၄၅
8.7K 1.4K 12
အခန်း (၁၄.၃)
~~~~~~~~~~~~
ယန်ရှုယွီတွေးထားတာကတော့ သူမအကြံက perfectပေါ့လေ။ ဒါပေမယ့် သူမအထင်သေးမိသွားသည်က ဇာတ်လိုက်လေး၏ဉာဏ်ရည်ကိုပင်။ ဇာတ်လိုက်လေးသည် စာဖတ်တတ်သည်ဖြစ်စေ မဖတ်တတ်သည်ဖြစ်စေ သူသည် မီနူးကပုံတွေကို ကြည့်တတ်သေးသည်။ ဇာတ်လိုက်ပေါက်စလေးသည် မီနူးကို အာရုံစိုက်ကြည့်နေပီး အကူအညီတောင်းလာမည့်အရိပ်အယောင်မရှိပေ။ ယန်ရှုယွီသည် တစ်ဖက်မှာကိုးရိုးကားရားအနေရခက်စွာရပ်နေပေမယ့် နောက်ဆုံးတော့ သူမ၏ဉာဏ်ကိုအသုံးပြုပီး ထိုပေါက်စလေးစားနိုင်တာထက်ပိုပီး မှာခိုင်းလိုက်နိုင်သည်လေ။
ဒီနည်းလမ်းက ရိုးရှင်းသည်။ သူမလုပ်လိုက်တာကတော့ ဇာတ်လိုက်လေးပုံတွေကိုကြည့်နေသည့်အချိန်မှာ သူမခေါင်းကိုအတင်းတိုးဝင်ပီး အဘွားကနေမှ သူ့မြေးလေးကို ချော့ပြောနေသည့်လေသံဖြင့် ပြောလိုက်သည်။ "အယ် ဒါလေးကို စားချင်တာလား? အရမ်းကောင်းတဲ့ရွေးချယ်မှုပဲ ဒါလေးလဲအရမ်းအရသာရှိတယ်!" သူမသည် အကြံပေါင်းသောင်းခြောက်ထောင်သုံးလိုက်စရာမလိုပဲ စကားတစ်ခွန်းဆိုတစ်ခွန်း အလုပ်ဖြစ်လေသည်။
ယန်ရှုယွီသည် အနည်းငယ်တော့အံ့သြမိသည်။ ဇာတ်လိုက်လေးသည် ခက်ထန်သည့်ပုံရပေမယ့် သူကတကယ်တော့ စည်းရုံးရလွယ်သည်။ သူမကနေပီး 'အရမ်းကောင်းတဲ့ရွေးချယ်မှု'လို့ပြောလိုက်ပီး စကားတောင်မဆုံးသေးခင် ဒီကလေးလေးက ခေါင်းညိမ့်ပီးသားပင်။
သူမအကြံက သူမထင်ထားသည်ထက်တောင် ပိုအလုပ်ဖြစ်နေသေးသည်။ ဇာတ်လိုက်လေးသည် ဒီထက်၂နှစ် ၃နှစ်ကြီးလာလျှင် အခုလိုလွယ်ကူတော့မည်မဟုတ်တော့ဘူးဆိုတာကို ယန်ရှုယွီသိသည်လေ။
ယန်ရှုယွီသည် ပျော်ပျော်ကြီးကို ဇာတ်လိုက်ပေါက်စလေးအား အရူးလုပ်နေလေသည်။ သူမသည် ပေါ်တင်ကိုအရူးလူပ်ပီး ထိုကလေး၏အုပ်ထိန်းသူက ရှေ့တည့်တည့်မှာထိုင်နေတာကိုတော့ လုံးလုံးလျစ်လျူရှုထားလိုက်လေသည်။ သူမထင်သည့်အတိုင်းပေ။ ဒီပမာဏလေးက ကျိုးအတွက်တော့ ဘာမှမဟုတ်ပင်။
ဘော့စ်ကြီးကတော့ သူ့သားနှင့်ထိုမိန်းကလေးတို့အဆင်ပြေပြေဖြစ်နေသည်ကို နူးညံ့သည့်အကြည့်များဖြင့်သာ ကြည့်နေသည်။ ယန်ရှုယွီသည် လယ်သမားဦးလေးတွေပင်ပင်ပန်းပန်းစိုက်ပျိုးထားသည့်စားစရာတွေကို ဖြုန်းတီးတာလုံလောက်ပီးဟုယူဆလိုက်ပီးချိန်မှာတော့ သူမအား သူကမေးလိုက်တာကတော့ "ဒါတွေအားလုံးက .....မင်းအကြံပြုပေးတာတွေလား?"