၃၀
9.7K 1.5K 4
အခန်း (၉.၃)
သူ့အသက်ငါးနှစ်မရှိသည့်ဘဝတစ်လျှောက်မှာ အဖေဆိုသည့်စကားက သူနှင့်မရင်းနှီးသည့်စကားလုံးဖြစ်သည်။ သူငယ်ငယ်လေးတုန်းကတော့ အဖေရှိရင် ရှိခဲ့မှာပေါ့။ ဒါပေမယ့် သူမှတ်မိသလောက်ဆိုရင်တော့ သူ့ဘဝထဲတွင် သူနှင့်မေမေသာရှိသည်။
တစ်ခြားကလေးတွေက အဖေရှိပေမယ့် သူ့တွင်တော့မရှိပေ။ သူသည် ကလေးအရွယ်ဆိုပေမယ့် ကျန်းယွမ်ကျားလေးလည်း ဝမ်းနည်းတတ်သည်။ ဒါပေမယ့် သူ့မေမေက သူ့ထက်ပိုပီးဝမ်းနည်းနေမယ်ဆိုတာကို သူနားလည်တာကြောင့်မို့လို့ သူသည် အဖေအကြောင်း မမေးမိစေဖို့ အမြဲထိန်းချုပ်ထားသည်။
အခုတော့ သူ့မေမေဆီကနေ အဖေဆိုသည့် ဝေါဟာရကိုကြားရပီဖြစ်သည်။ ကျန်းယွမ်ကျားသည် ကြည်နူးစွာပဲ အံ့သြသွားရသည်။ သူသည် အဖေအကြောင်းထပ်ပြောပြဖို့ သူ့မေမေနားပူဆာလိုက်ချင်ပေမယ့် အခုက အန်တီသူစိမ်းတစ်ယောက်နဲ့ရှိနေသေးတာကို သတိရသွားတာကြောင့် ကျန်းယွမ်ကျားသည် ရှက်ပီး မျက်နှာနီသွားကာ အောက်ကိုသာငုံ့နေလိုက်သည်။
ဒီအန်တီသူစိမ်းသာအနားမှာမရှိတော့တဲ့အချိန်ရောက်ရင်တော့ သူ့တွင် မေမေ့ကိုမေးချင်သည့်မေးခွန်းပေါင်းများစွာရှိသည်လေ။
ယန်ရှုယွီ ဒီအတိုင်းသာမန်ပြောလိုက်သည့်စကားတစ်ခွန်းက ကလေးတစ်ယောက်ကိုပဲ အတွေးတွေများစေတာမဟုတ်။ ချန်ကျင်းလည်းပဲ အတွေးတွေများသွားသည်။ ဒါက တမင်သက်သက်ထည့်ပြောတာလား ဘာလားဆိုတာတော့ သူမ မသိပေ။
ဘယ်လိုပဲဖြစ်နေပါစေ သူမသည် မန်နေဂျင်းဒါရိုက်တာဟန်၏အမိန့်ကို နာခံပီး အစီအစဉ်အတိုင်းလုပ်သွားရုံသာဖြစ်သည်။ ဝန်ထမ်းဟောင်းကို ပြန်ခေါ်ပီး သူတို့ကုမ္ပဏီက ဘယ်လောက်တောင်မှ ဝန်ထမ်းတွေအပေါ်ဂရုစိုက်လဲဆိုတာကိုပြသဖို့ရယ် စာရွက်စာတမ်းတွေကို လက်မှတ်ထိုးခိုင်းပီး လစာထုတ်ပေးလိုက်သည်နှင့် သူမတာဝန်ပီးဆုံးပီဖြစ်သည်။
ချန်ကျင်းသည် စိတ်ပိုင်းဖြတ်လိုက်ပီးသည်နှင့် ယန်ရှုယီနှင့်သူမသားကို သူမရုံခန်းသို့ ခေါ်သွားလိုက်သည်။ ဒါပေမယ့် သူမထိုင်လိုက်ပီး စာရွက်စာတမ်းတွေကို မထုတ်ရသေးခင်မှာပဲ သူမဖုန်းမြည်လာသည်။