၃၄
10.2K 1.5K 23
အခန်း (၁၁.၁) - ဆုံးသွားပီဖြစ်တယ့်ယောက်ျားက တကယ့်ကို eye candyလေးပဲ
ယန်ရှုယွီသည် တစ်ချိန်ကတော့ သူမဘဏ်အကောင့်ထဲတွင် ဒေါ်လာ၂၀၀သာရှိခဲ့ဖူးသည့် သာမန်ပြည်သူလေးဖြစ်ရာကနေပီး ရုတ်တရပ် သူမပေါင်ပေါ် ငွေထုပ်ကြီးပြုတ်ကျလာပီး ဒေါ်လာ၁၀၀၀၀နီးပါးဆိုတဲ့ ငွေပမာဏကြီးကို လက်ခံလိုက်ရတယ်လေ။ သူမအိမ်ကိုပြန်သည့်လမ်းမှာတော့ သူမသည် နဲနဲစိတ်ပူနေမိသည်။ ဒီလောက်ငွေအများကြီး အိမ်ထဲမှာရှိနေတာကို တွေးမိပီး စိတ်မချလို့ သူမ ညကြရင်အိပ်မပျော်နိုင်လောက်ဘူးထင်သည်။
ဘယ်လောက်တောင်ချိုမြိန်လိုက်တဲ့ ပြဿနာက သူမဆီရောက်လာတာလဲ?
သူမသည် ၂၄နာရီအသုံးပြုနိုင်သည့်ATMစက်ကိုတွေ့လိုက်ချိန်မှာတော့ သူမသည် ချက်ချင်းကို ဆုံးဖြတ်ချက်ချလိုက်ပီး သူမသားနှင့် ထိုစက်နားသို့သွားလိုက်ရင်း ပြောလိုက်သည်။ “မေမေတို့ရဲ့ငွေတွေကို ဘဏ်ထဲ တစ်ခါတည်း ထည့်ထားလိုက်ရအောင်”
ယန်ရှုယွီသည် သူမကိုယ်သူမ အမေကောင်းတစ်ယောက်ဖြစ်လာမယ်ဆိုတဲ့စိတ်ကူးမျိုး တစ်ခါမှမဝင်ဖူးပေမယ့် အခုတော့ သူမတွင်သားတစ်ယောက်ရှိလာပီးဆိုတော့ သူမသည် အမေတစ်ယောက်တာဝန်ကို အပြည့်ဝဆုံးဖြစ်အောင် လုပ်ရမည်လေ။ ဒီတစ်ပတ်လုံး သူမဘဏ်အကောင့်က ဒေါ်လာ၂၀၀အထိကျသွားတာကြောင့် သူမတို့သားအမိသည် ဆိုင်က အစားအသောက်ကိုပဲ မှီခိုနေရသည်လေ။ ဒါက မန်နေဂျာယမ်၏အကြံပေးချက်ဆိုပေမယ့် သူမအပြုအမူတွေက အရမ်းကို အကျွမ်းတဝင်ဖြစ်နေသည်လေ။ သူမသည် သူမ၏ဘော့စ်နားကနေ အရှက်မရှိ သွေးစုပ်ပီးနေနေပေမယ့် သူမ၏ဖြူစင်လှသည့်သားလေးရှေ့တွင်တော့ သူမသည် အံ့ကိုတင်းတင်းကြိတ်ပီး လက်တလောကျပ်တည်းနေသည့်အကြောင်းကို တစ်ခွန်းမှမဟပဲနေသည်လေ။
ယန်ရှုယွီအရင်က ကြားဖူးသည်ကတော့ single-parentမိသားစုက သားသမီးတွေ၏အရည်အသွေးက ပိုပီးစေ့စပ်သေချာသည်ဟုပင်။ ဝတ္ထုကို ပြန်တွေးကြည့်မည်ဆိုရင်လည်း သူဌေးတစ်ယောက်၏မယားပါသားအနေဖြင့် သူသည် ရင်းနှီးမြုပ်နှံမှုအချို့ကို လုပ်နိုင်သည်။ သူသည် ပင်ပင်ပန်းပန်းလုပ်စရာမလိုပါပဲ တစ်ဘဝလုံးအတွက် ငွေအလုံအလောက်ရှိသည်။ တရားဝင်ဆက်ခံခွင့်ရှိသည့်သူနှင့် အမွေတွေကို အပြိုင်အဆိုင်လုပ်ပီး ကိုယ့်သေမည့်လမ်းကိုယ်ဖောက်နေတာက တကယ်ပဲ ဘာအကြောင်းကြောင့်လဲ? တကယ်ကိုပဲ ဘာအတွက်လဲ?