၃၁
9.6K 1.4K 12
အခန်း (၁၀.၁) - ဇာတ်ရံတစ်ယောက်၏ကံကြမ္မာ
မန်နေဂျာချန်ကနေပီး သဘောထားကြီးစွာဖြင့် သူမဆီမှာ ဖြတ်သန်းခွင့်ကဒ်ကို ထားခဲ့တာကြောင့် ယန်ရှုယွီသာ စိတ်ရှိပါက သူမသားကို ဒီဟိုတယ်၏ဘယ်ထောင့်မှမကျန် အကုန်လိုက်ပြလို့ရသည်။ သူမတို့သည် ၁၈ထပ်နှင့် ခေါင်မိုးထပ်ကိုပင် သွားခွင့်ရှိသည်။ ဒီအထပ်က ပုံမှန်ဧည့်သည်တွေ သွားခွင့်မရှိသည့် ကန့်သတ်အထပ်ဖြစ်သည်။ ဒါက ဝန်ထမ်းတွေမှသာ သွားခွင့်ရသည်။
ယန်ရှုယွီသည် သူမကံကောင်းမှုကို လောင်းကြေးမထပ်ဖို့ ဆုံးဖြတ်ထားသည်။ မန်နေဂျာချန်သည် သူမအပေါ် သဘောကောင်းခြင်းသာဖြစ်သည်။ သူမသည် ဒီဟိုတယ်၏ဝန်ထမ်းမဟုတ်တော့ပေ။ ဒီဟိုတယ်တွင်းကို သူမ၏အိမ်နောက်လို စိတ်တိုင်းကျသွားချင်တိုင်းသွားလို့ မသင့်တော်ပေ။ ယန်ရှုယွီသည် အသုံးချမခံချင်ပေ။ ဒါကြောင့် သူမသည် သူမသားကိုခေါ်ပီး ဟိုတယ်ဧည့်ခန်းရှိသည့်အောက်ထပ်ကိုသာ ဆင်းသွားလိုက်သည်။
ဒီဟိုတယ်သည် လူသိများသည့်ဟိုတယ်တစ်ခုဖြစ်သည်။ ဟိုတယ်ဝန်ဆောင်မှုနှင့်ဖြည့်စည်းပေးသည့်ပစ္စည်းတွေကလည်း ကြယ်ငါးပွင့်ဟိုတယ်တွေအားလုံးထဲ၌ အကောင်းဆုံးဖြစ်သည်။ ဒါကြောင့် ဟိုတယ်ခက ဈေးကြီးပေမယ့် နာမည်ကောင်းဖြင့်ကျော်ကြားနေခြင်းဖြစ်သည်။ ဧည့်ခန်းသည် ပထမထပ်တွင်ရှိပီး ဧည့်ခန်းကို ပြင်ဆင်ထားသည်က ဧည့်သည်တွေကို ဘယ်လောက်တွေးထားပေးလဲဆိုတာ သိသာသည်။ ဧည့်ခန်းသည် အစားအသောက်နှင့်ပျော်စရာစိတ်အပန်းဖြေစရာအားလုံးရနိုင်သည့် ကလပ်လေးလိုပင်။ အားကစားခန်းမကိုလည်းရှာတွေ့နိုင်ပီး ရေကူးကန်၊ ဂိမ်းခန်း၊ နှင့် ရုပ်ရှင်ရုံအသေးစားလေးပါရှိသည်။ ကလေးကစားကွင်းလည်းရှိပီး ဧည့်သည်တွေအတွက် အကုန်လုံးက အခမဲ့ဖြစ်သည်။
ဒါက အရမ်းကို ပြည့်စုံအောင်တွေးထားပေးတာပဲဖြစ်သည်။
ဧည့်ခန်းကို သူ့မေမေနှင့်ဝင်သွားလိုက်သည့်အခါမှာတော့ ကျန်းယွမ်ကျား၏မျက်လုံးများသည် ဝိုင်းစက်သွားသည်။ အကုန်လုံးက မျက်စိလွှဲချင်စရာမရှိပေ။