part(79)

34.4K 2.1K 123
                                    

Unicode

လင်းထည်က ဒိုးကိုလိုအပ်တာလုပ်ပေးပြီးတာနဲ့ လင်းရိပ်ကို အောက်ကိုခဏလိုက်ခဲ့ဆိုပြီးခေါ်တယ်။ ပေကပ်ကပ်နဲ့ ဒိုးအနားကနေ မခွာချင်ဘူး။
မရ ရအောင်ဆွဲခေါ်လာခဲ့ရတယ်။

"ဟကောင်....ဆေးလိမ်းရမယ်နော်.... လိမ်းခိုင်းလိုက်ဦး.."

"အင်း....ဒါလေးပြောဖို့ကို ဘာကိစ္စအောက်ထိခေါ်လာတာလဲ"

"မင်း....ပိုးသားကိုဘယ်လိုလုပ်မှာလဲ....တီလေးကိုရော ဘယ်လိုပြောထားလဲ"

"ပိုးသား ပြန်ရောက်နေပြီ.... လေးငါးဆယ်ရက်နေရင်ဟိုကို ပြန်ရမှာ... ပိုးသားကို ပြောထားပြီးသားပါ.... အားနာပေမဲ့မတတ်နိုင်ဘူးကွာ.... မေမေ့ကိုလဲ ငါ ဒိုးကိုလက်ထပ်ချင်တယ်လို့ ပြောလိုက်တယ်"

"တီလေးက ဘာပြောလဲ"

"ပထမတော့ အံ့သြတာပေါ့ကွာ.... ငါ နားလည်အောင်ပြောပြရတာပေါ့.... ငြိမ်းကိုဒိုးနဲ့တူတူ ပျိုးထောင်ချင်တယ်... ငြိမ်းမေမေနေရာကို ဒိုးကလွဲပြီး ဘယ်သူ့မှ မပေးနိုင်ဘူးလို့ ငါပြောလိုက်တယ်"

"အဲ့တော့.... "

"ဘာမှတော့ မပြောပါဘူး.... မျက်နှာတော့သိပ်မကောင်းဘူး.... သူ့သား gayသွားတာပျော်စရာ ကိစ္စလဲ မဟုတ်ဘူးလေကွာ.... ဒါပေမဲ့ မေမေက ဒိုးကိုချစ်တာ မင်းလဲအမြင်ပဲလေ.... ခုပဲကြည့်လေ.... မေမေကိုယ်တိုင် ဒိုးကိုချော့သွားတာပဲ.... မေမေက အဆင်ပြေပြေပဲ ခွင့်ပြုမယ်ထင်ပါတယ်"

"အေးပါ..... မင်းကို ငါ အဆင်ပြေစေချင်ပါတယ်... ပိုးသားကို ငါစကားပြောပေးဖို့လိုအပ်ရင်ပြော... ငါပြောပေးမယ်"

"အေးပါ.... တစ်ရက်တွေ့ကြမယ်လေ... "

"တစ်ခါထဲပြောထားမယ်.... ဒိုးကို ထပ်မထိနဲ့တော့.... မင်းက လွန်တယ်.... ငါဒါပဲပြောမယ်"

''မင်း....အဲ့ဒဏ်ရာကိုကြည့်လိုက်သေးလို့လား....''

မျက်ကလူးဆန်ပြာနဲ့လာမေးနေသေးတယ်။ သောက်မြင်ကကတ်ရပြန်ရော။

''ကြည့်မှ ဆေးကုလို့ရမှာပေါ့ကွ....ကြည့်တော့ဘာဖြစ်လဲ''

''မင်းကလဲကွာ.... မှန်းကြည့်လိုက်ရင်သိတာကို တကယ်ကြည့်နေသေးတယ်... ဒိုးရှက်မှာပေါ့ကွ''

ဒိုးကလေးWhere stories live. Discover now