၁၈၉
1.4K 139 0
အပိုင်း (၁၈၉)
သူမသားကို ဂီတကျောင်းသွားရန် ဘော့စ်နှင့်အတူ လှည့်စားပြီးတဲ့နောက်မှာတော့ ယန်ရှုယွီသည် ဘော့စ်နှင့်အတူအချိန်ကုန်ဆုံးရန် ပျော်ရွှင်စွာ ပြင်ဆင်လိုက်သည်။
သူမတို့နှစ်ယောက်တည်းအပြင်သွားတာဖြစ်ဖြစ် ဒါမှမဟုတ် ကလေးတွေနှင့်အတူ အပြင်သွားတာပဲဖြစ်ဖြစ် တွေးပေးတတ်ကာ အတွေ့အကြုံရှိသည့်ဘော့စ်ကတော့ အမြဲတမ်းအရာအားလုံးကို စီစဉ်ပေးပြီး ယန်ရှုယွီမှာ ဘာမှကို စိတ်ပူစရာမလိုပေ။
ဒါကြောင့် ဒီနေ့ကလည်း တစ်ခြားနေ့တွေအတိုင်းလိုပဲဖြစ်မည်လို့ ယန်ရှုယွီ ယူဆလိုက်သည်။ ဒါကြောင့် သူမသားနှင့်နည်းပြလင်းတို့ကို လက်ပြနှုတ်ဆက်ပြီးလို့ ကားကိုပြန်သွားသည့်အခါ သူမသည် ဘော့စ်အား မျှော်လင့်စောင့်စားနေသည့်အကြည့်ဖြင့် မေးလိုက်သည်။ "အိုကေ ပြီးပြီ အခု ကျွန်မတို့ဘယ်သွားကြမှာလဲ?"
ဘော့စ်သည် ပုံမှန်အတိုင်းကားစက်နိုးလိုက်ပြီး ပထမဆုံးအကြိမ်အဖြစ် သူမသဘောထားကို မေးလာသည်။ "မင်း​ဘယ်သွားချင်လဲ?"
မပြင်ဆင်ထားသည့်ယန်ရှုယွီသည် တစ်စက္ကန့်လောက်တုံ့သွားကာ "ဟင်?"
ကျိုးချင်းဟယ်က အရမ်းကိုစေ့စပ်သေချာသည့်သူပုံစံဖြစ်ပေမယ့် ဒိတ်လုပ်သည့်နေရာ၌ အတွေ့အကြုံရှိသည့်ကိစ္စနှင့်ပတ်သတ်လျှင်တော့ နှစ်ယောက်ထဲတွင် ဘယ်သူကပိုပြီးအတွေ့အကြုံရှိလဲဆိုတာက ပြောရခက်သည်။
မိသားစုလိုက် နေဦး မဟုတ်သေးဘူး သူမတို့လေးယောက်လုံး အပြင်ထွက်လည်ဖူးပေမယ့် အဲ့ဒါက တကယ့်ဒိတ်အစစ်မဟုတ်ပေ။ သူတို့တွေ ရုပ်ရှင်လည်းသွားကြည့်ဖူးပြီး ညနေစာလည်းအတူစားဖူးသည်။ ဒါပေမယ့် အချိန်ကအရမ်းတိုတာကြောင့် သူမတို့ အစီအစဉ်တွေအများကြီးမလုပ်ဖြစ်ပေ။ ဒါကြောင့် ဒီတစ်နေ့လုံးမှာ သူတို့နှစ်ယောက်ထဲပဲအတူရှိနေမည်က ဘော့စ်ကျိုးအတွက် အတွေ့အကြုံအသစ်ပင်။
သူသည် နေ့တိုင်းပြဿနာများစွာကို ကိုင်တွယ်ဖြေရှင်းရသည့်သူတစ်ယောက် အမြဲဖြစ်ခဲ့သည်။ သူက အရမ်းအလုပ်များလွန်းတာကြောင့် သူ့သားအရင်းအတွက်တောင်မှ အချိန်သိပ်မပေးနိုင်ခဲ့ပေ။ အခုတော့ ရုတ်တရပ်ကြီး သူက ဘာအလုပ်မှမလုပ်ပဲ အမျိုးသမီးတစ်ယောက်နှင့် တစ်နေကုန် အချိန်ကုန်ဆုံးတော့မည်။ နဂိုကတော့ ဘော့စ်ကျိုးသည် သူ့အချိန်တွေကို ဒီလိုနည်းဖြင့် ကုန်ဆုံးမည်အား စိတ်မဝင်စားခဲ့ပေမယ့် အခုတော့ သူ့စိတ်အခြေအနေက ပြောင်းလဲသွားခဲ့လေပြီ။ သူကအခုတွဲနေသည့်သူရှိလာပြီး သူမကို ပိုးပန်းခဲ့သူကလည်း သူကိုယ်တိုင်ဖြစ်သည်။