part(58)

28.8K 2.4K 79
                                    

Unicode

စာအုပ်ကိုဖတ်နေရင်း လင်းရိပ်မျက်နှာပေါ်မှာ ခံစားချက်တွေပေါင်းစုံလာတယ်။

လင်းထည်ပြောခဲ့တဲ့စကားကိုလဲ ကြားယောင်မိတယ်။
ငြိမ်းမေမေကို လင်းရိပ်ချစ်သူလို့ပဲ ဒိုးက သိထားတာတဲ့။

ဒီစာအုပ်ထဲမှာ စာတွေများများစားစား မရေးထားပါဘူး။
ရက်စွဲလေးတွေနဲ့ စာတိုလေးတစ်ချို့ပါပဲ။
ဒီစာအုပ်လေးကိုပဲဖတ်မိရင်တော့ တကယ်ပဲ လင်းရိပ်ထင်ကိုချစ်တဲ့ မိန်းကလေးတစ်ယောက်ရေးခဲ့တာပဲလို့သိကြရမည်။

ထိုမိန်းကလေးသည် လင်းရိပ်ထင်နဲ့စတွေ့ခဲ့တာ သူတို့လမ်းထိပ်မှာတဲ့.... စာကိုဖတ်နေရင်း လင်းရိပ်မျက်လုံးထဲမှာ ဆေးလိပ်မီးခိုးငွေ့ တွေ မတော်တဆမှုတ်ထုတ်မိခဲ့သည့် မိန်းကလေးကိုပုံဖော်၍ မရပါ။ အကြောင်းအရာကတော့ မိမိ လုပ်ခဲ့မိသည့်ကိစ္စလိုလိုနဲ့ မသဲကွဲ။

နောက်တစ်ကြိမ် တွေ့ဆုံမှုကတော့ center တစ်ခုမှာ စျေးဝယ်ရင်း ပိုက်ဆံလိုနေသောမိန်းကလေးတဲ့..... ဒါ... ဒါကိုတော့ မှတ်မိသည်။ လင်းရိပ်သေသေချာချာ မှတ်မိခဲ့ပါသည်။ အော်.... ဒီမိန်းကလေးက ငြိမ်းရဲ့မေမေပေါ့လေ။
ဒိုးနဲ့ မောင်နှစ်မတဲ့.... ငြိမ်းရဲ့မေမေက ဒိုးမမဖြစ်နေခဲ့တာတဲ့။
စာထဲမှာ ဒိုးအကြောင်း.... ဒိုးကိုချစ်တဲ့အကြောင်း... ဒိုးတို့မေမေအကြောင်း... ဒိုးတို့ဖေဖေအကြောင်း စာတိုလေးတွေပါသေးတယ်။

ပြီးတော့..... ငြိမ်း..... ငြိမ်းနာမည်က ငြိမ်းအေးရိပ်တဲ့လား။ လင်းရိပ် ရင်ထဲငြိမ့်ခနဲ​ဖြစ်ရပါသည်။

ကိုယ့်အပေါ် ဒီလောက်ချစ်ပြသွားသည့် မိန်းကလေးကို တွေ့ခွင့်ဆုံခွင့်မရခဲ့သည့်အပြင်.... တွေ့ဆုံခဲ့သည်အချိန်တွင်တော့ လင်းရိပ်လူစိတ်ပျောက်နေခဲ့မိသည်။ ဘယ်နေရာကစပြီး မှားခဲ့သည်ကို မသိပါ။
သေချာတာကတော့ လင်းရိပ်မှားခဲ့သည်။

ငြိမ်းမေမေအကြောင်းကို ဘာမှမသိရသလို ဘာတစ်ခုမှလဲတာဝန်မယူပေးနိုင်ခဲ့ပါ။

ကံကောင်းခဲ့တာကတော့.... ငြိမ်းနဲ့ဒိုးကို အခုအချိန်မျက်စိရှေ့မှောက်မှာ ထားခွင့်ရနေခြင်း။ မေမေနဲ့လင်းထည် ဘယ်လိုများ ရှာတွေ့ခဲ့ပါလိမ့်။
ပြီးတော့ ကြီးကြီးရောပဲ။ ဘယ်လိုတွေများ ဆုံတွေ့ခဲ့ပါလိမ့်။ တော်သေးလို့ပါလားဆိုတာပဲတွေးပြီး လင်းရိပ်ကြေကွဲရပါသည်။

ဒိုးကလေးWhere stories live. Discover now