အခန်း (၂၄.၄)
~~~~~~~~
ဘော့စ်ကနေပီး သူမအား ခါးပတ်ပတ်ဖို့ သတိပေးလာသည့်အချိန်မှာပဲ သူမစိတ်မတည်မငြိမ်ဖြစ်နေတာတွေ အကုန်ပျောက်သွားသည်။ အခုတော့ သူမအား သာမန်မေးခွန်းလေးမေးလာသည့်အခါမှာတော့ သူမဖက်ကနေ သာမန်အတိုင်းပဲပြန်ဖြေလိုက်သည်။ "ယွမ်ပေါင်က အိမ်မှာ ကျွန်မက တစ်ခြားသူတွေထက်စာရင် အလုပ်စောဆင်းရပါတယ် ညဆိုင်းဆင်းရတဲ့သူတွေဆို ၁၁နာရီထိ နေရတယ်"
ကျိုးချင်းဟယ်သည် သူမကိုကြည့်လိုက်ပီး ပြောလိုက်သည်။ "အဲ့လိုဆိုတိုင်းလဲ မကောင်းသေးဘူး တစ်ခြားအလုပ်ပြောင်းဖို့ မင်းမစဉ်းစားကြည့်ဘူးလား?"
ယန်ရှုယွီသည် မန်နေဂျာရန်အကြံပေးသည့်စကားကို လက်ခံပီး ဆရာမလင်းနှင့်တွေ့သည့်အခါ အလုပ်အကြောင်းမေးကြည့်ဖို့ ဆုံးဖြတ်ထားသည်လေ။ ဒါပေမယ့် အခုတော့ ဘာမှအတိအကျမဖြစ်သေးသည့်အတွက် သူမအလုပ်က ဘော်ဒါတွေကိုတောင်မပြောရသေးတာ သူမအတွက် သူငယ်ချင်းတောင်မဟုတ်သည့် ကျိုးချင်းဟယ်ကိုလည်း ပြောစရာအကြောင်းမရှိပေ။ သူမသည် အဆင်ပြေသည့်အဖြေကိုသာပေးလိုက်သည်။ "အဆင်ပြေပါတယ် ဒီအလုပ်ကိုလည်း ကျွန်မ အခုမှစဝင်ထားတာလေ"
သူမအနေနှင့် နှစ်ပေါင်းသိန်းသန်းကုဋေကြာသွားသည့်တိုင်အောင် အတွေးထဲမရောက်လာနိုင်သည့်အချက်ကို ဘော့စ်ကပြောလာသည်။ "ကိုယ့်ကုမ္ပဏီက စီမံဌာနမှာ နေရာလွတ်တစ်ခုရှိတယ် အလုပ်ချိန်က မနက်၉ ည၅ကို အချိန်ပိုမရှိဘူး တစ်ခြားအရည်အချင်းတွေလည်း သိပ်မလိုဘူး အဲ့ဒါက မင်းအတွက် ပိုပီး သင့်တော်လိမ့်မယ်"
ယန်ရှုယွီသည် တံတွေးမျိုချလိုက်ပီး မယုံနိုင်စွာဖြင့် မေးလိုက်သည်။ "ရှင့်ကုမ္ပဏီ?"
ကျိုးချင်းဟယ်သည် ခေါင်းညိမ့်ပြလိုက်သည်။
ကျိုးလုပ်ငန်းစုသည် ကမ္ဘာ့ထိပ်တန်းလုပ်ငန်းစု၅၀၀ထဲတွင်ပါပီး ထိုထဲမှာမှ ထိပ်တန်းစာရင်းဝင်ဖြစ်သည်။ ဒီလိုကုမ္ပဏီမျိုးက အလုပ်ခန့်လျှင် ထိပ်တန်းတက္ကသိုလ်၃ခုကနေ ဘွဲ့ရလာမှသာ အလုပ်ခန့်သည်လေ။ အလုပ်သာရသွားလျှင် ရလာမည့်အကျိုးခံစားခွင့်တွေကိုတော့ ထည့်မပြောသေးပါနှင့်ဦး။ ဘော့စ်ကြောင့် သူမအလုပ်ဝင်သွားသည်နှင့် သူမသာကောင်းကောင်းနေသွားလျှင် အငြိမ်းစားယူသည့်အချိန်အထိ သာသာယာယာနေသွားလို့ရသည်။
YOU ARE READING
RomanceAuthor(s) 清越流歌 Status in COO 100 Chapters + 3 Epilogues (Complete) English Translator(s) Fuyu Neko Fringe Alpaca Bamboo Spirit Fringe Manatee If you want to read original English translation, you all can read at novelupdates. Here link: https://www...