Unicode
ပန်းခူးပြီး နာရီကြည့်မိတော့ နေ့လည်နှစ်နာရီကျော်နေပြီ။
ပန်းတွေသီရမှာမို့ ကြီးကြီးကိုနှုတ်ဆက်ကာရွာကိုမြန်မြန်သွားကြရသည်။.
.
.ရွာထဲကိုဝင်မိတာနဲ့ တရားပွဲကျင်းပမဲ့နေရာမှာ ပြင်ဆင်ပြီးကြပြီဆိုတော့ ကားကို အိမ်အထိမောင်းယူသွားလို့မရ။
ရွာထိပ်မှာ ကားကိုရပ်ခဲ့ပြီးလမ်းလျှောက်ဝင်လာရသည်။
တစ်ရွာလုံး ဝိုင်းကြည့်ကြ... နှုတ်ဆက်ကြပေါ့။ ဒိုးကိုရော သူ့ကိုရောအကဲခတ်ကြတာတစ်ရွာလုံးပါပဲ။
ငြိမ်း မပါလာလို့တဲ့လေ... ဒိုးကိုလဲ အပြစ်တင်ကြတယ်။
ပါလာတဲ့သူကလဲ ငြိမ်းနဲ့တူတော့ ဘာလဲဆိုပြီးစပ်စုချင်ကြပေမဲ့...ဒိုးကိုတော့ မမေးရဲကြတာမို့ အကဲခတ်ကြရုံသာပါပဲ။သူလဲ ဘေးကနေအသာလေးပဲကြည့်နေပါတယ်။
ဘာမှ ဝင်မပြောဘူး.... မမေးဘူး။ဒေါ်ရွှေကတော့ ဒိုးနဲ့အတူအိမ်လေးရှိရာကိုလမ်းလျှောက်လာရင်း သိချင်တာကို တိုးတိုးမေးရှာတယ်။
ဒိုးတို့သားအဖ အဆင်ပြေရဲ့လားပေါ့။
ဘယ်သောအခါမှ လူစိမ်းသူစိမ်းနဲ့ ငြိမ်းကိုမထားခဲ့တဲ့ ဒိုး... ငြိမ်းကို အမြဲသူနဲ့မခွာတဲ့ ဒိုး။
အခုတော့ ငြိမ်းမပါဘဲတစ်ယောက်ထဲလာသည်တဲ့လေ။
ငြိမ်းအကြောင်းမေးရင်း ထပ်ပြီးသိချင်တာကိုလဲ ဒေါ်ရွှေကမေးသည်။
ဘာပဲဖြစ်ဖြစ် မမကို ယုံကြည်ပေးတဲ့သူ။
ဒိုးတို့သားအဖကို စောင့်ရှောက်ခဲ့တဲ့သူ။
ဒေါ်ရွှေကိုတော့... ဒိုးအမှန်အတိုင်းပဲ ပြောပြခဲ့သည်။
သူက ငြိမ်းအဖေပါလို့ပေါ့သူကမသိသေးတာမို့ ဒေါ်ရွှေလဲသိတာကိုဖုံးကွယ်ထားပေးဖို့ပါပြောရတယ်။
ဒေါ်ရွှေက ဒီလိုချမ်းသာတဲ့အသိုင်းအဝိုင်းမှာ ငြိမ်းနဲ့ဒိုး လုံခြုံစွာရှိနေတာကြောင့် ဝမ်းသာရှာပါသည်။
အန်တီမူတို့ မဆည်းဆာတို့အကြောင်းကိုလဲပြောသေးတာ။
မသိချင်တော့ပါ...ဒိုးတို့ငွေတွေယုံကြည်စွာအပ်ခဲ့ရုံမက ဒိုးတို့ဘဝတွေပါ ယုံကြည်စွာအပ်ခဲ့သည်လေ။ နောက်ဆုံး သူတို့အရင်တွေးတာ ဒိုးတို့မောင်နှစ်မအတွက်မဟုတ်ခဲ့ဘူး။ သူတို့မိသားစုအရေးသာ ပထမဦးစားပေးဖြစ်သွားခဲ့တာပဲမဟုတ်လား။ ဒိုးတို့က အမြဲ နောက်ကလူပါပဲ။
ဒါကြောင့် ပြန်မတွေးချင်တော့... ကံအကြောင်းတရားလို့ပဲမှတ်လိုက်တော့မည်။
YOU ARE READING
ဒိုးကလေး
Romanceနာကျင်မှုတွေဆိုတာ လူသားတိုင်းကြုံတွေ့ကြရတာပါ။ ဘယ်လိုစိတ်ခွန်အားနဲ့ဖြတ်ကျော်ခဲ့တာလဲဆိုတဲ့အရာက...အဆုံးသတ်ကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။