part(75)

44.2K 2.3K 112
                                    

Warning 🍑🍑🍑🍑🍑🍓🍓🍓🍓🍓🍒🍒🍒🍒🍒🍯🍯🍯🍯🍯
အသက်မပြည့်သူများဖတ်ရှုရန်မသင့်တော်ပါ။
အရေးအသားများကိုနားလည်ပေးပါ။
ဤအခန်းမှစာသားများကို SSရိုက်ကူးခွင့်မပြုပါ။

Unicode

ရင်ခွင်ထဲမှာ ငြိမ်နေတဲ့ ဒိုး....
တစ်ခုခုကိုတွေးနေတာ မျက်နှာလေးကအရောင်အမျိုးမျိုးဖြတ်ပြေးနေတယ်။
တွေတွေငေးငေးလေးဖြစ်နေချိန်မှာ မီးခိုးဖျော့လေးနဲ့ တူတယ်လို့ထင်တယ်... ရုပ်လေးက မှုန်မှိုင်းမှိုင်းနဲ့။
ခဏပဲ ကြာတယ်.... ဒိုး မျက်နှာလေးက အပြာရောင်ခြယ်လာသလိုပဲ ခံစားရတယ်။ သူလေး...ဘာတွေတွေးနေလဲ။
နောက်ဆုံးတော့.... ပန်းသွေးရင့်ရောင်ခြယ်ထားတဲ့မျက်နှာလေးနဲ့ လင်းရိပ်ကိုမော့်ကြည့်လာတယ်။

ဒိုးရဲ့ မျက်နှာလေးမှာ.... အဖြေပါလာတာကိုသိတာကြောင့် ရင်ထဲ ဒိန်းခနဲဆောင့်ခုန်တယ်။
မကြီးမငယ်နဲ့လေ....လင်းရိပ်ထင်ဟာ ဒိုးနဲ့တွေ့မှပဲ ဒီလို ခံစားချက်မျိုးကိုခံစားဖူးတယ်။ကယ်ပြောတာ.... ရင်ခုန်တာ အချစ်ပဲ။ အရမ်းရင်ခုန်နေတာ အရမ်းချစ်မိလို့ပဲ။

ဒိုးကို ဘယ်လောက်ထိချစ်မိလဲ ကိုယ်တိုင်မသိတော့ဘူး။ အတွေ့အကြုံရှိသင့်သလောက် ရှိနေတဲ့အသက်အရွယ်ရောက်နေတာဆိုပေမဲ့... ဒိုးနဲ့တွေ့မှ ခံစားရတဲ့ ဒီခံစားချက်ကို ကြိုက်လွန်းလို့ရူးမတတ်ပဲ။ တော်သေးတာက ကိုယ့်စိတ်ကိုကိုယ်တိုင်အချိန်မှီနားလည်ခဲ့မိလို့။ ဒိုးကိုချစ်တဲ့ ကိုယ့်စိတ်ကိုကိုယ်တိုင်လက်ခံခဲ့မိလို့။ ဒိုးကိုချစ်တဲ့စိတ်နဲ့ဘာမဆိုရင်ဆိုင်မယ်လို့ဆုံးဖြတ်မိခဲ့လို့ပါပဲ။
.
.
.

လူသားနှစ်ဦးက အချစ်မှာပျော်ဝင်မိရင် ခံစားချက်က ဒီလိုပါလား။
အရမ်းကို နှစ်လိုဖွယ်ကောင်းပြီး... ရုန်းမထွက်ချင်ဘူး။
ကိုယ့်ရဲ့ရင်ခုန်သံကို ကိုယ်တိုင်ကြားနေရသလို ချစ်ရသူရဲ့ရင်ခုန်သံနွေးနွေးကိုလဲ ကြားနေရတယ်။
ဒါ အရမ်း ဆန်းကြယ်တယ်။
အချစ်က အဲ့လိုပဲ ဆန်းကြယ်တယ်။
လင်းရိပ်ဘဝမှာ ပထမဆုံးခံစားရတဲ့ ဒီခံစားချက်ကိုမေ့သွားမှာကြောက်လွန်းလို့ စက္ကန့်မလပ်လိုက်မှတ်နေမိတယ်။
ချစ်ရသူ တုန့်ပြန်လာတဲ့အချစ်။

ဒိုးကလေးWhere stories live. Discover now