အခန်း (၄.၂) - ပိုက်ဆံမရှိတာကလဲ ရည်မှန်းချက်တွေကို နှောင့်နှေးစေတယ် (၂)
Single momတစ်ယောက်အနေနဲ့ သူမ၏ကလေးကို ဒေါ်လာ၂၀၀၀၀ကျော်ပေးရသည့်မူကြိုတွင်ထားသည်က ကြားရတာတော့ နဲနဲတစ်မျိုးဖြစ်နေနိုင်ပေမယ့် ယန်ရှုယွီကတော့နားလည်ပေးနိုင်သည်။ သူမ၏မိဘတွေကလည်း ပညာရေးနှင့်ပတ်သတ်လာလျှင် အကောင်းဆုံးကိုသာရွေးချယ်ပေးခဲ့ပီး အစစအရာရာလိုလေသေးမရှိဖြည့်စည်းပေးသည်လေ။ သူမ ကလေးဘဝကတည်းကပင် သူမမိဘသည် သူမအတွက် အကောင်းဆုံးတွေကိုသာထောက်ပံ့ပေးသည်။ သူမတွင် ကလေးရှိလာသည့်အခါတွင်လည်း သူမသည် ထိုအတိုင်းပဲလုပ်မည်ဖြစ်သည်။
သူမတောင် ဒီလိုမျိုးတွေးမိပါက သူမ၏သားဖြစ်သူကို အရာတိုင်း၏အထက်တွေရောက်စေချင်သည့် နရိုကတည်းကရည်မှန်းချက်ကြီးမားသောနဂိုပိုင်ရှင်သည်လည်း ဒီလိုပဲလုပ်မည်ဖြစ်သည်လေ။
နောက်ကွယ်ကတကယ့်ရည်ရွယ်ချက်ကိုနားလည်တာက နဂိုပိုင်ရှင်၏လုပ်ရပ်တွေကို သဘောတူလက်ခံပေးတယ်လို့တော့ဆိုလိုတာမဟုတ်ပေ။ သူမသည်ပြောင်းသွားချင်သောကြောင့် ထိုမူကြိုကနေပီးမှ ကျောင်းကိုသွင်းထားသည့်ငွေအနည်းငယ်လောက်ပြန်ရရင်တော်တော်ကောင်းမည်။ သူမတို့က ဒီလိုဈေးကြီးသည်နေရာတွင် ဆက်ပီးနေနေစရာအကြောင်းမရှိတော့ပေ။ သူမအသစ်ပြောင်းမည့်နေရာအနီးအနားက မူကြိုသည်လည်း လက်ရှိတစ်ခုထက်ပိုပီးဈေးသက်သာနိုင်လောက်သည်လေ။
ယန်ရှုယွီ၏အတွေးတွေတစ်ခုလုံးသည်ပြောင်းရွှေ့ဖို့ကိစ္စတွေသာပြည့်နေပီး သူမ၏လက်ရှိသားလေးကိုမေ့နေသည်။ ရုတ်တရပ် သူမသည် ထိုကလေးငယ်လေးကနေပီး မေးလာသံကိုကြားလိုက်ရသည်။ “မေမေ့ ခုဘယ်ချိန်ရှိပီလဲ”
“အိုး မေမေတောင်းပန်ပါတယ် အခု ၇နာရီ၁၅ရှိပီ”
“ဘာမှမဖြစ်ပါဘူး” ကလေးလေးသည် ခေါင်းကိုခါပီးယဉ်ကျေးစွာပြန်ပြောလာသည်။ နောက်တော့သူသည် မျက်လုံးကိုပွတ်နေပီး သူမပေါ်ကနေပီးဆင်းသွားကာ “ယွမ်ပေါင်လေး ကျောင်းသွားဖို့ အဆင်သင့်ပြင်ရတော့မယ်”
ကျန်းယွမ်ကျားသည် အခုတော့သူ့ခြေထောက်ပေါ်သူကောင်းကောင်းရပ်လိုက်ပီး သူမကိုနှုတ်ခမ်းဆူကာကြည့်လာပီး မေးလာသည်။ “မေမေက ယွမ်ပေါင်လေးအတွက် မနက်စာမလုပ်ပေးဘူးလားဟင်”
ŞİMDİ OKUDUĞUN
RomantizmAuthor(s) 清越流歌 Status in COO 100 Chapters + 3 Epilogues (Complete) English Translator(s) Fuyu Neko Fringe Alpaca Bamboo Spirit Fringe Manatee If you want to read original English translation, you all can read at novelupdates. Here link: https://www...