part(48)

27.5K 2.5K 244
                                    

Unicode

ဒိုးမှာ ငြိမ်းကိုပြင်ပေး.... သူ့ကိုလဲ ပြင်ဆင်ပေးရသေးတာ။
ပြီးတာနဲ့ ငါးသလောက်ပေါင်းထားတာကိုဆင်းပြီးကြည့်ရသေးတယ်။
ဟင်းပေါင်းအိုးနဲ့ဆိုတော့ အရိုးတွေလဲနူးအိနေပြီး အနံ့လေးကိုမွှေးနေရောပဲ။ ကြက်သွန်နီဥများများ ခရမ်းချဥ်သီးအနှစ်နဲ့ဆိုတော့ အနံ့နဲ့တင်စားချင်စဖွယ်ပဲ။ ကျန်တဲ့ဟင်းတွေလဲရပြီဆိုတော့ ထမင်းပွဲပြင်ခိုင်းခဲ့ပြီး ရေချိုးဖို့အပေါ်ကို ပြေးရပြန်သည်။
.
.
.

ဒိုး ထမင်းစားခန်းဆီ​ပြန်ရောက်တော့.... အန်တီ ကိုလင်းထည် ပိုးသားနဲ့ ကိုလင်းရိပ်တို့က ဒိုးကိုစောင့်နေကြတယ်။

"လာ....ဒိုး.... ပိုးသားက ဒိုးကိုချီးမွမ်းနေတာ.... ထိုင်ရုံနဲ့တင်ပဲ စိတ်မထိန်းနိုင်တော့ဘူး... စားချင်နေပြီတဲ့လေ"

"အို.... ဒိုးကိုဘာလို့စောင့်နေတာလဲ.... စားနှင့်ရင်ရတဲ့ဟာကို.."

ဒိုး အားနာစွာပဲပြောသည်။

"ဒိုးရယ်.... ဟင်းချက်ထားတာ စုံနေရောပဲ.... အားလုံး ဒိုးလက်ရာပဲဆို.... ငါးသိပ်မကြိုက်တဲ့ ပိုးသားစားချင်နေပြီ.. သိလား... ငါးသလောက်ပေါင်းကမွှေးပြီး စားချင်စရာကြီးပဲ"

"ဟုတ်..... အစ်မ များများစားပါနော်.... ဘာလိုသေးလဲမသိဘူး "

"ဒိုးရေ.... ပြည့်စုံနေတာပဲကို.... ဘာမှ မလိုဘူး... လာ ထိုင်.... တူတူစားဖို့စောင့်နေတာ"

ပိုးသားက ဒိုးကိုဟန်မဆောင်နိုင်လောက်အောင်ပဲချီးမွမ်းမိသည်။ တကယ်လဲ ဒိုးကို မြင်တာနဲ့စိတ်ကချစ်နေပြီးသား။ ဒိုးက တကယ်အေးချမ်းပြီးချစ်စရာကောင်းတယ်။ ဧည့်သည်ကိုနွေးထွေးပြီးဧည့်ဝတ်ကျေတယ်။ စိတ်ရင်းပါစွာချက်ပြုတ်ပြင်ဆင်ပေးတာကိုလဲ ခံစားလို့ရတယ်။
.
.
.

"ပါပါး.... ခွံ့"

"အင်း...အင်း.... ငြိမ်းဗိုက်ဆာပြီလား.... ခွံ့မယ်.... ခွံ့မယ်.... ပါပါးခွံမယ်"

"ကိုယ်ရောပဲ... ဒိုး..."

ဟာ.... တဆိတ်....လင်းရိပ်ထင်လွန်နေပြီထင်သည်။ ဒိုးစိတ်​မောသွားတာလက်ကုန်ပဲ။ တစ်ညနေလုံးချက်ပြုတ်ပေးရတာထက်ကို အခုပိုမောတာ။

ဒိုးကလေးWhere stories live. Discover now