဲလိုက်နိုင်မည်ဆိုသည့် အပျော်က ယန်ရှုယွီကို ရက်အနည်းငယ်သာ ခံလိုက်စေသည်။ ပိုက်ဆံလက်ထဲရောက်လာဖို့ နောက်ထပ် ၂လ ၃လလောက်လိုသေးတာကို သူမသတိရသွားပီး ထိုအချိန်ကိုရောက်ရန်ကလည်း အဝေးကြီးလိုသေးတာကြောင့် သူမ၏စိတ်လှုပ်ရှားပျော်ရွှင်မှုကို ဘေးသို့ခဏပို့ထားလိုက်သည်။
ဒါပေါ့။ ဇာတ်လိုက်လေးကြောင့် သူမအိမ်လခနှင့်အသုံးစရိတ်တွေ ကာမိသွားဖို့ကလည်း အချိန်လိုသေးတာကြောင့် ထိုခြေထောက်ပေါက်နေသည့်RMBလေးနှင့် သူ့အဖေဖြစ်သူတို့ကို အလိုလိုပဲ မေ့သွားတော့သည်။
ကြည့်ရတာ ထိုတစ်ရက်က ကျိုးသားအဖတို့ အပျော်လွန်သွားပုံရသည်။ ထိုကတည်းကစပီး ယန်ရှုယွီကို နောက်ထပ် ထပ်ပီး မနှောင့်ယှက်တော့ပေ။ ဘော့စ်နှင့် ဇာတ်လိုက်တို့က တစ်ပတ်ကြာသည့်အခါ ပြန်ရောက်လာပီး သူမကို ထပ်နှောင့်ယှက်မည်ကို ယန်ရှုယွီစိတ်ပူနေပေမယ့် နောက်အပတ်ထိတောင်မှာ ဘော့စ်ဆီကနေပီး ဘာမှလည်းမကြားရသလို wechatကနေတောင် မက်ဆေ့ခ်ျပို့လာတာမျိုးမရှိပေ။
Welp ဒါက နည်းနည်းတော့တစ်မျိုးကြီးပဲ။ အခုတော့ သူမက မျှော်လင့်နေတဲ့သူ တစ်ယောက်လိုမျိုးဖြစ်နေသလိုတောင် ခံစားလာရသည်။ ဒါက ယန်ရှုယွီကို နည်းနည်းစိတ်မကျေမနပ်ဖြစ်စေတာကြောင့် သူမလုပ်နိုင်သမျှကတော့ ဘော့စ်၏ခန့်မှန်းရခက်သည့် "အကျင့်ဆိုး"ကိုသာ ညည်းညူနေဖို့သာရှိတော့သည်။