Part(1)

121K 4.9K 113
                                    

Update (1.8.2021)တွင်စတင်၍ updateပြုလုပ်သည်။

A/N
ကျေးဇူးပြုပြီး ဖတ်ပေးပါရှင်
စာမျက်နှာများကို screen shootရိုက်တဲ့အခါ အနီရောင် warning ပေးထားသောအခန်းများကို မရိုက်ကြဖို့တောင်းပန်ပါတယ်။
Review ရေးပေးကြတာအတွက်ကျေးဇူးတင်ပါတယ်။
ဖတ်ပြီးလို့ကြိုက်ကြတယ်ဆိုရင်လဲ ကြိုက်သလိုreviewရေးနိုင်ပါတယ်။
ဝင်ဖတ်ပေးတာနဲ့ပဲတော်တော်ကျေးဇူးတင်မိနေပါပြီ။

တစ်ခုပါပဲ..... warning အခန်းတွေကိုတော့ SS မရိုက်ကြပါနဲ့လို့♥♥♥


Unicode

မျက်ရည်......
.
.
.
.
ကြည်ပြာရဲ့ငိုသံဟာ...မသဲကွဲ ဗလုံးဗထွေးနဲ့ရယ်။ သနားစရာ ကြည်ပြာလေးဟာ....အမေဖြစ်သူရဲ့ ရုပ်အလောင်းနားမှာ တသိမ့်သိမ့်ငိုရှာတယ်။ ဘေးကကြည့်နေသူတွေလဲ ဒီမြင်ကွင်းကြောင့် ဖြေမဆည်နိုင်ဘူး။ အကူအညီပေးဖို့ရောက်နေကြတဲ့ လူကြီးတွေကတော့ ယောကျားမိန်းမ အစုံပေါ့။ ယောကျားကြီးတွေကတော့ ထိုင်နေဖို့မအားကြ။ ရုပ်အလောင်း မြေကျဖို့လုပ်ရမှာတွေ စီစဥ်ရမှာတွေအများကြီး။ တိုင်ပင်ကြ တာဝန်ကိုယ်စီယူပြီး လုပ်ပေးကြပေါ့။

ကြည်ပြာလေးရဲ့အနားက အဒေါ်ကြီးတွေကတော့ ဖြေမဆည်နိုင်ဘူး။ ကြည်ပြာတစ်ခုခုဖြစ်သွားမှာကိုစိုးတယ်။ ကြည်ပြာက အော်ပြီးငိုလိုက်ရင်လဲ တစ်မျိုးကောင်းမှာပေမဲ့..ခုက ကြိတ်ရှိုက်နေရှာတာ။
သူ့အမေရဲ့ ရုပ်အလောင်းကိုကြည့်လိုက်..... လျှံကျလာတဲ့မျက်ရည်ကို သုတ်လိုက်.....ကျောလေး တသိမ့်သိမ့်တုန်သည်အထိ ရှိုက်ကာငိုနေပေမဲ့ ငိုသံကျယ်ကျယ်မထွက်ရှာ။
ဒီနေ့ကစပြီး...ကြည်ပြာလေးဟာ သူ့အမေနေရာ အစားထိုးဝင်ရောက်ရလေပြီ။

.
.
.
.
သေဆုံးသွားသည်အထိ ဝင်းညက်နေတဲ့ ကြည်ပြာအမေရဲ့ ရုပ်အလောင်းကတော့ အသက်ရှိစဥ်ကချောမောမှု ကြည်လင်မှု ကျက်သေရေတင့်တယ်မှုကလျော့မသွား။ အသက်ရှင်စဥ်က အေးချမ်းခဲ့လေသူ....တရားပြည့်သူ....နူးညံတဲ့နှလုံးသားပိုင်ရှင်ဖြစ်ခဲ့လေတော့....တည်ငြိမ်အေးချမ်းစွာအိပ်နေလေသည့်အတိုင်းပါပဲ။

ကြည်ပြာတို့က သားအမိသုံးယောက်သာနေထိုင်ကြတာ။ ကြည်ပြါအဖေဆုံးပါးသွားခဲ့တာ ကြာပြီ။ ဒီရပ်ကွက်ကိုပြောင်းလာကြတော့ ကြည်ပြာကမှ....လေးတန်းလားရှိသေးတာကို။ ကြည်ပြာ ရဲ့မောင်လေးဆို ကျောင်းတက်ကာစ။
သားအမိသုံးယောက် အိမ်ထောင်ဦးစီးဆုံးပါးသွားပြီးနောက်မှာ ခိုကိုးရာမဲ့တာကြောင့် ရှိတဲ့ မြို့ထဲက အိမ်ကိုရောင်း....စိတ်ချယုံကြည်ရတဲ့သူငယ်ချင်းမိသားစုရဲ့အလုပ်မှာ ငွေထည့်ထားပြီး ရတဲ့အကျိုးအမြတ်လေးကို သားအမိသုံးယောက် ခြိုးခြံစားသောက်ပြီးနေကြတာ။ ကြည်ပြာအမေက စက်ကလေးလဲနင်းတတ်တော့ အပိုဝင်ငွေရအောင် သိမ်ကြီးစျေးကနေ စျေးချုပ်ထည်လေးတွေ ယူပြီးချုပ်တယ်။ အနေအေးပြီး အေးချမ်းတဲ့မိသားစုလေးကို ရပ်ကွက်ကလဲချစ်တယ်။ စောင့်ရှောက်တယ်။ အမေလုပ်သူက စည်းကမ်းရှိပြီး အနေတည်သလို သားသမီးလေးတွေက လိမ္မာတယ်။
ဒီရပ်ကွက်က မြို့စွန်ဆိုပေမဲ့ နေရတာသိပ်တော့မဆိုး။ ရပ်ကွက်လေးလဲသန့်ရှင်းသည်။

ဒိုးကလေးWhere stories live. Discover now