၁၀၈
5.5K 798 18
အပိုင်း ၁၀၈
~~~~~~~~~
ဒီလောကနှင့်ပတ်သတ်ပီး ယန်ရှုယွီမှာ အတွေ့အကြုံအကန့်အသတ်ပဲရှိတာက တကယ့်ကိုနှမျောစရာပင်။ သူမအရင်ရည်းစားနှင့် သူမ၏ကွယ်လွန်သွားသည့်ယောက်ျားအပြင် သူမရှေ့ကဘော့စ်ကိုပါထည့်ထွက်ရင်တောင် စုစုပေါင်း၃ယောက်ပဲရှိသည်။ သူတို့အကုန်လုံးက တကယ့်ကိုအရည်အသွေးမြင့်သည့်သူတွေဖြစ်ပေမယ့် အရေအတွက်ဖက်မှာတော့ တော်တော်လေးနည်းသည်လေ။ သူမ၏အံ့သြဖွယ်ကောင်းလွန်းသော ကျက်သရေရှိလှပသည့်ရုပ်ရည်လေးနှင့် လုံးဝမတရားဘူးလေ။
ဒါကြောင့် သူမ၏ကလက်တက်တက်ပုံစံမျိုးကို ဆက်ထိန်းသိမ်းဖို့ ယန်ရှုယွီသည် သွားကြားထဲကနေ လိမ်ညာမှရတော့မည်။ "အဲ့လောက်အများကြီးလဲမဟုတ်ပါဘူး အကုန်လုံးကို ကျွန်မလက်နှစ်ဖက်နဲ့ ရေလို့တော့ရပါတယ် ဒါပေမယ့် သူတို့တွေအားလုံးက ဘော့စ်ကျိုးလောက် သက်လုံအားမကောင်းဘူး အဲ့အတွက်တော့ ရှင် ကျွန်မကို ယုံလို့ရတယ်!"
ကျိုးချင်းဟယ်သည် သူမအား အဓိပ္ပါယ်ပါပါကြည့်လိုက်ပီး မေးလိုက်သည်။ "အဲ့အတွက် မင်းကို ကိုယ်တကယ်ယုံလို့ရလို့လား?"
ယန်ရှုယွီသည် သူမသရုပ်ဆောင်တွေမှာ လုံးဝကိုနှစ်မျောနေတာကြောင့် ဘော့စ်၏အကြည့်ကို သတိမထားမိပဲ ခေါင်းကိုအဆက်မပြတ်ညိမ့်ပြလိုက်ကာ "အမှန်အတိုင်းပြောတာ ရှင့်အရည်အချင်းကို ရှင်ယုံကြည်သင့်တယ် ဘော့စ်ကျိုး"
သရုပ်ဆောင်နေရင်း သူမကိုယ်သူမ ပျော်ပျော်ကြီးတွေးလိုက်သည်။ ငါက တကယ့်ကိုကျွမ်းကျွမ်းကျင်ကျင်ကိုင်တွယ်နိုင်ပီး မကောင်းတဲ့မိန်းမတစ်ယောက်လိုပြောနိုင်တာပဲ အခုလောက်ဆို ဘော့စ်က သူမအပေါ် လုံဝးစိတ်ဝင်စားမှုပျောက်သွားလောက်ပီ။
အဆက်အစပ်မရှိပါပဲ ဘော့စ်သည် စကားလမ်းကြောင်းကို ရုတ်တရပ်ကြီးပြောင်းလိုက်ကာ သူမအား ပြန်မေးလာသည်။ "အိုကေ မင်းဖက်က ကိုယ့်ကိုလည်း ဒီလောက်တောင်မှသဘောကျနေပီး ကိုယ့်လုပ်ဆောင်ချက်တွေကိုလည်း သဘောမကျတာလဲမဟုတ်ဘူးဆိုရင် မင်းက ကိုယ့်ဆီက ဘာလို့ထွက်ပြေးနေတာလဲ?"