၃၇
9.3K 1.5K 16
အခန်း (၁၂) - ဗီလိန်မိထွေး၏နောက်ကွယ်ကဇာတ်လမ်း
ယန်ရှုယွီလုံးဝမထင်မိသည်က ဒီဗီလိန်မိထွေး၏အရင်ယောက်ျားသည် တကယ့်ကိုချောမောခန့်ညားသည့်ကောင်လေးတစ်ယောက်ဖြစ်နေမည်ဆိုတာကိုပင်။ သူမသည် မိထွေးဖြစ်သူ၏ကံကောင်းမှုကို လုံးဝမနာလိုမဖြစ်မိပေ။ နဂိုပိုင်ရှင်သည် တကယ့်ကိုဘဝတွင် အောင်မြင်သူဟုပြော၍ရသည်။ သူမနောက်ထပ်လက်ထပ်လိုက်သည့် ကျိုးချင်းဟယ်ကလည်း အေအဆင့်ရှိနတ်ဘုရားတစ်ပါးလို့သတ်မှတ်၍ရပီး သူမ၏သေသွားသည့်ယောက်ျားကြတော့ တော်တော်လေးကိုခန့်ညားသည်ဟုသတ်မှတ်၍ရသည်။ ဘယ်တစ်ယောက်ပဲဖြစ်ဖြစ် အနည်းဆုံးတော့ မိန်းကလေးတွေထောင်သောင်းပေါင်းများစွာကို ဆွဲဆောင်နိုင်သည့်ရုပ်ရည်ရှိသည်။ ဒီမိထွေးလေးက နတ်ဘုရားတွေကိုစုဆောင်းနေတဲ့သူလား?
ယန်ရှုယွီသည် နဲနဲတော့သံသယဝင်လာမိသည်။ ဒီဗီလိန်မိထွေးဆိုသည့်သူသည် ဗီလိန်လို့သာပြောပေမယ့် ဗီလိန်ဘော့စ်တွေ၏သမိုင်းတစ်လျှောက်မှာ စာရင်းမဝင်သည့်အရံဇာတ်ကောင်သာသာ သဘောသာဖြစ်သည်။ သူမတည်ရှိမှုသည် အပျော်တမ်းဇာတ်ရုပ်လေးတစ်ခုလိုပင်။ ဒါကို ဘာလို့သူမဆီမှာ ဒီလိုမျိုး ရုပ်ထွေးပီးဝမ်းနည်းစရာကောင်းသည့်နောက်ကွယ်ဇာတ်လမ်းတစ်ပုဒ်ရှိနေရာတာလဲ? ဒါက ဘယ်လိုမှအဓိပ္ပါယ်မရှိပေ။
ဒီမိထွေး၏နောက်ကွယ်ကဇာတ်လမ်းသည် ဘယ်လိုပဲစဉ်းစားစဉ်းစား သာမန်အရံဇာတ်ကောင်တစ်ခုနှင့် ဘယ်လိုမှမတူပေ။ ဒီလိုဇာတ်လမ်းမျိုးက အဓိကဇာတ်ကောင်တွေမှာသာ ရှိတာမျိုးလေ။
ဘယ်လိုပဲဖြစ်ဖြစ်ပါ ဗီလိန်မိထွေး၏ဇာတ်သိမ်းက ကြိုတင်သတ်မှတ်ထားပီးသားဖြစ်တာကြောင့် အခုမှအထူးတလည်တွေးနေလဲ ဘာမှမထူးခြားတော့ပေ။ ယန်ရှုယွီသည် ဓါတ်ပုံကို သေသေချာချာကြီးကြည့်နေသည့် သူမသားကို ညင်ညင်သာသာလေးပုတ်ပေးလိုက်သည်။ နောက်တော့ သူမသည် စိတ်မကောင်းပေမယ့်လည်း လက်ထပ်မှတ်ပုံတင်ကို ပြန်ယူလိုက်သည်။
အခုတော့ နဂိုပိုင်ရှင်၏ခံစားချက်ကို သူမပိုပီးကောင်းစွာနားလည်လာသည်ဟု ခံစားလိုက်ရသည်။ ဘာကြောင့် သူမ၏သေသွားသည့်ယောက်ျားအကြောင်းကို မပြောတော့တာလဲဆိုတာကိုကောပေါ့။ သူမသည် သူမ၏ယောက်ျားကလုံးဝမရှိဖူးသည့်သူကဲ့သို့ ရှိသမျှဓါတ်ပုံတွေကိုပါ အကုန်လုံးဖျောက်ဖျက်ပစ်လိုက်သည်။ ဒီလိုမျိုး သူမဘာကြောင့် ပြင်းပြင်းထန်ထန်ပြုမူရသလဲဆိုတာကတော့ အကြောင်းရင်တစ်ခုပဲရှိသည် - သူမသည် သူမ၏ယောက်ျားကို အရမ်းကိုချစ်တာကြောင့် ဒီလိုမှမလုပ်လျှင် သူမသည် သူမယောက်ျားကို ဘယ်လိုမှမေ့မရပဲ ဘဝကို ရှေ့မဆက်နိုင်မည်စိုးသောကြောင့် ဒီလိုမျိုး သူမကိုယ်သူမအတင်းအကျပ်လုပ်လိုက်ရတာဖြစ်သည်။ သူမတောင်မှ ထိုအမျိုးသားဘယ်လောက်တောင်ချောလဲဆိုတာကို တွေးလိုက်မိသည့်အခါ သူမသည် ဒေါ်လာ၅မီလီယံဆုံးရှုံးသွားသလိုမျိုး တွေးလိုက်မိတိုင်း နှလုံးတွေအောင့်လာသလိုလိုပင်။ နဂိုပိုင်ရှင်ဆိုရင် ဘယ်လောက်တောင်ခံစားလိုက်ရမလဲဆိုတာ သူမတွေးကြည့်လို့ရသည်။