၅၂
7.8K 1.2K 7
အခန်း (၁၇.၁) - Insult Me With Your Dirty Money!
ကျိုးသားအဖကို sunshine houseမှာ နောက်တစ်ခေါက်ထပ်မြင်လိုက်ရသည့်အခါမှာတော့ ယန်ရှုယွီသည် နှလုံးရောဂါရခါနီးဖြစ်သွားသည်။ ဘာတွေဒီလောက်များသဘောကျစရာရှိလို့ သူတို့တွေက ဒီကို ထပ်ခါတလဲလဲလာနေရတာလဲ?
သူတို့တွေသာ ဒီလိုမျိုးပိတ်ရက်တိုင်းလာနေမည်ဆိုပါက ယန်ရှုယွီတစ်ယောက် အလုပ်ပြောင်းသင့်မပြောင်းသင့် စဉ်းစားရတော့မည်ဖြစ်သည်။ ဟိုဥက္ကဌက ဒီကို လာတာကိစ္စမရှိပေမယ့် အခုတော့ သူက လာသည့်အခါတိုင်း ဇာတ်လိုက်ပေါက်စဖြစသည့် သူ့သားကိုပါခေါ်လာနေသည်လေ။ ဒီကလေးပေါက်စက သူမသားရှောင်ချင်ရင်တောင် မရသည့်ရန်ဘက်ဖြစ်ပီး ဒီကလေးပေါက်စသာ ကြီးလာပါက သူမတို့ကို အမှုန့်ကြိတ်ပစ်မည့်သူဖြစ်သည်လေ။ သူမရန်ဘက်တွေနှင့် နေ့နေ့ညညတွေ့နေရဖို့ သူမစိတ်မဝင်စားပေ။
ကံမကောင်းတာက သူမသည် တွေးရုံသာတတ်နိုင်သည်။ သူမ အလုပ်ကတော့ ပြောင်းမည်မဟုတ်။ ဒီဘဝမှာပေါ့။ ဒီအလုပ်က အရမ်းကိုပျော်ဖို့ကောင်းပီး အရမ်းလဲသက်တောင့်သက်သာရှိသည်။ သူမရဲ့ဘောနပ်စ်နှင့် အပိုဝင်ငွေကပင် သူမတစ်လ လစာထက် ပိုများနေသည်လေ။ သူမသားလေးကိုလည်း ဒီဆိုင်ကိုနေ့တိုင်းခေါ်လာလို့ရပီး အစားကော အသောက်ကော အလကားရတာကို ထည့်ပြောနေစရာတောင်မလို။ ဒီလိုအလုပ်မျိုး နောက်တစ်ခုကို သူမဘယ်မှာများသွားရှာပါမည်နည်း?
ယန်ရှုယွီသည် သူမစိတ်ဆုံးဖြတ်ချက်နှင့်သူမရှိသည်။ ဒီထက်ပိုသက်တောင့်သက်သာရှိသည့်အလုပ်တစ်ခုခု ဒါမှမဟုတ် သူမလက်မှတ်တစ်ခုခုရသွားပီး သင်ကြားရေးစင်တာတစ်ခုမှာ အလုပ်ရသွားရင်ပဲဖြစ်ဖြစ် အဲ့လိုအခြေအနေမရောက်သေးသ၍တော့ သူမသည် sunshine houseတွင်သာ နေနေရဦးမည်ဖြစ်သည်။ ဘယ်သူကမှ သူမအလုပ်ပြောင်းအောင် လုပ်နိုင်မည်မဟုတ်။ သူမကိုယ်သူမ မကျေမနပ်ဖြစ် ညည်းညူနေပေမယ့် သူမသည် ဥက္ကဌကျိုးကိုတော့ ယဉ်ကျေးဖော်ရွေသည့် အပြုအမူဖြင့် မြောက်ပင့်ပြောလိုက်ရသည် "ဥက္ကဌကျိုး ရှင့်ကလေးကို ထပ်ခေါ်လာတာလား? ရှင်က ကလေးအပေါ်အရမ်းကောင်းတာပဲ!"