အပိုင်း (၁၆၁)
ဒါကို သူမနားလည်သဘောပေါက်သွားသည်နှင့် သူမသည် တောက်ပစွာပြုံးလိုက်ကာ ထိုမိန်းမကြီးကို ခေါင်းညိမ့်ပြလိုက်သည်။ "ကောင်းပီ အခု ကျွန်မသိပီ"
သူမဖက်က ရုတ်တရပ်အပြုအမူပြောင်းသွားတာကြောင့် ချင်းလော့ယီမှာ အတော်ကြီးဆွံ့အသွားသည်။ သူမသည် မျက်လုံးကို မှေးကျဉ်းလိုက်ပီး မေးလိုက်သည်။ "နင်က ဘာသိသွားတာလဲ?"
"ဘော့စ်ကျိုးက ကျွန်မကို လက်မထပ်ဘူးဆိုတာကိုလေ"
အခုလေးတင် အရမ်းခေါင်းမာနေသည့်သူတစ်ယောက်က ချက်ချင်းအသိတရားဝင်သွားမယ်လို့တော့ ချင်းလော့ယီလုံးဝမယုံပေ။ နောက်ပီး သူမတကယ်အသိတရားဝင်သွားရင်တောင် သူမက ဒီလောက်ကြီးပျော်ရွှင်နေမည်မဟုတ်လောက်။ ဖြစ်နိုင်တာကတော့ ဒီကောင်မလေးက သူမအပေါ်အမှားလုပ်မိမှာစိုးတာကြောင့် ဒီလိုတွေပြောနေတာပဲဖြစ်ရမည်။ ဒါပေမယ့် ဒါလည်းအဆင်ပြေပါတယ်။ သူမဖက်ကနေပီး နောက်ဆုတ်ပါမည်ဆိုပီး လက်လျော့ဖို့လိုလားတာက သူမရှေ့တင်ပဲဆိုပေမယ့် ဒါကိုအစစ်အမှန်ဖြစ်လာအောင် သူမလုပ်နိုင်သည်။
ချင်းလော့ယီသည် ဟမ့်ဆိုပီး အသံလုပ်လိုက်ကာ ပြောလိုက်သည်။ "နင်အခုလိုရှင်းရှင်းလင်းလင်းသိသွားတာကို ငါဝမ်းသာပါတယ်"
ထိုသို့ပြောပီးတာနှင့် ချင်းလော့ယီသည် သူမ၏ချက်လက်မှတ်စာအုပ်ကို ဆွဲထုတ်လိုက်သည်။ သူမ၏မြင့်မြတ်ပီးအရာရောက်သည့်အထက်စီးနေရာကနေ ယန်ရှုယွီအား ငုံ့ကြည့်လိုက်ပီး သူမအားပြောလိုက်သည်။ "ငါတို့တွေ သဘောတူညီမှုကို ရသွားတာ ငါဝမ်းသာပါတယ် အခုတော့ နင်လိုချင်တဲ့နှုန်းကိုပြောလိုက်"
သူမဆီက ပိုက်ဆံကိုလက်ခံပီးတာနှင့် ဒီကောင်မလေးဖက်က နောက်ထပ်ဘာအကွက်မှထပ်ရွှေ့လို့ရတော့မှာမဟုတ်ဘူး။ ဒီလိုသိုက်တူးသမားတွေရဲ့ နည်းလမ်းတွေကို သူမကောင်းကောင်းသိတယ်လေ။
ဒီမိန်းမကြီး၏စိတ်ထဲ ဘာတွေရှိနေလဲဆိုတာကို ယန်ရှုယွီလုံးဝမသိပေမယ့် သူမကိုယ်ထဲက သွေးတွေကတော့ ပွက်ပွက်ဆူနေပီ။ အိုး ရှစ် ချက်လက်မှတ်က လာပီလေ။ ဒီမိန်းမကြီးအပေါ် အစောနတုန်းက ရှိခဲ့သည့် သံသယတွေကို ပြန်ရုပ်သိမ်းလိုက်သည်။ ဒီမိန်းမကြီးက တကယ့်ကို ပရဟိတသမားပဲ။ သူမက တကယ်ကောင်းတဲ့လက်ထောက်လေးပဲ။ သူမရဲ့အခြေအနေတွေ ကူညီပေးသုံးသပ်ပေးလိုက်ရုံမက အခုတော့ သူမကို ပိုက်ဆံပါပေးနေပီလေ။ သူမက အရမ်းရက်ရောလွန်းလို့ ယန်ရှုယွီမှာ နည်းနည်းအပြစ်ရှိတဲ့စိတ်လေးတောင် ဖြစ်လာတော့သည်။
YOU ARE READING
RomanceAuthor(s) 清越流歌 Status in COO 100 Chapters + 3 Epilogues (Complete) English Translator(s) Fuyu Neko Fringe Alpaca Bamboo Spirit Fringe Manatee If you want to read original English translation, you all can read at novelupdates. Here link: https://www...