၁၈
10.2K 1.5K 15
အခန်း (၆.၂)
မူကြိုဆင်းချိန်သည် ညနေ၅နာရီဖြစ်ပီး အလုပ်မဆင်းရသေးသည့်မိဘများကတော့ မူကြိုဆင်းချိန်မှန်အောင်ရောက်မလာနိုင်ကြတာများသည်။ ဒါ့ကြောင့် ၅နာရီကျော်ပီးနောက်ပိုင်းတွင် လာမကြိုသေးသည့်ကလေးများအတွက် မူကြိုကနေမှ တာဝန်ယူစောင့်ရှောက်ထားပေးဖို့ ဆရာမတစ်ယောက်စီကို တာဝန်ပေးထားပီး စောင့်နေသည့်အချိန်တွင်းတွင် ကလေးများနှင့်အတူ ကစားပေးရသည်။ မိဘတွေလာကြိုသည့်အချိန်ထိပင်။ အမေတစ်ယောက်ထဲပဲရှိသည့်ကျန်းယွမ်ကျားလေးသည်လည်း နောက်ကျန်နေခဲ့ရသည့်ကလေးများထဲတွင် တစ်ယောက်အပါအဝင်ဖြစ်သည်။ ကလေးတွေအကုန်လုံးပြန်သွားပီးရင်တောင်မှ သူတစ်ယောက်ထဲကျန်နေဆဲဖြစ်တာကို မူကြိုဆရာမတွေက အသားကျနေပီလေ။ ဒါကြောင့် အခုလိုယန်ရှုယွီက စောစောစီးစီးလာကြိုသည့်အခါမှာတော့ သူတို့တွေက အံ့သြနေကြသည်။
ယန်ရှုယွီကတော့ အများကြီးတွေတွေးမနေပေ။ သူမထင်လိုက်တာက ဆရာမလင်းက ပြုငှာပီး ရင်းနှီးခင်မင်ဖွယ်ကောင်းသည်ဟုသာ တွေးလိုက်သည်။ သူမသည် ပြုံးပီး နှုတ်ဆက်လိုက်သည်။ “ဆရာမလင်း အခုလိုအပင်ပန်းခံလုပ်ပေးတာအတွက် ကျေးဇူးတင်ပါတယ်”
“အိုး .. ဒါ ကျွန်မတို့ရဲ့အလုပ်ပါ” သူတို့သည် အချင်းချင်းစကားတွေဖလှယ်ပီးသွားသည့်နောက်တော့ ဆရာမလင်းသည် နောက်သို့လှည့်ပီးခေါ်လိုက်သည်။ “ကျောင်းသားလေးကျန်းယွမ်ကျားရေ သားမေမေလာကြိုနေပီ”
သံထည်တံခါးအတွင်းမှာတော့ ကလေးတစ်စုသည် လျှောစီးဖို့ တန်းစီနေကြသည်လေ။ သူတို့သည် ခေါ်သံကြားလိုက်သည့်အတွက် အကုန်လုံးလှည့်ကြည်လာသည်။ သူမသားလေးကတော့ အရမ်းကိုပျော်သွားပီး ချက်ချင်းသူ့အမေဖြစ်သူထံပြေးလာသည်။ ပြေးလာနေသည့်လမ်းမှာပဲ သူ့ဘော်ဒါလေးနှစ်ယောက်က သူ့ကိုဆွဲထားလိုက်ပီး နားနားကိုတိုးတိုးလေးကပ်ပြောလိုက်သည်။
သူတို့သည် အနည်းငယ်ဝေးနေတာကြောင့် ဘာတွေပြောနေကြမှန်း ယန်ရှုယွီမကြားနိုင်ပေ။ သူမမြင်လိုက်ရတာကတော့ ထိုကလေးနှစ်ယောက်သည် တိုးတိုးပြောပီး မျက်နှာနီနီလေးတွေနှင့်ပြေးထွက်သွားသည်ကိုပင်။ ထိုကလေးနှစ်ယောက်သည် ပြန်လှည့်မသွားခင် သူမကို တစ်ချက်ပြန်ကြည့်သွားသေးသည်။ သူမသားလေး၏မျက်လုံးများကတော့ အရောင်တွေတောက်နေပီး နောက်တော့သူသည် သူမဆီပြေးလာပီး သူမလက်မောင်းတွေကို တင်းကြပ်စွာဖက်ထားလေသည်။