Unicode
ရေချိုးပြီး ဆင်းလာတဲ့သူတို့ညီအစ်ကို။
လင်းထည်က ဖြူနုပြီးသပ်ရပ်သန့်ရှင်းသည့်ပုံ... လူကြီးလူကောင်းပုံ ပေါက်သည်။ အရပ်ကမတိမ်းမယိမ်းဆိုပေမဲ့ လင်းရိပ်ကပိုမြင့်သည်။
အသားက လင်းထည်လောက်မဖြူပါ... ကြည့်ကောင်းသည့်အနေအထားပါပဲ။
တူတူယှဥ်ရပ်နေလိုက်တော့ သူက ကိုလင်းထည်လောက်မဖြူဘူး...ဒါပေမဲ့ သူ့အသားကဝင်းနေတာ။ တစ်ယောက်က နူးညံ့သည့်ပုံပေါက်ပြီး တစ်ယောက်က နည်းနည်းအရိုင်းဆန်ချင်သည်။အိမ်နေရင်းမှာပင် လင်းထည်ကတီရှပ်နှင့်ပုဆိုးကိုဝတ်ထားပြီး...သူက ဘောင်းဘီတိုနဲ့တွဲဝတ်ထားသည်။
အနည်းငယ်ရှည်ချင်နေတဲ့ ဆံပင်တွေပေါ်မှာရေမခြောက်သေး။
လင်းထည်မျက်နှာမှာ အမွှေးအမျှင်မရှိသန့်ရှင်းနေပြီး လင်းရိပ်မျက်နှာပေါ်မှာတော့ နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးတွေမရိတ်ရသေး... မြင်မကောင်းအောင်အဟုတ်ပေမဲ့ ပြောင်ရှင်းနေသည်တော့မဟုတ်။ထမင်းစားခန်းထဲကို ဝင်လာသည်အထိ သူတို့နှစ်ယောက် စကားစကမပြတ်သေး။ တော်တော်လေး ချစ်ကြသည့်ပုံပါပဲ။ အရမ်းကိုနီးနီးကပ်ကပ်နေကြသည့် ညီအစ်ကိုတွေမှန်းသိသာသည်။
ဒိုး ငြိမ်သက်စွာပင် ငြိမ်းအတွက် ထမင်းကိုကိုယ်တိုင်ပြင်သည်။ ကိုလင်းထည်ကို မော့်ကြည့်ရင်းပြုံးပြမိသည်။ သူကိုတော့ မကြည့်နေတော့ပါ.... ဒိုးမှမကြည့်ချင်တာကို။
ကိုယ်မစားသေးခင် ငြိမ်းကိုအရင်ကျွေးတာအကျင့်ဖြစ်နေပြီကြောင့် စားပွဲပေါ်က ဟင်းပွဲများစွာထဲမှာ ငြိမ်းကြိုက်တတ်တာကိုရွေးပြီးကျွေးနေရတာ။
ငြိမ်းက အစားတော့သိပ်မရွေးပါ.... သို့သော် ငြိမ်းမှာ ငရုတ်ကောင်းအလာ့ဂျစ်ရှိသည်။ ဟင်းထဲမှာ ငရုတ်ကောင်းပါလို့မရ။ စားပြီးရင် မျက်နှာတစ်ခုလုံးရဲပြီး အသက်ရှုကျပ်တတ်သည်။ကလေးက မပြောတတ်... ဒိုးကလဲမသိတော့ လူးလှိမ့်ပြီးငိုနေတဲ့ ငြိမ်းကိုဘာလုပ်ပေးလို့ပေးရမှန်းမသိ... ရူးတော့မတတ်ဖြစ်ခဲ့ရသေးသည်။
ရွာမှာ ဆရာဝန်ကလဲမရှိဘူးလေ...သူနာပြုတော့ရှိသည်။
အစာမှားတာဖြစ်မယ်ဟုဆိုကာ ကုပေးလို့တော်သေးတာ။
ဒါကြောင့် ဒိုးက ငြိမ်းကို ကိုယ်တိုင်ပဲအစားကျွေးတော့သည်။ ငြိမ်းတစ်ခုခုဖြစ်မှာကြောက်လို့ပါ။
YOU ARE READING
ဒိုးကလေး
Romanceနာကျင်မှုတွေဆိုတာ လူသားတိုင်းကြုံတွေ့ကြရတာပါ။ ဘယ်လိုစိတ်ခွန်အားနဲ့ဖြတ်ကျော်ခဲ့တာလဲဆိုတဲ့အရာက...အဆုံးသတ်ကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။