၁၀၃
5K 712 9
အပိုင်း ၁၀၃
~~~~~~~~~~
ယန်ရှုယွီသည် ထိုသို့ကြားလိုက်ရသည့်အခါမှာတော့ စက္ကန့်အနည်းငယ်လောက်တွေးလိုက်ပီးမှ နတ်ဘုရားလျို့ဖက်က သဘောကောင်းစွာလိုက်လျောပေးမှုကို သူမငြင်းပယ်လိုက်သည်။ ထိုအစား သူမသည် ဖြစ်သင့်သည့်လမ်းစဉ်အတိုင်း သူမအောင်လက်မှတ်ရပီးမှ ဒီအလုပ်အသစ်ကို စဝင်လုပ်ဖို့သာ ရည်ရွယ်လိုက်သည်။ နောက်ပီး သူမစာမေးပွဲဖြေပီး လက်မှတ်ရဖို့က ၂လပဲလိုတော့တာလေ။
ဂီတကျောင်းမှ စောစောအလုပ်ဝင်လိုက်တယ်ဆိုတာက သူမကနေပီး တစ်လကျော်လောက်ကို လစာအလကားထိုင်ယူနေသလိုဖြစ်နေမည်။ ဒါက အခွင့်ကောင်းယူတာနဲ့တူတူပဲလေ - အလယ်တန်းအောင်လက်မှတ်လေးတစ်ခုတည်းနဲ့ သူတို့ကျောင်းမှာ အလုပ်ဝင်ဖို့ဆိုတာကပင် တော်တော်လေးအခွင့်အရေးယူထားရာကြနေပီ။ ယန်ရှုယွီအမြင်ကတော့ သူမဖက်ကနေပီး အခွင့်အရေးကို နည်းနည်းချင်းစီပဲယူဖို့သာတွေးထားသည်။ တကယ်လို့ သူမသည် ချက်ချင်းကြီးကို ရသမျှအခွင့်အရေးအကုန်ယူလိုက်ရင် နောက်ကျယူစရာမကျန်တော့ပဲနေမယ်လေ။
ပိုအရေးကြီးတာက sunshine houseတွင် သူမအလုပ်ဆက်လုပ်ဖို့က နောက်ထပ် ၂လ၃လလောက်သာကျန်တော့သည်။ သူမ၏ချစ်စရာကောင်းတဲ့ဘော်ဒါလေးတွေကိုလည်း မထားခဲ့ချင်သေးသည့်အတွက် ဒီမှာအချိန်ကျန်တုန်းလေး အလုပ်လုပ်နိုင်သမျှ လုပ်သွားဦးမည်။ လူတစ်ယောက်က မြင့်မြင့်မှန်းမှတော်ကာကျမည်။ သူမအနေနှင့် ဒီဘဝမှာ နာမည်ရမိသားစုကလူ၏ဇနီးမဖြစ်လာခဲ့ပေမယ့် အခုတော့ သူမဖက်မှာ ပိုကောင်းတဲ့ရွေးချယ်မှုရှိနေပီလေ။ သူမကနေပီး ပြန်လာပီး စားပွဲထိုးအဖြစ် ဘယ်တော့မှပြန်လုပ်တော့မည်လည်းမဟုတ် ~ ယန်ရှုယွီသည် သူမကိုယ်သူမယုံကြည်မှုအပြည့်ဖြင့်တွေးလိုက်ပီး နောက်တော့ သူမခံစားလိုက်ရတာက ဒီကျန်တဲ့ရက်ပိုင်းလေးတွေက အရမ်းကိုအဓိပ္ပါယ်ရှိသည် ဆိုတာကိုပါပဲ။
သူမပြောတဲ့အကြောင်းပြချက်ကိုကြားလိုက်ရသည့် သူမဘော်ဒါလေးတွေကလည်း တကယ့်ကိုအံ့သြသွားကြသည်။ ယန်ရှုယွီက လက်မှတ်ရအောင် ပြင်ဆင်နေပီး သူတို့တွေနှင့်လည်းမတူကာ sunshine houseတွင် အကြာကြီးလုပ်မည်မဟုတ်မှန်းလည်း သိထားသည်။ ဒါပေမယ့် နောက်အလုပ်ဝင်မယ့်နေရာကိုတောင် သူမက အဆင်သင့်ပ်ြငထားပီးပီဆိုတာကို ကြားလိုက်ရတော့ သူတို့အတွက် လက်ခံပေးဖို့က အရမ်းရုတ်တရပ်ဆန်လွန်းတာကြောင့် အတင်းပြောဖို့တောင် စိတ်မပါကြတော့ပေ။ မထွက်သွားစေချင်တာကြောင့် သူတို့အားလုံး သူမအားဝိုင်းပီးပြောလိုက်သည်။