အပိုင်း ၁၀၆
~~~~~~~~~ယန်ရှုယွီ၏ဘော်ဒါတွေအားလုံးသည် အကြိမ်ပေါင်းမနည်းပြောပြဖူးသည်။ အရက်က လူတစ်ယောက်၏ဆုံးဖြတ်နိုင်စွမ်းအား သက်ရောက်မှုရှိတယ်ဆိုတာ နှင့် အရက်မူးနေသည့်ယောက်ျားတစ်ယောက်က မစွမ်းဆောင်နိုင်ဘူးဆိုတာတွေက လိမ်လည်ပြောဆိုထားတာတွေပဲဆိုတာပင်။ ယန်ရှုယွီသည် ဒီအပြောကို သဘောတူရမည်။ ထိုညတုန်းက ဘော့စ် အသံထွက်ရယ်လိုက်တာကို သူမမှတ်မိသေးသည်။ ရယ်လို့လည်းပီးသွားပီးနောက် သူ့ဖက်ကနေ ပိုပီးသိသိသာသာချစ်စိတ်ပြင်းပြလာသည်လေ။ အဲ့ဒီတော့ သူက တစ်နည်းနည်းနဲ့ အသိစိတ်ရှိသေးတယ်ဆိုတာပဲ။
အဲ့လိုသာဆိုရင် အသိစိတ်ရှိသေးသည့်ဘော့စ်က မိထွေးအစစ်အပေါ်ခံစားချက်မရှိပဲ သူမကူးပြောင်းလာပီးသွားတဲ့နောက်မှ သူမအပေါ်စိတ်ဝင်စားသွားတာပေါ့။ ဒါဆိုရင် အဲ့ဒါက ဘာကြောင့်လဲ?
ယန်ရှုယွီသည် ဒီအကြောင်းကို အလေးအနက်တွေးလိုက်ပီးနောက် အဖြေထုတ်လိုက်တာကတော့ ဘော့စ်ကို စိတ်ဝင်စားအောင်လုပ်မိသွားတာက သူမအရှက်မဲ့စွာပြုမူမိသည့်စိတ်အားထက်သန်မှုကြောင့်ပဲဖြစ်ရမယ်။ မိထွေးဖြစ်သူက ဇာတ်လိုက်အပေါ်တွင် နတ်ဆိုးတစ်ယောက်လိုဖြစ်နေပေမယ့် ဇာတ်လိုက်အဖေနှင့်တွေ့သည့်အခါ သူမသည် အတွေ့အကြုံနုသေးသည့်သူသာဖြစ်သည်။ ဘယ်လိုပဲပြောပြော သူမက အသက်၂၀အရွယ်သာရှိသေးသည်လေ။ သူမတွင် အကြံပေါင်းများစွာရှိနေပေမယ့် ယောက်ျားတစ်ယောက်ကို အခုလိုနည်းကုန်သုံးပီးဆွဲဆောင်တာကတော့ သူမအတွက်က ပထမဆုံးလေ။ ထပ်ဖြည့်ပြောရဦးမယ်ဆိုရင် သူမအမျိုးသားမရှိတော့သည့်နောက်ပိုင်း သူမဖက်က နီးနီးကပ်ကပ်နေဖို့ကြိုးစားသည့် ဒုတိယယောက်ျားတစ်ယောက်လေ။ သူမဖက်က ကောင်းကောင်းမလုပ်နိုင်ခဲ့တာ ဖြစ်တော့ဖြစ်နိုင်တာပဲ။ နှိုင်းယှဉ်ကြည့်ရရင် အိပ်မက်မက်နေတယ်လို့ထင်နေသည့်ယန်ရှုယွီက အရှက်မဲ့သည့်ပုံစံတောင်ဖြစ်သွားလောက်သည်။
သော်တာလနှင့်တောင် တောက်ပမှုခြင်းယှဉ်ပြိုင်နဲ့သည့် နတ်သမီးပုံပြင်ထဲကလို ဇာတ်ကောင်က နောက်ဆုံးတော့လည်း သာမန်ယောက်ျားတစ်ယောက်ပဲဖြစ်နေမယ်လို့ ဘယ်သူထင်ထားမှာလဲ။ မြေခွေးမလေး၏ညို့ယူဖမ်းစားမှုကို မတောင့်ခံနိုင်ခဲ့ဘူးလေ။
YOU ARE READING
RomanceAuthor(s) 清越流歌 Status in COO 100 Chapters + 3 Epilogues (Complete) English Translator(s) Fuyu Neko Fringe Alpaca Bamboo Spirit Fringe Manatee If you want to read original English translation, you all can read at novelupdates. Here link: https://www...