part(9)

25.4K 2.6K 19
                                    

ကြည်ပြာကျောင်းတက်ဖို့ကိစ္စကို ဒိုးနဲ့တိုင်ပင်ကြတော့
ဒိုးက...စီးပွားရေးတက္ကသိုလ်တက်ဖို့ တိုက်တွန်းသည်။
အဖေက ဆိုက်ထဲမှာ မတော်တဆဖြစ်ပြီးဆုံးပါးသွားတော့ ဒိုးက ကြည်ပြာကို အင်ဂျင်နီယာမလုပ်စေချင်ဘူး။
ကြည်ပြာတို့အဖေက အထပ်မြင့်အဆောက်အဦးလုပ်ငန်းခွင်တစ်ခုမှာ စစ်ဆေးရင်း မတော်တဆမှုဖြစ်ခဲ့ရတာ။
ဒါ့အပြင်....တကယ်ပဲ အန်တီမူတို့အိမ်သည် စီးပွားရေးကျနေခဲ့ပြီ။
ဒီအိမ်ကိုရောက်လာတာ လပိုင်းပဲရှိသေးပေမဲ့...ကြည်ပြာ သိသင့်သလောက်သိခဲ့ရတယ်။ အန်တီမူက အမေ့လိုပါပဲလား။ တစ်ယောက်ထဲ ကြိတ်ခံစားနေသည်လေ။
အမေက အဖေ့ကိုလွမ်းလို့ ....ကြည်ပြာတို့မောင်နှစ်မကိုသနားလို့ ခံစားခဲ့ရတာ။
အန်တီမူမှာတော့ အိမ်ထောင်ရေးအဆင်မပြေသည်ကြောင့် ခံစားနေရရှာတာ။ ဒီအိမ်ကြီးထဲမှာ နေရတာ ရုပ်ဝတ္ထုပစ္စည်းတွေ ပြည့်စုံပေမဲ့ သိပ်ကိုခြောက်ကပ်လွန်းသည်။ ဘယ်နေရာရောက်ရောက် ကြည်ပြာနေတတ်သည်ကြောင့် ထူးထွေကိစ္စမရှိပါဘူး။

ဆည်းဆာကတော့ ကျောင်းတက်ရင်း ပွေလီစပြုပြီ။
ဆည်းဆာ ဆေးလိပ်သောက်တတ်လာပြီ။ ကြည်ပြာ က ဘာလို့ဆေးလိပ်သောက်တာလဲ... မသောက်ပါနဲ့လို့ပြောတော့ အပျော်ပါပဲ အေးဆေးပါဟုပြန်ပြောသည်။
ဆေးလိပ်က အပျော်သောက်ရတဲ့အရာလား။
ဒီတစ်ခုထဲမဟုတ်သေး...ဆည်းဆာ ရည်းစားလိုလို သူငယ်ချင်းလိုလိုတွေ ယောကျားလေးများစွာနှင့် အပေါင်းအသင်းဖြစ်နေကြသည်။
အိမ်မှာ အသက်အရွယ်တူ မိန်းကလေး ကြည်ပြာရှိတော့ ဆည်းဆာက ဘာနေနေအကုန်ပြောသည်။
ဆည်းဆာပြောသမျှ နားထောင်ပြီး ကြည်ပြါမှာ စိတ်မသက်သာ။
ဆည်းဆာသည် မိဘများရဲ့ အခြေအနေကိုလဲ မသိသလို...အိမ်ရဲ့စီးပွားရေးအခြေအနေကိုလဲ မသိ။
ဆည်းဆာ အသုံးစရိတ်သည် တစ်လ တစ်လမှာ မနည်းမနောကုန်သည်။

အန်တီမူတို့ဦးအောင်ထက်တို့က ဆည်းဆာကျောင်းပြီးလို့ အလုပ်အကိုင်အခြေတကျဖြစ်သည်အထိ ဒီအခြေအနေကို ထိန်းထားဖို့ရည်ရွယ်နေကြတာ။
ဆည်းဆာ သူ့ခြေထောက်ပေါ် သူရပ်နိုင်သည်အထိ တောင့်ခံထားကြဖို့ပင်။

ဒါပေမဲ့ ကြံစည်သည့်အတိုင်းဖြစ်မလာနိုင်တဲ့အကြောင်းများစွာရှိသည်လေ။

ဒိုးကလေးWhere stories live. Discover now