Unicode
အချိန်တွေက အကုန်မြန်တယ်။
အချိန်သုံးလလောက်အတွင်းမှာ ထင်ရှားကျော်ကြားအိမ်ကြီးထဲမှာ ပြောင်းလဲလာတာတွေကတော့....
ကိုကိုနဲ့ဒိုး လက်ထပ်လိုက်တယ်။
အကျဥ်းရုံးပြီးအိမ်မှာပဲလက်ထပ်ကြတယ်။
နိုင်ငံခြားက ကိုလင်းထည်အဖေ ဦးတေဇာလင်းလဲပြန်လာတယ်။
လင်းရိပ် လက်ထပ်လို့ခဏလာတဲ့သဘောပါပဲ။
ဟိုမှာလဲ ဦးတေဇာလင်းက ရတနာလုပ်ငန်းလုပ်ကိုင်သူဖြစ်တာကြောင့် အလုပ်တွေထားခဲ့ပြီး မြန်မာပြည်မှာအပြီးတိုင်နေဖို့တော့မဖြစ်နိုင်ဘူး။
ပြီးတော့ ဦးတေဇာလင်းက ဟိုမှာ နောက်အိမ်ထောင်ထူထောင်ပြီးဖြစ်နေပြီ။
ကြာပြီပေါ့..... လင်းထည်ကျောင်းမပြီးခင်အချိန်လောက်ကတည်းက တစ်အိုးတစ်အိမ်ထပ်ပြီး ထူထောင်ထားတာ။ လင်းထည်ကလဲ အထွေအထူးမပြောပါဘူး။ လင်းထည်မွေးပြီး လင်းထည်အမေဆုံးတာဆိုတော့ အဖေဖြစ်သူက တစ်အိုးတစ်အိမ်ထူထောင်ချိန် လွန်တောင်လွန်နေပြီလို့ထင်လို့ လင်းထည်က မကန့်ကွက်ဘူး။မနက်ပိုင်း အိမ်မှာပဲ မိသားစုရှေ့နေခေါ်ပြီး လက်ထပ်တယ်။ ကြီးကြီးလဲ တရားစခန်းကနေ ခဏပြန်လာရတယ်။ လက်ထပ်လက်မှတ်ထိုးရုံတင်မဟုတ်သေးဘူး။ အမွေကိစ္စတွေကိုပါ တစ်ပါတည်းလုပ်ကြတာကိုး။
ကြီးကြီးရော ဦးတေဇာလင်းရော ဒေါ်ထက်ထင်လင်းရော အားလုံးလူကြီးတွေစုံညီနေတာမို့လုပ်စရာရှိတာ အားလုံးကိုတပြိုင်နက်ထဲလုပ်ရကြတယ်။
ဟိုအရင်ကတည်းက ဒေါ်ထက်ထင်လင်းတို့ညီအစ်မသုံးယောက်က အမွေခွဲဝေပြီးသား။ အကြီးဆုံးဖြစ်တဲ့ ကြီးကြီးရဲ့အမွေကို တူနှစ်ယောက်ဖြစ်တဲ့ လင်းရိပ်နဲ့လင်းထည်နာမည်နဲ့ အားလုံးပေးပြီးမှ ကြီးကြီးကတရားစခန်းကိုအပြီးသွားနေတာ။ ဒေါ်ထက်ထင်လင်းရဲ့အမွေကတော့ လက်ရှိအချိန်မှာ လင်းရိပ်ပိုင်ဆိုင်တယ်။ လင်းထည်အမေရဲ့အမွေကိုတော့ လင်းထည်ကပိုင်ဆိုင်တယ်။ ဦးတေဇာလင်းရဲ့သီးသန့်ပိုင်ဆိုင်မှုကို လင်းထည်က မပိုင်ဆိုင်ရသေးပေမဲ့ ဒီဘက်ကအမွေနဲ့တင်တစ်သက်စားမကုန်ပါဘူး။ တကယ်လဲ လင်းထည်ကအမွေကိုစိတ်ကိုမဝင်စားခဲ့တာ။ ဘယ်လောက်ပိုင်ဆိုင်တယ်ဆိုတာတောင်တစ်ခါမှမတွေးမိဘူး။
YOU ARE READING
ဒိုးကလေး
Romanceနာကျင်မှုတွေဆိုတာ လူသားတိုင်းကြုံတွေ့ကြရတာပါ။ ဘယ်လိုစိတ်ခွန်အားနဲ့ဖြတ်ကျော်ခဲ့တာလဲဆိုတဲ့အရာက...အဆုံးသတ်ကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။