part(37)

24.9K 2.5K 251
                                    

Unicode

ခြံထဲကို မောင်းဝင်လာတဲ့သူ့ကားကိုတွေ့တယ်။
အချိန်မှန်ပဲ... နေ့လည်စာပြန်စားတာ။

အန်တီကလဲနော်.... ခိုင်းစရာကိုနေ့လည်စာလွတ်အောင်ခိုင်းပါတော့လား။ နေ့တိုင်း သူနေ့လည်စာပြန်စားတယ်။ ကြာပြီ...နှစ်ပတ်လား သုံးပတ်လားရှိနေပြီပေါ့... တစ်ရက်မှ မပျက်ဘူး။ အခုမှ အိမ်မှာနေ့လည်စာစားတာကိုသိပ်မက်မောပြနေတာ.... ကြည့်လို့ကိုမရဘူး။ တစ်ခါလေးသနားလို့အလိုလိုက်မိရင် တစ်သက်လုံးအလိုလိုက်ရတော့မဲ့ပုံနဲ့။

တစ်ခါတစ်လေ သူ့သူငယ်ချင်းတွေက ပါလာတတ်သေးတာ။
ဒီလိုဆို ဒိုးပိုပြီး အနေခက်ရတယ်။
သူတို့ ပြောပြောနေတဲ့ ငြိမ်းက လင်းရိပ်နဲ့တူတယ်ဆိုတဲ့စ​ကားတွေကိုလဲလုံးဝနားမခံသာဘူး။

ပြီးတော့...သူနဲ့ ကိုလင်းထည် ငြိမ်းကိုချီတယ်ဆိုတာ သူ့သမီး သူ့တူမလေ။ ဘယ်လိုစိတ်နဲ့ချီတယ် ချစ်တယ်ဆိုတာ ဒိုးသိတာပေါ့။
လူစိမ်းကတော့ ချီတာပိုးတာ တကယ်မကြိုက်ဘူး။
ချစ်လို့ဆိုတာသိပေမဲ့ လက်မခံချင်ဘူး။

တစ်ခါ နှစ်ခါဆို ဒိုး မခံနိုင်တော့ဘူး။
ငြိမ်းကချစ်ဖို့ကောင်းတော့ သူ့သူငယ်ချင်းတွေလဲချစ်ကြတယ်။
လင်းရိပ်ထင်ကလေးထိန်းနေတာကိုလဲ သဘောကျနေကြသေးတာ။
ကဲသဲများပြရင် အားလုံးသဘောကျလို့တဟားဟား။
နောက်တော့ မပြောရင်ကြားကငါပဲရူးသွားမှာဆိုပြီး ပြောရ​တော့တာပေါ့။
မင်းစိတ်မချရင် မင်းလဲအနားမှာထိုင်နေပေါ့လို့ ဘုတောပြီးပြန်ပြောတယ်။
တော်တော်တရားကျဖို့ကောင်းတာပါဆို။ သူတို့ တဝေးဝေးတဟားဟား ပြောနေဆိုနေကြတဲ့အနား ကလေးချီပြီးထိုင်ပေးနေရမယ်တဲ့။ ဘာကြောင့်ပါလဲ.... ကဲ...ဝိုင်းတွေးပေးကြပါဦး။

အဲ့ကိစ္စလဲ အန်တီနဲ့ကိုလင်းထည်ကိုပြောပြီးပဲ တားခိုင်းရတယ်။
အဲ့​တော့မှ ခေါ်မလာတော့ဘူး....သူ့သူငယ်ချင်းတွေကို... ဟုတ်တယ်... ထပ်ပြီးခေါ်လာရင်လဲ ဒိုး အိမ်ပေါ်ကဆင်းတော့မလို့။
.
.
.

"ဒိုး....ထမင်းစားကြမယ်လေ...ဒီနေ့စောပြီး ပြန်လာတာ...ငြိမ်းရေ....ဒယ်ဒီနဲ့ထမင်းစားရအောင်"

ဒိုးကလေးWhere stories live. Discover now