၁၂၆
3.8K 569 10
အပိုင်း (၁၂၆)
ဘော့စ်ကနေပီး တကယ်ကြီးသောက်မယ်လို့ သူမ မထင်ထားပေမယ့် သူမလက်ထဲကနေ ကော်ဖီခွက်ကို ယူသွားပီးသည်နှင့် တစ်ငုံ့သောက်လိုက်သည်။ ယန်ရှုယွီသည် မနေနိုင်ပဲ သိချင်စိတ်ဖြင့် မေးကြည့်လိုက်သည်။ "ကောင်းလား?"
"အဆင်ပြေပါတယ်" ဟု ဘော့စ်ကနေပီး ခပ်တည်တည်သာပြန်ဖြေလာပီး နောက်တစ်ငုံ့သောက်လိုက်သည်။ ကြည့်ရတာ သူမ၏ကော်ဖီ အကြိုက်အရသာကို လက်သင့်ခံပေးပုံပင်။
ယန်ရှုယွီသည် ဒီအတွက် ပျော်ရမှာဖြစ်ပေမယ့် sunshine houseက ကော်ဖီက ထုတ်ကုန်ကော ဈေးနှုန်းကော စတားဘက်ခ်ထက် ပိုကြီးကာ သာလွန်ပေမယ့် အင်တာနက်ပေါ်တွင် အရမ်းနာမည်ကြီးသော သူမတို့၏ကော်ဖီကို ဘော့စ်က ဂရုတောင်မစိုက်တာ၊ စတားဘက်ခ်က ကော်ဖီကို တကယ်ကြိုက်နှစ်သက်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပေ။ ဖြစ်နိုင်တာကတော့ ဒါက 'ဆက်နွယ်မှု'ဆိုတာမျိုးကြောင့်လား? သူ့အတွက် သူမ မှာပေးတဲ့ကော်ဖီဖြစ်တာကြောင့် သူက သောက်ရတာကြိုက်တာလား?
ထိုသို့တွေးလိုက်မိတော့ ပိုဂုဏ်ယူစရာတောင်မရှိတော့ပေ။ ယန်ရှုယွီသည် ပိုပီးလေးနက်သည့်အမူအရာဖြင့် မတ်မတ်လေးထိုင်လိုက်ပီး ပြောလိုက်သည်။ "အမ် ဘော့စ်ကျိုး ..."
ကျိုးချင်းဟယ်သည် ကော်ဖီခွက်ကို ချလိုက်ပီး သူမအားပြုံးပြကာ "ဟုတ်ကဲ့?"
ဘော့စ်ပုံစံက ပိုပီးပျော်နေလေ ယန်ရှုယွီက ပိုပီးစိတ်ပူပန်လာလေပင်။ သူ့ကို သူမငြင်းလိုက်သည့်အခါ ဒေါသတစ်ကြီးဖြစ်သွားမှာကို သူမစိုးရိမ်မိသည်။ ဒါပေမယ့် သူမပြောစရာရှိတာကတော့ ပြောရမည်သာ။ သူမအပေါ် ဒေါသထွက်မှာကို စိုးရိမ်တာကြောင့် သူ့သား၏ အမြောက်စာမိထွေးတစ်ယောက်ဖြစ်လာဖို့တော့ သဘောမတူလိုက်နိုင်ဘူးလေ။ ဒါကြောင့် စိုးရိမ်စိတ်များနေပေမယ့်လည်း သူမသည် လိုရင်းသာပြောဖို့ ဆုံးဖြတ်လိုက်သည်။ "လက်ထပ်မယ့်ကိစ္စတစ်ခုလုံးကို ကျွန်မတို့ မေ့လိုက်လို့ရမလား? ကျွန်မ ..."
ယန်ရှုယွီသည် အကြောင်းပြချက်တစ်စုံတစ်ရာပြောရန် ကြိုးစားနေပီး ရှေ့ရက်တုန်းက သူမသည် ဒီတိုင်းနောက်လိုက်တာသာဖြစ်ကာ တကယ်ကြီးလက်ထပ်ဖို့ စိတ်ကူးမရှိဘူးဆိုတာကို ဘော့စ်အား သိစေချင်သည်။ ဒါပေမယ့် သူမတောင် စကားဆုံးအောင် မပြောလိုက်ရသေးခင်မှာပဲ သူမ မျက်နှာချင်းဆိုင်တွင်ထိုင်နေသည့် ကျိုးချင်းဟယ်သည် တုံ့ဆိုင်းခြင်းမရှိပဲ ခေါင်းညိမ့်လိုက်သည်။ "ကောင်းပီ"