Unicode
ဒိုး အိပ်ပျော်နေရာက နိုးလာတော့ ဘေးမှာငြိမ်းအိပ်နေတယ်။
သနားပါတယ်.... ငါ့သမီးလေး.... ပါပါးသိပ်မှ အိပ်ပျော်တတ်တဲ့ကလေး... ဘယ်လိုများအိပ်သွားပါလိမ့်။ ငိုများငိုသေးလားမသိပါဘူး။ အိပ်ပျော်နေရင်းတောင် ငြိမ်းငိုသံတွေကြားရတယ်။ဒါကြောင့် သားအဖနှစ်ယောက်ထဲနေတုန်းက ဒိုး စိတ်ကို အတတ်နိုင်ဆုံးထိန်းပြီးနေရတာ။ လူမမယ်လေးနဲ့မို့ ဒိုးသာ ခဏ ခဏလဲကျခဲ့ရင် ငြိမ်းကို ဘယ်သူကြည့်ပေးမလဲ။
ညနေက ရုတ်တရက်အော်သံတွေကြောင့်ရယ် မြွေကြီးက မြောက်ပြီး ကိုယ့်ဆီလွင့်လာသလိုရယ် မြင်လိုက်ပြီးလန့်သွားတာ။
ပြီးတော့.... ဒီရက်ပိုင်း ဒိုး မမကိုသိပ်သတိရနေတာကြောင့်လဲပါတယ်။
ငြိမ်း ဘဝရှေ့ရေးတွေ တွေးမိနေတာကြောင့်လဲပါတယ်။
ရင်တွေမောနေတာ ထုတ်မပြတတ်လို့သာ မသိကြတာပါ။ကိုလင်းရိပ်နဲ့ မပိုးသားတို့ လက်ထပ်ပြီးရင်နိုင်ငံခြားမှာနေကြမယ်ထင်တယ်။
မပိုးသားက အလုပ်အကြောင်းတွေပြောနေတယ်။
သူ့အလုပ်အကြောင်းတွေကို ... ကိုလင်းထည်နဲ့ပြောနေတာပေမဲ့ ပြောပုံအရတော့ ဟိုမှာပဲအခြေတကျလုပ်မဲ့ပုံ။ ကိုလင်းရိပ်က လိုက်သွားမှာလား... ဒိုးမသိပါ။ သူအိမ်ထောင်ပြုပြီးလိုက်သွားတာက လွမ်းစရာမဟုတ်ပေမဲ့ ငြိမ်းကိုတော့ အဖေနဲ့တူတူကြာကြာလေးနေစေချင်သည်။
သူ ငြိမ်းကိုသိပ်ချစ်တာသိပါတယ်။
တစ်အိမ်လုံးပါပဲလေ... ငြိမ်း မျက်နှာမညိုရအောင် အားလုံးထားပေးကြသည်။
သို့သော်.... ငြိမ်းဖခင်အရင်းရဲ့ အရိပ်မှာ ငြိမ်းလေး ပျော်နေတာမြင်ချင်သေးသည်။သူလက်ထပ်ပြီး ကလေးတွေ ဘာတွေနဲ့ဖြစ်လာခဲ့ရင် ငြိမ်းခမျာ..... ဒီလိုအခွင့်အရေးမရနိုင်တော့ဘူးလေ။
ငြိမ်းကိုသနားတာကြောင့်....ဆက်မတွေးနိုင်ဘူး။
ဒိုး နေတိုင်းတွေးဖြစ်နေတဲ့အကြောင်းတွေဖြစ်သည်။
ကြိတ်ခံစားရတာများလာတော့ လူကဟန်မဆောင်နိုင်တော့ဘဲ လဲကျတဲ့အထိဖြစ်ရသည်။ အပူအပင်ကင်းမဲ့စွာ အိပ်ပျော်နေတဲ့ ငြိမ်းလေးကို ကြည့်ပြီး ဝမ်းနည်းမိသည်။ဒိုးကိုယ်တိုင်အများကြီးချစ်ပေးနိုင်ပါသည်။ ဒါပေမဲ့ ငြိမ်းဒယ်ဒီရဲ့အချစ်တွေလဲ အမြဲပိုင်ဆိုင်ခွင့်လေး ငြိမ်းကိုရစေချင်ပါသည်။ အစကတော့ လင်းရိပ်ထင်ကို ငြိမ်းအတွက်မလိုအပ်ဘူးလို့ထင်ထားပေမဲ့ တကယ်တမ်းတော့ မိခင်ရင်းမရှိတော့တဲ့ငြိမ်းအတွက် ဖခင်ရင်းရဲ့မေတ္တာတော့ရသင့်ပါတယ်လို့ ဒိုးတွေးမိသွားခဲ့တာ။
.
.
.
YOU ARE READING
ဒိုးကလေး
Romanceနာကျင်မှုတွေဆိုတာ လူသားတိုင်းကြုံတွေ့ကြရတာပါ။ ဘယ်လိုစိတ်ခွန်အားနဲ့ဖြတ်ကျော်ခဲ့တာလဲဆိုတဲ့အရာက...အဆုံးသတ်ကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။