Unicode
ဒိုးကိုဝိုင်းကြည့်နေကြတာက ကားတစ်စီးလုံးမှာပါလာသမျှသောလူတွေ။
သူတို့ကိုရှင်းပြဖို့နေနေသာသာ...ကိုယ်တိုင်ပင် မတည်ငြိမ်သေးပါ။ ဒိုးတို့အကြောင်းကိုသိချင်နေပေမဲ့ ဒိုးမပြောမချင်းမေးမှာတော့မဟုတ်။ဒိုးနှင့်ကြည်ပြာ ရွာကိုရောက်လာကာစမှာပင် ဒီလိုပဲ လူတွေဝိုင်းကြည့်တာခံခဲ့ရဖူးသည်။ အချိန်ကြာလာတော့မှသာ နေသားကျသွားခြင်းဖြစ်သည်။ စရောက်လာကတည်းက ဒိုးတို့မောင်နှစ်မက လျို့ဝှက်ချက်ပေါင်းများစွာနှင့်ဖြစ်ပြီး နောက်ကြောင်းကိုလဲဘယ်သူမှတိတိကျကျမသိခဲ့။
အမေကိုယ်တိုင်သူဌေးသမီးဖြစ်ခဲ့ပေမဲ့ သေသည်အထိတစ်ကောင်ကြွက်လိုနေသွားခဲ့သူဆိုတော့ သိုသိုသိပ်သိပ်နေထိုင်တတ်တာတော့ ဒိုးရောမမရောအတူတူပင်ဖြစ်သည်။ မလိုအပ်ဘဲဘာမှမပြောတတ်ကြ။ ဖော်ဖော်ရွေရွေအေးအေးဆေးဆေးနေတတ်ပေမဲ့ စကားပြောတာအပိုအလိုမရှိထိန်းတတ်ကြသူတွေဖြစ်သည်။
ရုပ်ရည်အသွင်အပြင်အရ သာမာန်ထက်ပိုပြီးထူးတဲ့ပုံစံတွေရှိတော့သိချင်ကြတယ်။ ဒေါ်ရွှေက ကာကွယ်ပေးခဲ့လို့သာ အဆင်ပြေပြေနေသားကျသွားခဲ့ခြင်းဖြစ်သည်။
ခုလဲ... ဒိုးတို့သားအဖနောက်ကို လိုက်မည်ဟုပြောသွားသော လူတစ်ယောက်။
ကြည့်ရုံနှင့် ချမ်းသာသူမှန်းသိရသည်။
ဒိုးကလဲ ပတ်သက်ချင်ပုံမရ။ မျက်နှာကိုပျက်လို့။
ဘာတွေမှန်းအလွန်သိချင်နေကြပြီး ဒိုးကိုမမေးရဲကြတော့ ဒီတိုင်းပဲ အကဲခတ်နေကြတယ်။"ဒိုး.... ကိုယ်လိုက်ခဲ့မယ်"
ပြောရင်း ကားပေါ်တက်လာတဲ့သူကိုဝိုင်းငေးကြပြန်သည်။
လင်းထည် တီလေးနဲ့ကြီးကြီးကို အကျိုးအကြောင်းသွားပြောပြပြီး ဒိုးတို့သားအဖနောက်ကို ချက်ချင်းလိုက်ဖို့ပြင်သည်။
တကယ်လဲ လင်းထည်က ဒိုးထံမှ ကိုယ်တိုင်သိရမဲ့အကြောင်းတွေရှိနေသေးသည်။ တီလေးကို အသိမပေးခင် ကိုယ်တိုင်စုံစမ်းရမှာတွေရှိသေးသည်။
ခုတောင် တီလေးက သူလဲလိုက်ခဲ့မယ်ပြောနေလို့တောင်းပန်ပြီးထားခဲ့ရသည်။
လင်းထည် ဒိုးနဲ့ နှစ်ယောက်ထဲစကားအရင်ပြောရမှဖြစ်မည်။
YOU ARE READING
ဒိုးကလေး
Romanceနာကျင်မှုတွေဆိုတာ လူသားတိုင်းကြုံတွေ့ကြရတာပါ။ ဘယ်လိုစိတ်ခွန်အားနဲ့ဖြတ်ကျော်ခဲ့တာလဲဆိုတဲ့အရာက...အဆုံးသတ်ကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။