ဒွိဟ...
ကြည်ပြာ လဲကျသွားပေမဲ့...သတိမလွတ်။
ပင်ပန်းလွန်းတဲ့ ခန္ဓာကိုယ်ကသာ မထိန်းနိုင်ဖြစ်သွားတာ။ ဝမ်းနည်းနာကျင်ရချိန်မှာတောင် ကြည်ပြာရဲ့ဘဝက စိတ်ကိုလွှတ်ချခွင့်မပေးတဲ့ ဘဝ။
ပြေးထူတဲ့ အန်တီဝေရဲ့ ရင်ခွင်မှာ ကြည်ပြာ မငိုနိုင်တော့။ နာကျင်ရလွန်းတဲ့ နှလုံးအိမ်ကိုရော စိတ်ကိုရောထိန်းကာ ခဏတော့ ငြိမ်နေရသည်။
အန်တီဝေလဲ ရင်ခွင်ထဲပျော့ခွေကာနေတဲ့ ကြည်ပြာပုခုံးလေးဖက်ရင်း မျက်ရည်မဆည်နိုင်တော့။"ကြည်ပြာ.....သမီးရယ်....ထိန်းစမ်းပါကွယ်....အန်တီကိုယ်ချင်းမစာလို့မဟုတ်ပါဘူး....ငါ့သမီးရှေ့ဆက်လျှောက်ရမဲ့ခရီးရှည်သေးတယ်ကွယ်....စိတ်ကိုထိန်းကြရအောင် ကြည်ပြာလေးရယ်..."
တကယ်လဲ အန်တီဝေဟာ ကြည်ပြာတို့မိသားစုကို ချစ်ခင်သူပါ။ ပါးစပ်ကထုတ်ဖော်ပြောစရာမလိုအောင် တစ်စေ့တစ်စောင်းစောင့်ရှောက်ခဲ့သူပါ။ သူလုပ်ပေး ကိုင်ပေးတာတွေအတွက်လဲ ဘယ်ေသာအခါမှ...ဂုဏ်မဖော်တတ်သူပါ။ ရိုးသားပြီး ချစ်စရာကောင်းတဲ့ အိမ်နီးချင်းကောင်းတစ်ယောက်ဖြစ်သူပါ။
"ဒိုးရော....ဒိုးရော....အန်တီဝေ...သမီး ကြည်ပြာ ဒီမှာပဲ ထိုင်နေလို့ပြောထားတာ"
ကြည်ပြာ အားယူရင်းထကာ ပြောသည်။
မူးမိုက်နေပေမဲ့ ကြည်ပြာ ကိုယ့်ဝေဒနါကို သတိမကပ်အား။"ဒိုးက ထမင်းစားထားတယ် သမီး....ဒိုးလေးက လိမ္မာပါတယ် အန်တီချော့ထားတော့ ခေါင်းလေးညိမ့်နေရှာတာ.....စိတ်ပြောင်းသွားအောင် သူပုံဆွဲချင်တယ်ဆိုလို့ အန်တီ အခန်းထဲသွားခိုင်းလိုက်တာ...အခန်းထဲမှာ ရှိပါတယ်"
ဒိုးက လူများများနဲ့မနေတတ်ရှာ။ ကျောင်းတက်တာတောင် မနည်းကြိုးစားရသူ။ စာတော်သော်လည်း လူများများနဲ့မနေတတ်တဲ့ အားနည်းချက်။ မွေးရာပါ နှလုံးအားနည်းသည်ကြောင့် အမေရော ကြည်ပြာပါ သိပ်ဂရုစိုက်ရသည်။
တကယ်တမ်း ကြည်ပြာ ဒီလို တွေး ဆွေး နေလို့မရကြောင်း ကြည်ပြာသတိကပ်မိပြီ။
ဒိုးသည်....အမေ မရှိတာကို ကြည်ပြာထက် အဆများစွာ နာကျင်နေမည့်သူ.....ကြေကွဲဝမ်းနည်းနေမည့်သူ.....အားငယ်နေမည့်သူ....
YOU ARE READING
ဒိုးကလေး
Romanceနာကျင်မှုတွေဆိုတာ လူသားတိုင်းကြုံတွေ့ကြရတာပါ။ ဘယ်လိုစိတ်ခွန်အားနဲ့ဖြတ်ကျော်ခဲ့တာလဲဆိုတဲ့အရာက...အဆုံးသတ်ကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။