၅၀
8.7K 1.3K 16
အခန်း (၁၆.၂)
~~~~~~~~~~~~~~
အိုး စန္ဒယား? သူမတီးပေးဖို့ လုံးဝဖြစ်တာပေါ့။ အပိုဝင်ငွေကို သူမဘယ်တုန်းကမှ မငြင်းဘူးပေ။ ဒါပေမယ့် ဘော့စ်က သူမကို စကားထပ်ပြောဖို့ အခွင့်အရေးလေးတစ်ခုတောင် မပေးပါပဲ ကျိုးယိကို သာလှမ်းပြောလိုက်သည် "ဒီနေ့အဆင်မပြေဘူးဆိုမှတော့ ပြန်ကြတာပေါ့ နောက်တစ်ခေါက်မှပဲ နားထောင်တော့လေ?"
ဇာတ်လိုက်လေးက တကယ့်ကို ဇာတ်လိုက်လေးပင်။ သူ့ကိုယ်သူ စိတ်ထိန်းချုပ်ထားနိုင်စွမ်းက ဒီလိုအသက်ငယ်ငယ်လေးမှာတောင် တဖက်ကမ်းခတ်နေပီ။ သူက ကိတ်ကို လက်မလွတ်နိုင်သလို စားနေတုန်းဖြစ်ပေမယ့် သူ့အဖေ၏စကားကို ကြားလိုက်သည်နှင့် သူ့ဇွန်းသေးသေးလေးကို တန်းချထားလိုက်သည်။ ဒီလိုစားသောက်ဖွယ်ရာတွေက သူ့အတွက် စားနေကျအရာတွေဖြစ်တာကြောင့် အန်တီယန်ကနေပီး သူ့ကိုအကြံပြုလာသည့်အရာတွေကို သူက အရမ်းကြီးစိတ်ထဲမရှိပေ။ ဒါကြောင့် သူသည် တွေဝေနေတာမျိုးမရှိပဲ တန်းပီးပြန်ဖြေလိုက်သည် "အိုကေ"
သူတို့က ပြန်ကြတော့မှာလား? ယန်ရှုယွီကြောင်သွားသည်။
ဒီသားအဖက မြန်မြန်ကြီးသဘောတူညီမှုတွေရသွားပီး အကြောင်လိုက်ဖြစ်နေသည့် ယန်ရှုယွီကို လှည့်ကြည့်လာကြသည်။ နောက်တစက္ကန့်မှာတော့ ရင်းနှီးဖော်ရွေသည့်ကျိုးချင်းဟယ်က "ပြေစာယူလာပေးလို့ ရပါပီ"
"အိုး ကောင်းပါပီ!" ယန်ရှုယွီသည် ချက်ချင်းပဲ စိတ်နဲ့ကိုယ်နဲ့ကပ်သွားသည်။ သူမအတွက် အပိုဝင်ငွေလေး ဆုံးရှုံးသွားရလို့ စိတ်မကောင်းလေးဖြစ်သွားရုံပါ။ နောက်တော့ ဒီဇာတ်လိုက်သားအဖကို ဖျော်ဖြေပေးစရာမလိုတော့ဘူးဆိုတာကို သူမ မြန်မြန်လေး သဘောပေါက်သွားသည်။ မဟုတ်ရင် သူမသည် ဘော့စ်က သူ့သားအတွက်ပြင်ထားပေးသည့် အနင်းခံကျောက်တုံးလေးဘဝရောက်သွားပီး သူ့သားအတွက် အကောင်းဆုံးအသုံးချခံပစ္စည့်ဘဝရောက်သွားဦးမည်လေ။ ထိုကဲ့သို့သာဖြစ်လာခဲ့ပါလျှင် ဇာတ်လမ်းသည် နဂိုအတိုင်းပြန်ဖြစ်သွားနိုင်သည်။ အနည်းဆုံးတော့ သူမသည် အနှစ်၂၀လောက်ကို အထက်တန်းစားချမ်းသာသည့်မိန်းမတစ်ယောက်တော့ဖြစ်သွားမှာဖြစ်တာကြောင့် မဆိုစလောက်လေးတော့ တန်ပါတယ်။