၄၇
8.6K 1.3K 16
အခန်း (၁၅.၂)
~~~~~~~~~
"ဥက္ကဌကြီးအတွက် သီးသန့်ခန့်ထားပေးတဲ့အိမ်အကူဆိုတာက ကြားလို့သာကောင်းတာ နာမည်ပဲရှိပီး အလုပ်ကလဲအရမ်းလုပ်ရသေးတယ် ငါနဲ့ငါ့လုပ်ဖော်ကိုင်ဖက်ဆို နေ့ညတစ်လှည့်စီ တာဝန်ကျပီး ညဖက်တာဝန်ကျပီဆိုရင်လည်း တညလုံးစောင့်နေရပီး မနက်ရောက်မှ ပြန်ရတာ တစ်ခြားသူတွေက လူလွတ်ဆိုတော့ ပြဿနာမရှိဘူးလေ ဘောနပ်စ်နဲ့အထောက်အပံ့တွေကလည်း တော်တော်လေးမက်စရာကောင်းတယ် ဒါပေမယ့် ငါကျတော့ အိမ်မှာကလေးရှိသေးတယ်လေ အမြဲတမ်းနီးပါးညဖက်အိမ်မပြန်တာက ငါ့အတွက်အဆင်မပြေဘူးလေ ယွမ်ပေါင်လေးကိုတစ်ယောက်ထဲ ဘယ်လိုလုပ်ထားခဲ့ရမှာလဲ? ဒါကြောင့် နောက်ဆုံးတော့ ငါအဲ့အလုပ်ကနေထွက်လိုက်တာပဲ"
ယန်ရှုယွီ၏လေသံက အရမ်းကိုအလေးအနက်တွေဖြစ်နေပီး သူမပင်ပန်းခဲ့ရတာတွေကိုပါထည့်ပြောလိုက်တာကြောင့် သူမဘော်ဒါတွေက အားကျရမလား စိတ်မကောင်းဖြစ်ရမလား မသဲကွဲတော့ပေ။ သို့ပေမယ့် တစ်ချိန်က ထိုကဲ့သို့သောဘော့စ်မျိုးထံတွင် အလုပ်လုပ်ဖူးသည့်ယန်ရှုယွီကိုတော့ လုံးဝမတူသည့်အရောင်များပါသည့်မျက်လုံးများဖြင့်ကြည့်နေသူ အချို့တော့ရှိသေးသည်။
"ဒါပေမယ့် အမယန် အမက စီးပွားရေးသတင်းတွေလဲဖတ်တယ်နော် ညီမတို့လိုမဟုတ်ဘူး ညီမတို့ဖတ်တတ်တာက အင်တာနက်ပေါ်က သတင်းတွေပဲရှိတယ်"
"ငါလဲ အရင်လုပ်ဖော်ကိုင်ဖက်တွေက ညွှန်းပေးတာမျိုးတွေပဲဖတ်ဖြစ်တာပါ ဒါကလည်း ဥက္ကဌက ဟိုတယ်ကိုလာမယ်ဆိုလို့ ဖတ်ဖြစ်သွားတာပါ ငါလဲနင်တို့လိုပါပဲ --ငါလဲ အင်တာနက်သတင်းတွေပဲ စိတ်ဝင်စားတာပါ"
ယန်ရှုယွီသည် မျက်တောင်လေးတောင် တစ်ချက်မှမခတ်ပေ။ တကယ့်အမှန်ကတော့ နဂိုပိုင်ရှင်သည် ဥက္ကဌကိုအပိုင်ကပ်ရန်အကြံဖြင့် ဒီလိုမျိုးစီးပွားရေးသတင်းတွေရှာဖတ်ထားခြင်းဖြစ်သည်။ ဒါပေမယ့် ဒီအမှန်တရားက သူမဘော်ဒါတွေသိသည့်အရာမဟုတ်။ ဒါကြောင့် သူမလိုအပ်သလို ဖြတ်ညှပ်ကပ်လိုက်လို့ရသည်။
ယန်ရှုယွီသည် ကျိုးချင်းဟယ်နှင့်ပတ်သတ်သည့်အကြောင်းမှန်သမျှကိုတော့ အမှန်အတိုင်းပြန်ဖြေသည်။ သူမဘော်ဒါလေးတွေမေးသမျှကို အကုန်ဖြေပေးသည်။ ပွင့်ပွင့်လင်းလင်းနှင့်ရိုးသားတာက သူမဘော်ဒါလေးတွေ သူမအပေါ်အထင်မမှားစေဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်သည်လေ။ ဒါပေမယ့် သူမသည် သူမဘော်ဒါလေးတွေ၏ဉာဏ်ကွန့်မြူးမှုကို အထင်သေးမိသွားသည်။ သူမဘယ်လောက်ပဲ ပွင့်လင်းရိုးသားပါစေ သူတို့တွေက အတွေးပေါက်နေကြတာပင်။