၁၄၉
3.1K 483 3
အပိုင်း (၁၄၉)
ရန်ကျီဖန်၏စကားနှိုက်နေခြင်း၏ရလဒ်က သိပ်ပီးတော့ အဓိပ္ပါယ်မရှိသွားပေ။ ဘော့စ်ကျိုးဆိုတာက အရမ်းကို မြင့်မားလွန်းသည့် အဆင့်အတန်းရှိသော တစ်စုံတစ်ယောက်လေ။ ရန်ကျီဖန်က ဘာတွေဖြစ်နေလဲဆိုတာကို စပ်စုချင်ပေမယ့် သူ့လမ်းမှာတော့ သွားမနှောင့်ယှက်ရဲပါဘူး။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ပေါ့။ သူ့ဘော်ဒါလေးပျော်ရွှင်နေတာကို မြင်လိုက်ရတော့ သူမကို အကြံဉာဏ်လေးပေးလိုက်ဖို့တောင် သူလက်လျော့လိုက်ပီး စကားလမ်းကြောင်းကို ချက်ချင်းပြောင်းလိုက်သည်။ "ညနေစာအတွက် မင်းတို့တွေ ဘာစားချင်လဲ?"
ယန်ရှုယွီက နေ့လည်ကတည်းက ဗိုက်ကားနေအောင်စားထားတာဆိုတော့ အခုချိန် သူမက အိနြေ္ဒရနေသည်။ သူမသည် ကလေးတွေကို လှည့်မေးလိုက်သည်။ "တုန်တုန် ယွမ်ပေါင် ကလေးတို့နှစ်ယောက် ဘာစားချင်လဲ?"
ကျန်းယွမ်ကျားကတော့ ထူးထူးခြားခြားစားချင်တာမျိုးမရှိပေ။ တုန်တုန်က ပီဇာစားချင်တယ်လို့ ပြောလာတာကြောင့် သူလည်းပဲ ပီဇာလို့ ပြောလိုက်သည်။
နောက်တော့ သူတို့သည် ပီဇာဆိုင်သို့သွားလိုက်ကြသည်။
သူမဘော်ဒါလေးနှင့် စားလိုက် စကားပြောလိုက်လုပ်နေတာကြောင့် သိပ်မကြာခင်မှာပဲ သူမသည် ဘော့စ်ကိုကော ဇာတ်လိုက်လေးကိုပါ လုံးဝမေ့သွားတော့သည်။ နောက်ပီး နေ့လည်ကတွေ့ခဲ့သည် TRHဆိုတာက သူမခေါင်းထဲမှာတောင် မရှိတော့ပေ။ သို့ပေမယ့် ထိုTRHကတော့ သူမအပေါ် တော်ရုံမမေ့နိုင်သည့်ထင်မြင်ချက်ရှိသွားသည်။ ဘယ်လောက်ထိလဲဆိုတော့ သူ့ညီမဝမ်းကွဲ၏ပြပွဲကိုရောက်သည်နှင့် သူသည် သူ့ညီမလေးကို ဘေးဖက်ကို ခေါ်သွားကာ ပြောလိုက်သည်။ "ယူရွှမ်း အကိုအခုလေးတင်မှသိလာတာ ဘော့ကျိုးမှာ အမျိုးသမီးမိတ်ဆွေရှိပီးသား ပီးတော့ သူတို့ကိုကြည့်ရတာလည်း တော်တော်လေးအဆင်ပြေနေပုံပဲ ..."
သူ့ညီမလေး ပိုပီးစိတ်မကောင်းမည်ဖြစ်သွားမှာကို စိုးရိမ်တာကြောင့် သူတို့က သူတို့ချိန်းတွေ့တဲ့ချိန် ကလေးတွေကိုတောင် ခေါ်လာကာ ၄ယောက်လုံးက မိသားစုတစ်ခုနှင့်တောင်တူနေသည်အထိတော့ ချင်းစီရွေ့မပြောပြလိုက်တော့ပေ။ သူသည် သူ့ပေါ်သူသာ အပြစ်ပုံချလိုက်သည်။ "အိုင်းယား ဒါက အကို့အမှားပါ ဒီလိုအမှားမျိုးမလုပ်ခင် အချက်အလက်တွေကို အကို့ဖက်က သေသေချာချာလေး စုံစမ်းထားရမှာ ဒီတိုင်းပဲလက်လျော့လိုက်တော့နော် ဟုတ်ပီလား?"