၁၉
10.4K 1.5K 34
အခန်း(၆.၃)
ပီးတော့ လူတွေပြောကြတာကတော့ မိဘမစုံလင်သည့်မိသားစုကနေကြီးပြင်းလာသည့်ကလေးတော်တော်များများသည် စိတ်ထိခိုက်လွယ်တတ်ကြပီး တစ်ခြားကလေးတွေထက်လည်းပိုပီးရင့်ကျက်ကြသည်ဟုပင်။ အဲ့ဒီထင်မြင်ချက်ကို ယန်ရှုယွီကတော့ သဘောတူမိလားဆိုတာ သူမကိုယ်တိုင်လဲသေချာမသိပေ။ ဒုတိယဇာတ်လိုက်ကတော့ ဝတ္ထုထဲတွင် တော်တော်လေးဆက်ဆက်ထိမခံဖြစ်လွန်းသည်။ သူသည် အသက်ငယ်ငယ်လေးမှာတောင်မှ မကောင်းတဲ့အကြံတွေအပြည့်ဖြင့် သူအမေဖြစ်သူနှင့်ပေါင်းကြံကာ ဇာတ်လိုက်ကို အနိုင်ကျင့်နှိပ်စက်နေတတ်ပီဖြစ်သည်လေ။
သိုပေမယ့် ယန်ရှုယွီသိရှိသွားတာကတော့ ဒုတိယဇာတ်လိုက်သည် ထိုကဲ့သို့သောအရမ်းကြီးထက်မြက်နေသည့်ကလေးတစ်ယောက်မဟုတ်ပေ။ သူ့အမေက အရင်လိုမဟုတ်ပဲ ပြောင်းလဲနေတာကိုလည်း သူကချက်ချင်းသတိမထားမိဘူးလေ။ ဒီလိုအချိန်တွေကြာကြာအတူတူသွားနေတာကိုတောင်မှ ဘာမှားယွင်းနေမှန်းအခုထိမသိသေးပဲ ဟော့ပေါ့စားပီးသွားရင် ဈေးဝယ်ဖို့ကိုတောင်မှမေးနေသေးသည်။ သူမသရုပ်ဆောင်တဲ့အရည်အချင်းက ဆုရနိုင်လောက်သည့်အဆင့်တောင်ရောင်သွားလို့ ဒီသားလေးက မတူညီတော့တာတွေကို သတိမထားမိတော့တာများလား?
ဘယ်လိုပဲဖြစ်ဖြစ်ပါ ဒါက သူမအတွက် အကျိုးယုတ်စရာမရှိဘူးလေ။ မေးခွန်းတွေကော ပြဿနာတွေကော ရှိမလာတာက ပိုကောင်းသည်လေ။ ယန်ရှုယွီသည် ပြည့်တင်းနေသည့်ဗိုက်လေးကိုပွတ်လိုက်ပီး သဘောတူညီစွာဖြင့် “အိုကေ ဒါဆိုနောက်တစ်နေရာက အစားအသောက်စတိုးပေါ့”
စားသောက်ပီးဗိုက်ပြည့်နေချိန်တွင် ဒီလိုလေးက လေ့ကျင့်ခန်းလုပ်သလိုလေးဖြစ်သွားတော့ ပိုတောင် ကောင်းသွားသေးသည်။ သူမအတွက် အလှဘုရင်မဖြစ်လာဖို့ ဓါးတွေကတ်ကြေးတွေအောက်ရောက်စရာမလိုဘူးလေ။ သူမဒီခန္တာကိုယ်ကို သေချာလေးထိန်းသိမ်းပေးရမည်လေ။
ဒီကလေးလေးကိုကြည့်ရတာ အစားအသောက်တွေဝယ်ရတာကို တော်တော်လေးသဘောကျပုံရသည်။ ကျန်းယွမ်ကျားသည် သူ့အရပ်ထက်မြင့်သည့်ပစ္စည်းတွန်းလှည်းကို တွန်းသွားပီး တစ်ခြားလူကြီးတွေထက်တောင်မြန်အောင်လျှောက်သွားနေသည်။ သူသည် သူ့မျက်စိထဲတွေ့သည့်အရာမှန်သမျှကို ဈေးဝယ်ခြင်းထဲသို့ အကုန်ထည့်နေပီး သူမမှီသည့်အရာများကိုတော့ သူ့အမေဖြစ်သူထံသို့ လှည့်ကာ အကူအညီတောင်းလေသည်။