၉၁
5.8K 982 23
အခန်း (၂၆.၃)
~~~~~~~~~~~
နဂိုပိုင်ရှင်က နာမည်အသစ် ကိုယ်ရေးအချက်အလက်အသစ်တွေ မွေးဖွားရာဇာတိတွေကိုပါ အကုန်အသစ်ပြောင်းထားသလို သူမ၏မိသားစုနောက်ခံအကြောင်းအရာတွေအကုန်လုံးကိုလည်း ပြောင်းလဲပစ်ထားသည်။ အဲ့ဒီအတွက် ယန်ရှုယွီအနေဖြင့် စိတ်ပူစရာမလိုပဲ သူမစိတ်တိုင်းကြလျှောက်ပြောလို့ရသည်လေ။ ဝမ်းနည်းစရာအပိုင်းကိုရောက်သွားသည့်အခါမှာတော့ သူမသည် မျက်ရည်လေးတောင်ဝဲပြလိုက်သေးသည်။
လျို့စစ် : ".........."
သူရုတ်တရပ်ခံစားလာရတာက သူမသည် သူတို့ဂီတကျောင်းတွင်ဆရာမလာလုပ်ရမည်မဟုတ်ပေ။ ထိုအစား သူမသည် သရုပ်ဆောင်တစ်ယောက်လုပ်သင့်သည်။ သူမသရုပ်ဆောင်နေတာက အရမ်းကိုသဘာဝကျလွန်းသည်။
ဒါပေမယ့် သူက ဒီအကြောင်းကိုဖော်ထုတ်လိုက်ဖို့တော့ မလုပ်ပေ။ လျို့စစ်သည် လူကြီးလူကောင်းပီသစွာဖြင့် သူမကို တောင်းပန်လိုက်ပီး စကားလမ်းကြောင်းပြောင်းလိုက်တော့သည်။ သူတို့ဂီတကျောင်းနှင့်ပတ်သတ်သည့်အချက်အလက်တွေကို ပြောပြလိုက်ပီး နောက်သူ့အကြောင်းကိုပါ အနည်းငယ်ပြောပြလိုက်သည်။
ယန်ရှုယွီသည် အရိပ်အကဲသိပ်မသိပေမယ့် လျို့စစ်ကနေပီး သူ့ရဲ့တစ်ခြားလုပ်ဖော်ကိုင်ဖက်အကြောင်းတွေပါပြောပြလာသည့်အခါမှာတော့ သူမအပေါ်အကဲဖြတ်ခြင်းအတွက် အနည်းနှင့်အများတော့ လုပ်လိုက်နိုင်သွားသည်မှန်း သိသွားတာကြောင့် သူမသည် ရုတ်တရပ်စိတ်ထဲ တော်တော်လေးသက်တောင့်သက်သာဖြစ်သွားသည်။ နောက်ပီး သူမက အရမ်းကိုတော်တယ်လို့လဲ သူမကိုယ်သူမခံစားရသည်လေ။ သူမကိုယ်သူမအထင်ကြီးတာကလည်း တဖြည်းဖြည်းပိုများလာပီး သူမစိတ်ဓါတ်ကလည်း လျို့စစ်နှင့်စကားပြောလေပြောလေ ပိုပီးတက်ကြွလာလေဖြစ်လာသည်။
သူမတို့စကားပြောနေသည့်အကြောင်းအရာများက ဂီတကျောင်းအကြောင်းကနေပီး လျို့စစ်တစ်ယောက်ပြည်ပတွင် ဖျော်ဖြေပွဲများလုပ်သည့်ဖက်သို့ ရောက်သွားသည်။ ထိုအခါကြမှ ဒီလူသည် ဘယ်လောက်တောင်တော်ပီးထက်မြတ်သည့်သူလဲဆိုတာကို သူမသိသွားတော့သည်။ သူမအတွက် ဘဝ၂ခုလုံး၏အတွေ့အကြုံကိုပေါင်းထည့်ရင်တောင်မှ ဒီလိုမျိုးအထက်အဆင့်အနုပညာရှင်တစ်ယောက်ကို တစ်ခါမှမတွေ့ဖူးဘူးလေ။ ဒါကြောင့် သူမသည် ဒီလိုကို ပိုပီးအားကျလာတော့သည်။ သူမသည် နတ်ဘုရားလျို့၏ ကြီးမြတ်လှသောပြောဆိုပြုမူပုံနှင့်ကိုယ်နှုတ်အမူအရာတွေ၏ အပြည့်အဝလွှမ်းမိုးခြင်းခံလိုက်ရသည် - ဟုတ်ပါတယ် ယန်ရှုယွီစိတ်ထဲတွင် လျို့စစ်သည် ခန့်ညားချောမောသည့်ယောက်ျားတစ်ယောက်ဆိုသည့်အဆင့်ကနေ နတ်ဘုရားအဆင့်သို့ တက်သွားပီလေ။