Unicode
ဒယ်ဒီနဲ့ ဒိုး လက်ထပ်တာ တစ်နှစ်ပြည့်ပြီ။
တစ်နှစ်ပြည့်အလှူလေး ဒိုးက လုပ်ချင်တာကြောင့် ဒေါ်ရွှေတို့ရွာကိုသွားပြီးအလှူလုပ်ကြတယ်။
ထင်ရှားကျော်ကြားက ဝန်ထမ်းတွေအားလုံးကို ဒိုးရဲ့ဝင်ငွေသီးသန့်နဲ့ပဲ မုန့်ဖိုးပေးတယ်။ဒိုးမှာလဲ လစဥ်ဝင်ငွေရှိပြီလေ။
လတိုင်း ဒိုးရဲ့ ဘဏ်ကဒ်ထဲကိုရောက်လာတဲ့ငွေတွေကို ဒိုး ဘယ်တော့မှ မသုံးရဘူး။
မသုံးရဆို ဘယ်နေရာသွားသွားစားစား ဘေးကရှင်းပေးတဲ့သူကအဆင်သင့်လေ။
ငြိမ်းရဲ့ကျောင်းလခလဲ တစ်ခါသွင်းရင်သိန်းဆယ်ချီနေတာ။ ငြိမ်းကျောင်းစားရိတ်အတွက်ကို ဒေါ်ထက်ထင်လင်းက ဘယ်သူမှ မပေးခိုင်းဘူး။ သူပဲ ဒိုင်ခံရှင်းပေးတယ်။
ဆိုတော့ကာ.... ကလေးကျောင်းစားရိတ်လဲမကုန် ... ကိုယ်တိုင်အတွက်လဲ ဘာဆိုဘာမှ မကုန်ရတဲ့အတွက် ဒိုးက လှူဖို့ပဲရှိတာပေါ့။ဝန်ထမ်းတွေအတွက်မုန့်ဖိုးပေးတော့ ပျော်ကြတာပေါ့။
စက်ရုံရော ဆိုင်ရော စုစုပေါင်း ဝန်ထမ်းတစ်ရာ့ငါးဆယ်လောက်ရှိတယ်။ အားလုံးညီတူညီမျှ တစ်ယောက်မှ မကျန်ခဲ့ရအောင် ဒိုးက မုန့်ဖိုးပေးတာ။
အန်တီလဲ တစ်နှစ်တစ်ခါပေးနေကြပါပဲ။
နှစ်ပတ်လည်နေ့ဆိုရင် အန်တီက ဝန်ထမ်းတွေအတွက် ပျော်ပွဲရွှင်ပွဲလုပ်ပေးတယ်.... ခရီးစဥ်တစ်ခုစီစဥ်ပြီး ပို့ပေးတယ်။ ခရီးစဥ်အတွက်ကိုတော့ မဲနှိုက်တယ်။ ပေါက်တဲ့ဝန်ထမ်းတွေ သွားခွင့်ရ လည်ခွင့်ရ နားခွင့်ရကြတယ်။ ပြည်တွင်းခရီးစဥ်လဲ ပါသလို ပြည်ပခရီးစဥ်လဲ ပါတယ်။
အခုဆို စက်ရုံဘက် ဆိုင်ဘက်မှာ ဒိုးကို ချစ်တဲ့သူတွေ... ဒိုးကိုဂရုစိုက်ပေးကြတဲ့သူတွေ ဝိုင်းဝိုင်းလည်နေပြန်ရော။ မုန့်ဖိုးပေးရက်ရောတယ်လေ။ဒေါ်ရွှေတို့ရွာဆိုတာကလဲ.... ထင်ရှားကျော်ကြားနဲ့ရေစက်ပါ လွန်းပါတယ်။
ရွာဦးစေတီပြင်တာလဲ ထင်ရှားကျော်ကြား...
ရွာလမ်းကို ကွန်ကရစ်ခင်းပေးတာလဲ ထင်ရှားကျော်ကြား...
ရွာမှာ အိမ်ပေါက်စေ့မီးရဖို့ ကြိုးစားပေးတာလဲ ထင်ရှားကျော်ကြား...
ရွာက ကလေးတွေကို အလုပ်အကိုင်ရဖို့ဆိုလဲ ထင်ရှားကျော်ကြား....
ပညာတော်ပေမဲ့ ကျောင်းဆက်တက်ဖို့အခက်အခဲရှိတဲ့သူတွေကို ကျောင်းဆက်တက်ဖို့တာဝန်လဲ ထင်ရှားကျော်ကြား...
ရွာကဆေးပေးခန်းလေးမှာ သူနာပြုနဲ့ဆရာဝန်မြဲဖို့လဲ ထင်ရှားကျော်ကြား....
အများကြီးပါပဲ။
YOU ARE READING
ဒိုးကလေး
Romanceနာကျင်မှုတွေဆိုတာ လူသားတိုင်းကြုံတွေ့ကြရတာပါ။ ဘယ်လိုစိတ်ခွန်အားနဲ့ဖြတ်ကျော်ခဲ့တာလဲဆိုတဲ့အရာက...အဆုံးသတ်ကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။