အပိုင်း (၁၂၅)
အတွေးနှေးကွေးသည့်သူဖြစ်သည့်အလျောက် ကျိုးချင်းဟယ်ကနေပီး အရာအားလုံးလုပ်ပီးသွားတော့မှသာ ဒီလူသည် သူမတိုက်ခန်းကို စဝင်လာချိန်ကနေစပီး အရမ်းကို သက်တောင့်သက်သာဖြစ်နေတာကို နောက်ဆုံးတော့ ယန်ရှုယွီသည် သတိထားမိသွားသည်။ သူသည် သူ့ကိုသူဧည့်သည်တစ်ယောက်လို့ကို သဘောမထားပုံပင်။ ဒီလူက သူမကို ကျိုးကတော်အဖြစ် မြင်တောင်မြင်နေပီလား? သူက သူမကို ဒီလောက်တောင် လက်ထပ်ချင်နေတာလား?
သူမဘဝတွင် ပထမဆုံးအနေနှင့် သူမသည် အခုလို အရမ်းဆွဲဆောင်မှုရှိလွန်းနေတာကို ယန်ရှုယွီသည် စိတ်ဖိအားတစ်ခုလို ခံစားလာရတော့သည်။ သူမကိုလက်ထပ်ချင်နေသည့် အရမ်းကိုခေါင်းမာသော ဘော့စ်အား ဘယ်လိုစကားပြောရမလဲဆိုတာကို သူမ စတင်ပီး စိတ်ထဲပူပန်လာမိသည်။
ယန်ရှုယွီစိတ်ထဲ ဘယ်လောက်တောင် ခြိမ်းခြောက်အကျပ်ကိုင်ခံရသလိုခံစားနေရတယ်ဆိုတာကို ကျိုးချင်းဟယ်ကတော့ လုံးလုံးကို မသိပေ။ သူမအား ကူညီပေးပီးသည့်နောက်မှာတော့ သူသည် တက်ကြွစွာဖြင့် လှည့်ကာမေးလိုက်သည်။ "ကိုယ်ကူညီပေးဖို့ လိုအပ်တာ တစ်ခုခုရှိသေးလား?"
"မရှိတော့ပါဘူး မရှိတော့ပါဘူး" ယန်ရှုယွီသည် အလိုလိုပင် သူမခေါင်းကို ခါပြလိုက်မိသည်။ ကလေးလေးက အသက်မှန်မှန်ရှုသွင်းရှုထုတ်လုပ်နေတာကို မြင်လိုက်တော့ သူမသားက ချက်ချင်းအိပ်ပျော်သွားပီဆိုတာကို သိလိုက်သည်။ သူမသည် အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "သွားရအောင်လေ"
နှစ်ဦးသားသည် အပြင်ဖက်သို့ ဂရုတစ်စိုက်လေး ထွက်သွားလိုက်သည်။
အကုန်လုံးပီးစီးသွားတော့ အချိန်က ၉နာရီခွဲတောင် ရှိသွားပီ။ စီးပွားရေးလုပ်ငန်းတွေအများစုရှိသည့် မြို့လည်ခေါင်မှာ ယန်ရှုယွီနေထိုင်သည်ဆိုပေမယ့် ဒီအချိန်ဆိုရင်တော့ လမ်းပေါ်တွင် လူတွေက သိပ်မရှိကြတော့ပေ။ နောက်ပီး ဈေးဝယ်စင်တာကလည်း ၁၀နာရီဆိုရင် ပိတ်ပီလေ။
စင်တာအောက်ဖက်တွင် စကားပြောရတာ သင့်တော်သည့်နေရာမဟုတ်တာ ပြောစရာတောင်မလိုပေ။ အဆောက်အဦ၏အပြင်ဖက်သို့ လျှောက်ထွက်လာသည်နှင့် လေအေးတွေက တိုက်လာသည်။ ကျိုးချင်းဟယ်သည် အတွေးပါပါဖြင့် အကြံပြုလိုက်သည်။ "ကိုယ်တို့သောက်စရာတစ်ခုခုရနိုင်မယ့် နေရာတစ်နေရာရာကို သွားရအောင်လေ"
YOU ARE READING
RomanceAuthor(s) 清越流歌 Status in COO 100 Chapters + 3 Epilogues (Complete) English Translator(s) Fuyu Neko Fringe Alpaca Bamboo Spirit Fringe Manatee If you want to read original English translation, you all can read at novelupdates. Here link: https://www...