အခန်း (၂၃.၄)
~~~~~~~~~~~~
ဒီအတွေးတွေက သူမကို ပိုပီးစိတ်ရှုပ်ထွေးစေသလောက် တစ်ဖက်မှာလည်း သူမအနေနှင့် စိတ်သက်သာရာရသွားသလို ခံစားရသည် ; အိုကေလေ ဒီတော့ ဘော့စ်က သူမကို စိတ်မဝင်စားဘူးပေါ့။ အဲ့ဒါကောင်းတယ်လေ ဟုတ်တယ်မလား? အခုတော့ ဘော့စ်ကနေပီး သူမကို ဇာတ်လိုက်၏မိထွေးဖြစ်အောင်လုပ်မည့်အခြေအနေအတွက် စိတ်ပူစရာမလိုတော့ဘူးလေ ဟုတ်တယ်ဟုတ်?
ထိုအတွေးကြောင့် ယန်ရှုယွီသည် စိတ်ပြန်တင်းလိုက်ပီး ဒီလိုနှင့် နောက်တစ်ပတ်အချိန်ကုန်သွားကာ မန်နေဂျာရန်ကနေမှ သူမအတွက် သတင်းကောင်းပြောပြလာသည်။ "သင်တန်းဆရာမလင်းက အရင်ရက်ပိုင်းတုန်းက အလုပ်ရှင်တစ်ချို့နဲ့ မြို့ပြင်ရောက်နေတာ မနေ့က ကိုယ့်တူမလေးကို လာသင်ပေးရင်းနဲ့ မင်းအတွက်စကားတစ်ချို့ကို ကိုယ့်အဒေါ်ကနေတဆင့် ချန်ထားခဲ့တယ် လာမယ့်ပိတ်ရက်ကြရင် မင်းနဲ့စကားပြောဖို့ ဆိုင်ကိုလာခဲ့မယ်တဲ့"
"တကယ်?" ယန်ရှုယွီသည် အရမ်းကိုပျော်လွန်းလို့ မျက်ရည်တောင်ဝဲရသည်။
"မင်းရဲ့သားလေးကို သူ့တို့လက်ထဲ မင်းက မြန်မြန်လွဲလိုက်ချင်နေပုံပဲ ဟမ်?"ဟု ရန်ကျီဖန်သည် စလိုက်သည်။ နောက်တော့ သူသည် ယန်ရှုယွီအား သတိပေးလိုက်သေးသည်။ "မင်းရဲ့စာမေးပွဲကလည်း အချိန်နီးနေပီမလား? လာမယ့်ပိတ်ရက်ကြ သူမနဲ့တွေ့တဲ့အခါ မင်းမေးချင်တဲ့မေးခွန်းမှန်သမျှ မေးဖို့ မမေ့နဲ့ဦး"
စာမေးပွဲဝင်ခွင့်တင်တုန်းကတည်းက ယန်ရှုယွီသည် လိုအပ်သမျှအချက်အလက်တွေအကုန်လုံးကို စုဆောင်းထားပီးသားဖြစ်သည်။ နောက်ပီး သူမကိုယ်သူမ အကြွင်းမဲ့ယုံကြည်ချက်လည်းရှိသည့်အပြင် လက်ရှိသူမအဆင့်လောက်နှင့်တော့ စာမေးပွဲကို ဂုဏ်ထူးတွေနှင့် အောင်မြင်မည်ကိုလည်း သူမသံသယမရှိယုံကြည်သည်။ ဒါကြောင့် မန်နေဂျာရန်သတိပေးလိုက်တာကို သူမစိတ်ထဲ သိပ်မထားပေ။ သူမသည် ခေါင်းညိမ့်ပြလိုက်ပီး ပြောလိုက်သည်။ "အိုကေ ကျွန်မမေးလိုက်ပါ့မယ်"
သူပြောချင်သည့်အချက်ကို နားမလည်မှန်း ရန်ကျီဖန်သဘောပေါက်လိုက်သည်။ အခုတော့ သူသည် ကွယ်ဝိုက်မနေပဲ တည့်ပြောမှပဲရတော့မည်။ "မင်းစာမေးပွဲဝင်ဖြေတဲ့ရည်ရွယ်ချက်က ပိုကောင်းတဲ့အလုပ်ကို ပြောင်းချင်လို့မဟုတ်ဘူးလား? သင်တန်းဆရာမလင်းက သူမကိုယ်ပိုင်စတူဒီယိုဖွင့်ဖို့ ပြင်နေတာ ယွမ်ပေါင်အကြောင်းပြောရင်းနဲ့ မင်းအတွက် အလုပ်အကိုင်အခွင့်အလမ်းကိုလည်း စကားစပီး မေးကြည့်လို့ရတယ်လေ မင်း အောင်လက်မှတ်ရပီးတာနဲ့ အဲ့မှာ အလုပ်ဝင်ချင်လည်း ဝင်လို့ရနိုင်တယ်လေ အဲ့လိုဆို ပိုမကောင်းဘူးလား?"
YOU ARE READING
RomanceAuthor(s) 清越流歌 Status in COO 100 Chapters + 3 Epilogues (Complete) English Translator(s) Fuyu Neko Fringe Alpaca Bamboo Spirit Fringe Manatee If you want to read original English translation, you all can read at novelupdates. Here link: https://www...