အပိုင်း ၁၀၉
~~~~~~~~~ဒီစကားကိုကြားပီးသွားသည့်နောက်မှာတော့ အမြဲတမ်းလို တည်ငြိမ်ပီး စိတ်ထိန်းချုပ်နိုင်ကာ အရာအားလုံးကိုလည်း လွယ်လွယ်ကူကူလေးကိုင်တွယ်နိုင်သည့်ဘော့စ်တစ်ယောက် နောက်ဆုံးတော့ဒေါသထွက်ပီလေ။ ပထမဆုံးအကြိမ်အဖြစ် သူသည် သူမအား ခံစားချက်မဲ့စွာကြည့်လိုက်ပီး ပြောလိုက်သည်။ "အဲ့ဒီတော့ မင်းအလုပ်ထွက်သွားတာက မင်းကလေးနေမကောင်းတာကြောင့်မဟုတ်ပဲ ကိုယ့်ကိုရှောင်ချင်လို့ဆိုတာကို ဝန်ခံပီပေါ့?"
အိုး သေပီ။ သူမဇာတ်လမ်းထဲက ဟာကွက်ကိုမေ့သွားသည်။ ယန်ရှုယွီသည် စိတ်တုန်လှုပ်စွာဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပီး သူမအတွေးတွေလည်း စတင်ပီး ချာချာလည်နေတော့သည်။ သို့ပေမယ့် ကျိုးချင်းဟယ်က သူမဖက်က ရှင်းပြလာမှာကိုလည်း စိတ်မဝင်စားသည့်ပုံပင်။ သူသည် ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပီး သူမနှင့်ပိုနီးကပ်သွားအောင်ရွေ့လိုက်ပီး စကားကိုတစ်လုံးခြင်းစီပြောလိုက်သည်။ "အဲ့ဒီတော့ မင်းအနေနဲ့ ကိုယ်က အရမ်းပျင်းစရာကောင်းတယ်လို့ထင်တယ်ပေါ့?"
သူမဖက်က တစ်ချိန်လုံးကြိုးစားပမ်းစားလုပ်ထားပီး နောက်ဆုံးတော့ ဘော့စ်ကို စိတ်အနှောင့်အယှက်ဖြစ်သွားအောင်လုပ်လိုက်နိုင်ပီဆိုပေမယ့်လည်း ဒီအတွက်နှင့်ယန်ရှုယွီသည် စိတ်သက်သာမရသွားပေ။ သူမသည် ကြောင်အမှင်သက်နေပီး သူမပေါ် တစ်ဖက်လူ၏ဝင်သက်ထွက်သက်ရိုက်ခက်နေတာကို ခံစားမိနေသည်။ သူမခန္တာကိုယ်ကတော့ အလျော့ပေးလိုက်ပီး ခေါင်းညိမ့်လိုက်ချင်ပေမယ့် သူမဦးနှောက်ကနေတော့ ဒီလိုလုံးဝမလုပ်သင့်ဘူးလို့ပြောနေသည်။
သူမဖက်ကနေ ထိုစကားတွေပြောလိုက်တာကလည်း ဘော့စ်တစ်ယောက် သူမအပေါ် စိတ်ဝင်စားမှုလျော့နည်းသွားအောင်သာလုပ်ချင်တာဖြစ်ပီး ဒေါသပုန်ထသွားအောင်လုပ်ချင်တာမဟုတ်။ အဆိုးဆုံးကိုတွေးကြည့်လို့ ဘော့စ်ကနေပီး သူမကိုဆက်စိတ်ဝင်စားနေမယ်ဆိုရင်တောင် သူမအနေနှင့် ထောင်ထဲမသွားခင် အထက်တန်းမိသားစုဝင်၏ဇနီးတစ်ယောက်အဖြစ် အနှစ်၂၀လောက်နေနိုင်ဦးမည်။ ဒါပေမယ့် အခုနေ သူမသာ ဘော့စ်ကို စော်ကားမိသွားရင် သူမ နောက်တစ်နေ့အာရုံတက်အလင်းကိုတောင် မြင်ရတော့မည်မဟုတ်လောက်ပေ။
ČTEŠ
RomanceAuthor(s) 清越流歌 Status in COO 100 Chapters + 3 Epilogues (Complete) English Translator(s) Fuyu Neko Fringe Alpaca Bamboo Spirit Fringe Manatee If you want to read original English translation, you all can read at novelupdates. Here link: https://www...