အပိုင်း (၉၇)
~~~~~~~~~~~~
ဖြစ်ချင်တော့လည်း ကျိုးချင်းဟယ်သည် ကျန်းယွမ်ကျား၏အပြုအမူတွေအားလုံးကို လိုက်ကြည့်နေတာကြောင့် ယန်ရှုယွီ၏မျက်နှာအမူအရာတွေအားလုံးကို မြင်နေရသည်လေ။
အရမ်းထက်မြတ်သည့်သူလဲဖြစ်သလို အကွက်ချရာမှာလည်း တစ်ဖက်ကမ်းခတ်သည့်သူဖြစ်သော ကျိုးချင်းဟယ်အနေနှင့် သူ့ဖက်ကနေပီး တစ်ခါမှမခန့်မှန်းမိတာကတော့ အသက်လည်းပြည့်ပီး လူကြီးတစ်ယောက်ဖြစ်နေပီဖြစ်သည့် ယန်ရှုယွီက အခုလိုမျိုး ဘာမှမပြောပလောက်သည့်ကိစ္စလေးဖြစ်သည့် သူမသား ဘယ်သူ့ဖက်ကိုသွားမလဲဆိုတာကို ပြိုင်ဆိုင်ချင်နေလောက်သည်အထိ ကလေးဆန်နေမယ်ဆိုတာကိုပင် _ ကလေးနှစ်ယောက် တစ်ယောက်ကို တစ်ယောက်စိုက်ကြည့်နေကြတာနှင့် ဘာကွာဦးမှာလဲ?
ကျိုးချင်းဟယ်ဖက်ကနေပီး ယန်ရှုယွီအပေါ် အရမ်းကိုခန့်မှန်းလွန်နေပီး သူမပုံစံကို လုံးဝအထင်လွဲနေခဲ့ပုံပင်။ စက္ကန့်အနည်းငယ်လောက် တွေးပီးတော့မှ သူသည် သူမကို အဓိပ္ပါယ်ပါပါမျက်ခုံးပင့်ပြလိုက်သည်။ သို့ပေမယ့် ထိုအချိန်မှာတော့ ယန်ရှုယွီ၏အာရုံက ဘော့စ်အပေါ်မှာ မရှိတော့ဘူးလေ။
တကယ့်တကယ်တော့ ယန်ရှုယွီ၏နှစ်ထောင်းအားရဖြစ်မှုက ၂စက္ကန့်သာကြာသည်လေ။
သေချာပေါက်ကို သူမသားက ဇာတ်လိုက်အဖေထက် သူမကို ရွေးမှာပေါ့။ သူမသားသည် သူမခြေထောက်တွင် တွယ်ကပ်နေပီး လွတ်ပေးဖို့ စိတ်ကူးမရှိပုံပင်။ ဒါပေမယ့် ယန်ရှုယွီသတိထားမိလိုက်တာက ဇာတ်လိုက်လေးသည်လည်းပဲ သူမအပေါ် မှီတွယ်ဖို့လုပ်နေမှန်း သိလိုက်သည်။ ဘာတွေဖြစ်နေတာလဲ? ဇာတ်လိုက်နဲ့ဗီလိန်နဲ့က သူတို့ ဘော့စ်ဒယ်ဒီအတွက်နဲ့ ရန်မဖြစ်ကြတော့ပဲနဲ့ မကောင်းတဲ့မိထွေးအတွက်နဲ့ အပြိုင်အဆိုင်လုပ်ကြတော့မလို့လား?
ယန်ရှုယွီသည် ကြက်သေ သေသွားတော့သည်။
သူမနားကို တဖြည်းဖြည်းကပ်,ကပ်လာသည့် ဇာတ်လိုက်လေးကို ကြည့်နေရင်း ဇာတ်လိုက်သည်လည်းပဲ သူမသားလေး ကျန်းယွမ်ပေါင်ကဲ့သို့မျိုး သူမခြေထောက်နားကို တွယ်ဖက်ထားခြင်ပုံရသည်။ ယန်ရှုယွီတစ်ယောက် ပါးစပ်ကို ပိတ်လိုက်ဖွင့်လိုက်သာဖြစ်နေသည်။ သူမသည် ဇာတ်လိုက်အား သူ့အဖေဆီသွားရန်ပြောလိုက်ချင်ပေမယ့်လည်း lolitaလေးထက်တောင်မှ ပိုပီးချစ်ဖို့ကောင်းနေသည့် ဇာတ်လိုက်လေး၏မျက်နှာကို ကြည့်နေရင်း သူမပါးစပ်းက စကားတစ်ခွန်းမှမထွက်နိုင်ပေ။
YOU ARE READING
RomanceAuthor(s) 清越流歌 Status in COO 100 Chapters + 3 Epilogues (Complete) English Translator(s) Fuyu Neko Fringe Alpaca Bamboo Spirit Fringe Manatee If you want to read original English translation, you all can read at novelupdates. Here link: https://www...